အမေရိကန်နိုင်ငံပါဝင်သည့် ဒေသတွင်းရေတပ်တွေ့ဆုံပွဲတက်ရောက်ရန် ဗိုလ်မှူးချုပ်ကျော်ကျော်ထူးဦးဆောင်၍ စစ်ရေယာဉ်(ဆင်ဖြူရှင်)ဖြင့်ထွက်ခွာ

0
100

(Unicode)

အမေရိကန်နိုင်ငံပါဝင်သည့် ဒေသတွင်းရေတပ်တွေ့ဆုံပွဲတက်ရောက်ရန် ဗိုလ်မှူးချုပ်ကျော်ကျော်ထူးဦးဆောင်၍ စစ်ရေယာဉ်(ဆင်ဖြူရှင်)ဖြင့်ထွက်ခွာ

အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံပါဝင်သည့် အိန္ဒိယနိုင်ငံ Visakhapatnam မြို့၌ ကျင်းပမည့် ဒေသတွင်းရေတပ်များတွေ့ဆုံပွဲ (MILAN-2022)သို့တက်ရောက်ရန် ဖေဖော်ဝါရီ ၂၁ ရက်ညနေပိုင်းက ရန်ကုန်မြို့၊အမှတ်(၃)ရေ တပ်ဆိပ်ခံ တံတား(သီလဝါ)မှထွက်ခွာခဲ့ခြင်းဖြစ် သည်။

အဆိုပါ တွေ့ဆုံပွဲသို့တက်ရောက်ရန် တပ်မတော် (ရေ) ဓညဝတီရေတပ်စခန်းဌာနချုပ်၊ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ကျော်ကျော်ထူး ဦးဆောင်၍ စစ်ရေ ယာဉ်(ဆင်ဖြူရှင်)ဖြင့်ထွက်ခွာခြင်းဖြစ်ကာ အ လယ်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်ဌာနချုပ်မှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့်တာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။

ဒေသတွင်းရေတပ်များတွေ့ဆုံပွဲ (MILAN-2022) အား ဖေဖော်ဝါရီ ၂၅ ရက်မှမတ် ၄ ရက်အထိ ၈ ရက်ကြာကျင်းပမည်ဖြစ်သည်။

တွေ့ဆုံပွဲအား အိန္ဒိယ၊မြန်မာ၊ထိုင်း၊မလေးရှား၊စင်ကာပူ၊အင်ဒိုနီးရှား၊ဗီယက်နမ်၊ဘင်္ဂလားဒေ့ရှ်၊သီရိလင်္ကာ၊ဩစတြေးလျ၊အမေရိကန်၊ဗြိတိန်၊တောင်ကိုရီးယား၊ဂျပန်၊ပြင်သစ်နှင့်ဆေးရှဲလ် နိုင်ငံတို့မှ စစ်ရေယာဉ် ၂၄ စီး တက်ရောက်မည်ဖြစ်သည်။

(Zawgyi)

အေမရိကန္ႏိုင္ငံပါဝင္သည့္ ေဒသတြင္းေရတပ္ေတြ႕ဆုံပြဲတက္ေရာက္ရန္ ဗိုလ္မႉးခ်ဳပ္ေက်ာ္ေက်ာ္ထူးဦးေဆာင္၍ စစ္ေရယာဥ္(ဆင္ျဖဴရွင္)ျဖင့္ထြက္ခြာ

အေမရိကန္ႏိုင္ငံအပါအဝင္ ႏိုင္ငံေပါင္း ၁၆ ႏိုင္ငံပါဝင္သည့္ အိႏၵိယႏိုင္ငံ Visakhapatnam ၿမိဳ႕၌ က်င္းပမည့္ ေဒသတြင္းေရတပ္မ်ားေတြ႕ဆုံပြဲ (MILAN-2022)သို႔တက္ေရာက္ရန္ ေဖေဖာ္ဝါရီ ၂၁ ရက္ညေနပိုင္းက ရန္ကုန္ၿမိဳ႕၊အမွတ္(၃)ေရ တပ္ဆိပ္ခံ တံတား(သီလဝါ)မွထြက္ခြာခဲ့ျခင္းျဖစ္ သည္။

အဆိုပါ ေတြ႕ဆုံပြဲသို႔တက္ေရာက္ရန္ တပ္မေတာ္ (ေရ) ဓညဝတီေရတပ္စခန္းဌာနခ်ဳပ္၊ဌာနခ်ဳပ္မႉး ဗိုလ္မႉးခ်ဳပ္ေက်ာ္ေက်ာ္ထူး ဦးေဆာင္၍ စစ္ေရ ယာဥ္(ဆင္ျဖဴရွင္)ျဖင့္ထြက္ခြာျခင္းျဖစ္ကာ အ လယ္ပိုင္းေရတပ္ကြပ္ကဲမႈဌာနခ်ဳပ္ဌာနခ်ဳပ္မႉး ဗိုလ္ခ်ဳပ္ထိန္ဝင္းႏွင့္တာဝန္ရွိသူမ်ားက ပို႔ေဆာင္ ႏႈတ္ဆက္ခဲ့ၾကသည္။

ေဒသတြင္းေရတပ္မ်ားေတြ႕ဆုံပြဲ (MILAN-2022) အား ေဖေဖာ္ဝါရီ ၂၅ ရက္မွမတ္ ၄ ရက္အထိ ၈ ရက္ၾကာက်င္းပမည္ျဖစ္သည္။

ေတြ႕ဆုံပြဲအား အိႏၵိယ၊ျမန္မာ၊ထိုင္း၊မေလးရွား၊စင္ကာပူ၊အင္ဒိုနီးရွား၊ဗီယက္နမ္၊ဘဂၤလားေဒ့ရွ္၊သီရိလကၤာ၊ဩစေၾတးလ်၊အေမရိကန္၊ၿဗိတိန္၊ေတာင္ကိုရီးယား၊ဂ်ပန္၊ျပင္သစ္ႏွင့္ေဆးရွဲလ္ ႏိုင္ငံတို႔မွ စစ္ေရယာဥ္ ၂၄ စီး တက္ေရာက္မည္ျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here