မင်္ဂလာဦးဆွမ်းကပ်အလှူလေး ပြုလုပ်ခဲ့တဲ့ ဒေါက်တာစိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူ

0
368

မင်္ဂလာဦးဆွမ်းကပ်အလှူလေး ပြုလုပ်ခဲ့တဲ့ ဒေါက်တာစိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူ

 

ဒေါက်တာစိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူ ကတော့ဒီ​ေန့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ချမ်းမြေ့ရိပ်သာကျောင်းတိုက်မှာ မဂ်လာဦးဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အခုလိုပြုလုပ်ဖြစ်ပုံနဲ့ပတ်သက်ပြီး ဒေါက်တာစိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူက” ချမ်းမြေ့ရိပ်သာကျောင်းတိုက်မှာ ဧည့်သည်မပါဘဲ ၂ယောက်တည်းပဲ ရေစက်ချ တရားနာပြီး တနေ့တာဆွမ်းကပ်လှူလိုက်ပါတယ်

သံဃာတော်တွေကိုလည်းအရင်လိုဆွမ်းစားဆောင်မှာ ဘုန်းပေးတာမျိုးမဟုတ်ဘဲ ကျောင်းဆောင်တွေကို ဆွမ်းချိုင့်နဲ့ ပို့ဆွမ်းကပ်ရပါတယ်

 

ပြီးမှ နှစ်ဘက်မိသားစုဆွေမျိုးတွေအိမ်ကို မုန့်လိုက်ပို့တယ်ရုံးက လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ပါဆယ်နဲ့ပဲ မုန့်လိုက်ဝေလိုက်တယ်

မိဘတွေကိုရော ကျောင်းကဘုန်းဘုန်းတွေရော လာမယ့် ဧည့်သည်တွေရော Covid ကူးစက်တာမျိုးဖြစ်မှာ စိုးရိမ်တာကြောင့် ခုလိုလေးပဲ စီစဉ်လိုက်ရတာပါလို့ ” ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here