ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စာရင်းစစ်ဆေးမှုကို NLDနှင့် SNLD ပါတီတို့ လက်မခံ

0
151

(Unicode)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စာရင်းစစ်ဆေးမှုကို NLDနှင့် SNLD ပါတီတို့ လက်မခံ

နစကက ဖွဲ့ထားသည့် ရွေးကောက်ပွဲကော်မရှင် က နိုင်ငံရေးပါတီများ ကိုစာရင်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ NLD နှင့် SNLDတို့က သတ်မှတ်ရက်အတွင်းစစ်ဆေးမှု မခံယူကြောင်း နစက က သတင်းထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် နိုင်ငံရေးပါတီ (၄) ပါတီ၏စာရင်းများကို ၁၄-၂-၂၀၂၂ ရက် (တနင်္လာနေ့) တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း ကော်မရှင်၏ ၈-၂-၂၀၂၂ ရက်စွဲပါစာဖြင့် လည်းကောင်း၊ Email ဖြင့်လည်းကောင်း၊ နိုင်ငံပိုင်မီဒီယာများမှတဆင့် ကြေညာ၍လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ Website တွင် ဖော်ပြခြင်းဖြင့်လည်းကောင်း ဆက်သွယ်အသိပေးအကြောင်းကြားခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့သည် သတ်မှတ်ရက်တွင် စာရင်းများ စစ်ဆေးခံယူမှု မရှိကြောင်း တွေ့ရှိရပါသည်ဟု ကော်မရှင်ကပြောဆိုထားသည်။

စစ်ဆေးမှု ခံယူရန်ပျက်ကွက်ခဲ့သည့် ၎င်းပါတီ(၂)ခုကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ပုဒ်မ(၂၄)နှင့်အညီ သတ်မှတ်ကာလ ဖြစ်သော မတ်လ (၉)ရက်မတိုင်မီ လာရောက်စစ်ဆေးခံရန် လည်း သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေး ခဲ့သည်။

ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိဘဲ ပျက်ကွက်ပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၄ (ဂ)(ဃ)(င) များအရ အရေးယူခံရမည်ဖြစ်ကြောင်းကိုလည်း အသိပေးထားကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် နိုင်ငံရေးပါတီ (၉၂)ပါတီ ရှိသည့်အနက် (၇၅)ပါတီကို စစ်ဆေးမှုများဆောင်ရွက်ပြီးဖြစ်သည်ဟု လည်းသိရသည်။

(Zawgyi)

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၏ စာရင္းစစ္ေဆးမႈကို NLDႏွင့္ SNLD ပါတီတို႔ လက္မခံ

နစကက ဖြဲ႕ထားသည့္ ေ႐ြးေကာက္ပြဲေကာ္မရွင္ က ႏိုင္ငံေရးပါတီမ်ား ကိုစာရင္းစစ္ေဆးမႈမ်ား ျပဳလုပ္လ်က္ရွိရာ NLD ႏွင့္ SNLDတို႔က သတ္မွတ္ရက္အတြင္းစစ္ေဆးမႈ မခံယူေၾကာင္း နစက က သတင္းထုတ္ျပန္ခဲ့သည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သည္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ အပါအဝင္ ႏိုင္ငံေရးပါတီ (၄) ပါတီ၏စာရင္းမ်ားကို ၁၄-၂-၂၀၂၂ ရက္ (တနလၤာေန႔) တြင္ စတင္စစ္ေဆးမည္ျဖစ္ေၾကာင္း ေကာ္မရွင္၏ ၈-၂-၂၀၂၂ ရက္စြဲပါစာျဖင့္ လည္းေကာင္း၊ Email ျဖင့္လည္းေကာင္း၊ ႏိုင္ငံပိုင္မီဒီယာမ်ားမွတဆင့္ ေၾကညာ၍လည္းေကာင္း၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၏ Website တြင္ ေဖာ္ျပျခင္းျဖင့္လည္းေကာင္း ဆက္သြယ္အသိေပးအေၾကာင္းၾကားခဲ့ေသာ္လည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီႏွင့္ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္တို႔သည္ သတ္မွတ္ရက္တြင္ စာရင္းမ်ား စစ္ေဆးခံယူမႈ မရွိေၾကာင္း ေတြ႕ရွိရပါသည္ဟု ေကာ္မရွင္ကေျပာဆိုထားသည္။

စစ္ေဆးမႈ ခံယူရန္ပ်က္ကြက္ခဲ့သည့္ ၎ပါတီ(၂)ခုကို ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္း ပုဒ္မ(၂၄)ႏွင့္အညီ သတ္မွတ္ကာလ ျဖစ္ေသာ မတ္လ (၉)ရက္မတိုင္မီ လာေရာက္စစ္ေဆးခံရန္ လည္း သတင္းထုတ္ျပန္ေရးအဖြဲ႕က အသိေပး ခဲ့သည္။

ၫႊန္ၾကားခ်က္ကို လိုက္နာျခင္းမရွိဘဲ ပ်က္ကြက္ပါက ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္း ဥပေဒ ပုဒ္မ ၂၄ (ဂ)(ဃ)(င) မ်ားအရ အေရးယူခံရမည္ျဖစ္ေၾကာင္းကိုလည္း အသိေပးထားေၾကာင္း သတင္း ထုတ္ျပန္ခဲ့သည္။

လက္ရွိတြင္ ႏိုင္ငံေရးပါတီ (၉၂)ပါတီ ရွိသည့္အနက္ (၇၅)ပါတီကို စစ္ေဆးမႈမ်ားေဆာင္႐ြက္ၿပီးျဖစ္သည္ဟု လည္းသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here