စာရေးဆရာမောင်သာချိုနှင့်ဦးထင်လင်းဦးတို့ ထောင်ဒဏ် အသီးသီးချမှတ်ခံရ

0
263

(Unicode)

စာရေးဆရာမောင်သာချိုနှင့်ဦးထင်လင်းဦးတို့ ထောင်ဒဏ် အသီးသီးချမှတ်ခံရ

ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အင်းစိန်အကျဥ်းထောင်တွင်းတရားရုံး၌ တရားရင်ဆိုင်နေရသည့် စာရေးဆရာမောင်သာချိုနှင့်ဦးထင်လင်းဦးတို့အား ယနေ့ရုံးချိန်းတွင် အပြီးသတ်အမိန့်များချမှတ်ခဲ့သည်ဟု ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။

စာရေးဆရာမောင်သာချိုနှင့်ဦးထင်လင်းဦးတို့သည် နိုင်ငံရေးဖြစ်စဥ်များစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(က)ဖြင့် တရားရင်ဆိုင်ခဲ့ရသည်။

ထိုသို့ တရားရင်ဆိုင်ပြီးနောက် ယနေ့ရုံးချိန်းတွင် စာရေးဆရာမောင်သာချိုအား ထောင်ဒဏ် ၂ နှစ်နှင့်ဦးထင်လင်းဦးအား အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်အမိန့်များချမှတ်ခဲ့ခြင်းဖြစ်သည်။

“ဖမ်းဆီးပြီး တစ်နှစ်ကျော်ကြာတဲ့အချိန်မှာ အခုလိုအပြီးသတ်အမိန့်တွေကိုချမှတ်ခဲ့တာပါ ပုဒ်မတစ်ခုထဲကိုအမိန့်ချတဲ့နှစ်မတူတာကတော့ မသိရသေးပါဘူး”ဟုရှေ့နေတစ်ဦးကပြောသည်။

စာရေးဆရာမောင်သာချိုသည် လွန်ခဲ့သည့် ၈ နှစ်ခန့်က ဂျာနယ်တစ်စောင်တွင် ရေးသားခဲ့သည့် ကိစ္စ၊ဦးထင်လင်းဦးအား နစက ၏နိုင်ငံရေးဖြစ်စဥ်များပြီးနောက် လူမှုကွန်ယက်တွင် Live လွှင့်ပြောဆိုခဲ့သည့်ကိစ္စများနှင့်ပတ်သက်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

(Zawgyi)

စာေရးဆရာေမာင္သာခ်ိဳႏွင့္ဦးထင္လင္းဦးတို႔ ေထာင္ဒဏ္ အသီးသီးခ်မွတ္ခံရ

ဖမ္းဆီးထိန္းသိမ္းခံထားရၿပီး အင္းစိန္အက်ဥ္းေထာင္တြင္းတရား႐ုံး၌ တရားရင္ဆိုင္ေနရသည့္ စာေရးဆရာေမာင္သာခ်ိဳႏွင့္ဦးထင္လင္းဦးတို႔အား ယေန႔႐ုံးခ်ိန္းတြင္ အၿပီးသတ္အမိန္႔မ်ားခ်မွတ္ခဲ့သည္ဟု ေရွ႕ေနအသိုင္းအဝိုင္းမွ သိရသည္။

စာေရးဆရာေမာင္သာခ်ိဳႏွင့္ဦးထင္လင္းဦးတို႔သည္ ႏိုင္ငံေရးျဖစ္စဥ္မ်ားစတင္ျဖစ္ပြားခဲ့သည့္ ၂၀၂၁ ခုႏွစ္၊ေဖေဖာ္ဝါရီ ၁ ရက္မွစတင္ကာဖမ္းဆီးထိန္းသိမ္းခံခဲ့ရၿပီးေနာက္ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၅၀၅(က)ျဖင့္ တရားရင္ဆိုင္ခဲ့ရသည္။

ထိုသို႔ တရားရင္ဆိုင္ၿပီးေနာက္ ယေန႔႐ုံးခ်ိန္းတြင္ စာေရးဆရာေမာင္သာခ်ိဳအား ေထာင္ဒဏ္ ၂ ႏွစ္ႏွင့္ဦးထင္လင္းဦးအား အလုပ္ႏွင့္ေထာင္ဒဏ္ ၃ ႏွစ္အမိန္႔မ်ားခ်မွတ္ခဲ့ျခင္းျဖစ္သည္။

“ဖမ္းဆီးၿပီး တစ္ႏွစ္ေက်ာ္ၾကာတဲ့အခ်ိန္မွာ အခုလိုအၿပီးသတ္အမိန္႔ေတြကိုခ်မွတ္ခဲ့တာပါ ပုဒ္မတစ္ခုထဲကိုအမိန္႔ခ်တဲ့ႏွစ္မတူတာကေတာ့ မသိရေသးပါဘူး”ဟုေရွ႕ေနတစ္ဦးကေျပာသည္။

စာေရးဆရာေမာင္သာခ်ိဳသည္ လြန္ခဲ့သည့္ ၈ ႏွစ္ခန႔္က ဂ်ာနယ္တစ္ေစာင္တြင္ ေရးသားခဲ့သည့္ ကိစၥ၊ဦးထင္လင္းဦးအား နစက ၏ႏိုင္ငံေရးျဖစ္စဥ္မ်ားၿပီးေနာက္ လူမႈကြန္ယက္တြင္ Live လႊင့္ေျပာဆိုခဲ့သည့္ကိစၥမ်ားႏွင့္ပတ္သက္၍ ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here