ကုန်ရရှိမှုနည်းပါး၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးတွင် ကုန်တင်စက်လှေများထွက်ခွာမှုနည်း

0
204

(Unicode)

ကုန်ရရှိမှုနည်းပါး၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးတွင် ကုန်တင်စက်လှေများထွက်ခွာမှုနည်း

မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်တို့၏ နယ်စပ်ကုန် သွယ်ရေးတွင် ကုန်သွယ်မှုများပြုလုပ်လျက်ရှိရာမှ လတ်တလောတွင် ကုန်ရရှိမှုနည်းပါးနေသဖြင့် ကုန်တင်စက်လှေများထွက်ခွာမှုနည်းပါးလျက်ရှိသည်ဟု ကုန်သည်များထံမှသိရသည်။

မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လက်ရှိအချိန်တွင် ကြက်သွန်နီများအား ရေ ကြောင်းကုန်သွယ်မှုမှတဆင့်တင်ပို့လျက်ရှိရာမှကြက်သွန်နီထွက်ရှိမှုနည်းပါးလာသဖြင့် ကုန်တင်စက်လှေထွက်ရှိမှုလည်း နည်းပါးလာခြင်းဖြစ် သည်ဟု သိရသည်။

“လတ်တလောအနေအထားပေါ့ စက်လှေတွေကထက်ဝက်လောက်ကိုထွက်တာနည်းသွားတယ် ကုန်ပို့တဲ့လမ်းကြောင်းသုံးခုလုံးမှာ နည်းသွားတာ ကြက်သွန်အထွက်ကကုန်သွားပြီလေ အဓိကတင်ပို့နေတာက ကြက်သွန်နီပဲ”ဟုကုန်သည်တစ်ဦးကပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ရွှေမင်းဂံနယ်စပ်ကုန် သွယ်ရေးစခန်း၊မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှင့်တောင်ကုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတို့မှတဆင့် ပို့ကုန်သွင်းကုန်များ တင်ပို့ရောင်းချလျက်ရှိသည်။

တောင်ကုန်နယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် ကြက်သွန်နီအား အဓိကတင်ပို့ရောင်းချလျက်ရှိပြီး ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းနှင့်တောင်ကုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတို့မှတဆင့်လည်း ငါးနှင့်ရေထွက်ပစ္စည်းများအား တင်ပို့ရောင်းချလျက်ရှိသည်ဟု ကုန်သည်များထံမှ သိရသည်။

“အခုက ကြက်သွန်နီကုန်သွားတဲ့အထွက် ငါးနဲ့ရေ ထွက်ပစ္စည်းကိုပဲ အဓိကပို့နေရတော့ စက်လှေထွက်တာလည်းနည်းသွားတဲ့သဘောပေါ့ ကြက် သွန်နီပြန်ထွက်ပြီဆိုရင်တော့ အရင်အတိုင်းပြန်ဖြစ်မှာပါ”ဟုကုန်သည်တစ်ဦးကပြောသည်။

ယခင်လများက နေ့စဥ်ကုန်တင်စက်လှေ ၃-၄ စီးခန့်ထွက်ရှိပြီး လက်ရှိအချိန်တွင် ကုန်ပစ္စည်းရရှိမှုနည်းပါးနေသဖြင့် ပုံမှန်ထွက်ရှိနိုင်မှုမရှိကြောင်း ကုန်သည်များထံမှသိရသည်။

(Zawgyi)

ကုန္ရရွိမႈနည္းပါး၍ ျမန္မာ-ဘဂၤလားေဒ့ရွ္နယ္စပ္ကုန္သြယ္ေရးတြင္ ကုန္တင္စက္ေလွမ်ားထြက္ခြာမႈနည္း

ျမန္မာႏိုင္ငံႏွင့္ဘဂၤလားေဒ့ရွ္ႏိုင္တို႔၏ နယ္စပ္ကုန္ သြယ္ေရးတြင္ ကုန္သြယ္မႈမ်ားျပဳလုပ္လ်က္ရွိရာမွ လတ္တေလာတြင္ ကုန္ရရွိမႈနည္းပါးေနသျဖင့္ ကုန္တင္စက္ေလွမ်ားထြက္ခြာမႈနည္းပါးလ်က္ရွိသည္ဟု ကုန္သည္မ်ားထံမွသိရသည္။

ျမန္မာႏိုင္ငံဘက္မွ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္သို႔ လက္ရွိအခ်ိန္တြင္ ၾကက္သြန္နီမ်ားအား ေရ ေၾကာင္းကုန္သြယ္မႈမွတဆင့္တင္ပို႔လ်က္ရွိရာမွၾကက္သြန္နီထြက္ရွိမႈနည္းပါးလာသျဖင့္ ကုန္တင္စက္ေလွထြက္ရွိမႈလည္း နည္းပါးလာျခင္းျဖစ္ သည္ဟု သိရသည္။

“လတ္တေလာအေနအထားေပါ့ စက္ေလွေတြကထက္ဝက္ေလာက္ကိုထြက္တာနည္းသြားတယ္ ကုန္ပို႔တဲ့လမ္းေၾကာင္းသုံးခုလုံးမွာ နည္းသြားတာ ၾကက္သြန္အထြက္ကကုန္သြားၿပီေလ အဓိကတင္ပို႔ေနတာက ၾကက္သြန္နီပဲ”ဟုကုန္သည္တစ္ဦးကေျပာသည္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံဖက္သို႔ ေ႐ႊမင္းဂံနယ္စပ္ကုန္ သြယ္ေရးစခန္း၊ေမာင္ေတာနယ္စပ္ကုန္သြယ္ေရးစခန္းႏွင့္ေတာင္ကုတ္နယ္စပ္ကုန္သြယ္ေရးစခန္းတို႔မွတဆင့္ ပို႔ကုန္သြင္းကုန္မ်ား တင္ပို႔ေရာင္းခ်လ်က္ရွိသည္။

ေတာင္ကုန္နယ္စပ္ကုန္သြယ္ေရးစခန္းမွတဆင့္ ၾကက္သြန္နီအား အဓိကတင္ပို႔ေရာင္းခ်လ်က္ရွိၿပီး ေ႐ႊမင္းဂံနယ္စပ္ကုန္သြယ္ေရးစခန္းႏွင့္ေတာင္ကုတ္နယ္စပ္ကုန္သြယ္ေရးစခန္းတို႔မွတဆင့္လည္း ငါးႏွင့္ေရထြက္ပစၥည္းမ်ားအား တင္ပို႔ေရာင္းခ်လ်က္ရွိသည္ဟု ကုန္သည္မ်ားထံမွ သိရသည္။

“အခုက ၾကက္သြန္နီကုန္သြားတဲ့အထြက္ ငါးနဲ႔ေရ ထြက္ပစၥည္းကိုပဲ အဓိကပို႔ေနရေတာ့ စက္ေလွထြက္တာလည္းနည္းသြားတဲ့သေဘာေပါ့ ၾကက္ သြန္နီျပန္ထြက္ၿပီဆိုရင္ေတာ့ အရင္အတိုင္းျပန္ျဖစ္မွာပါ”ဟုကုန္သည္တစ္ဦးကေျပာသည္။

ယခင္လမ်ားက ေန႔စဥ္ကုန္တင္စက္ေလွ ၃-၄ စီးခန္႔ထြက္ရွိၿပီး လက္ရွိအခ်ိန္တြင္ ကုန္ပစၥည္းရရွိမႈနည္းပါးေနသျဖင့္ ပုံမွန္ထြက္ရွိႏိုင္မႈမရွိေၾကာင္း ကုန္သည္မ်ားထံမွသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here