Zero-COVID 19 အစီအစဉ်စတင်တော့မယ့် ဟောင်ကောင်နိုင်ငံ

0
207

(Unicode)

Zero-COVID 19 အစီအစဉ်စတင်တော့မယ့် ဟောင်ကောင်နိုင်ငံ

ဟောင်ကောင်နိုင်ငံအနေနဲ့ လာမယ့်မတ်လအတွင်းမှာ နိုင်ငံ့လူဦးရေ ၇.၅မီလီယံကို ကိုဗစ်ရောဂါစစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ပြီး လက်ရှိကူးစက်နှုန်းမြင့်မားနေတဲ့ အိုမီခရွန်မျိုးကွဲကြောင့် အခုလိုပြုလုပ်ရခြင်းဖြစ်တယ်လို့ ပြီးခဲ့တဲ့အင်္ဂါနေ့က နိုင်ငံစီမံခန့်ခွဲရေးဆိုင်ရာအကြီးအကဲ ကာရီလမ်ကပြောပါတယ်။

ယခုအစီအစဉ်အတွင်း တစ်ရက်ကိုလူဦးရေ ၁သန်းကျော်စစ်ဆေးနိုင်ဖို့ပြင်ဆင်နေကာ စုစုပေါင်း ၃ကြိမ်အထိစစ်ဆေးသွားမယ်လို့သိရပါတယ်။

ဖေဖော်ဝါရီလ ၁၅ရက်နေ့ကစလို့ ဟောင်ကောင်နိုင်ငံမှာ တစ်ရက်ကို ၅ထောင်ဝန်းကျင်ကူးစက်ခံနေရပြီး ၂၀၂၂ကစလို့ ကူးစက်ခံရသူက ၅သောင်းကျော်ရှိပြီဖြစ်ကာ သေဆုံးသူကတော့ ၁၄၅ဦးရှိပြီဖြစ်ပါတယ်။

ဟောင်ကောင်အနေနဲ့ Zero-COVID 19 နည်းဗျူဟာကိုအကောင်အထည်ဖော်ရာမှာ တစ်နိုင်ငံလုံးကို ရောဂါပိုးရှိမရှိစစ်ဆေးသွားမှာဖြစ်ပြီး ရောဂါပိုးရှိသူတွေထားရှိဖို့ကိုလည်း သီးသန့်နေရာတွေစနစ်တကျပြင်ဆင်သွားမှာဖြစ်ကာ လုပ်ငန်းသဘောအရခရီးသွားရသူတွေ၊ နိုင်ငံခြားခရီးသွားတွေကတော့ ကွာရန်တင်းဝင်ရောက်ဖို့လိုအပ်မှာဖြစ်ပါတယ်။

လက်ရှိမှာတော့အခုအစီအစဉ်အတွက် ၉၀ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး ကွာရန်တင်းဝင်ရန်၊ ရောဂါပိုးရှိသူတွေထားရှိရန်လိုအပ်တဲ့နေရာတွေကိုလည်း ပြင်ဆင်ထားရှိပြီးဖြစ်တယ်လို့သိရပါတယ်။

(Zawgyi)

Zero-COVID 19 အစီအစဥ္စတင္ေတာ့မယ့္ ေဟာင္ေကာင္ႏိုင္ငံ

ေဟာင္ေကာင္ႏိုင္ငံအေနနဲ႔ လာမယ့္မတ္လအတြင္းမွာ ႏိုင္ငံ့လူဦးေရ ၇.၅မီလီယံကို ကိုဗစ္ေရာဂါစစ္ေဆးမႈေတြျပဳလုပ္သြားမွာျဖစ္ၿပီး လက္ရွိကူးစက္ႏႈန္းျမင့္မားေနတဲ့ အိုမီခ႐ြန္မ်ိဳးကြဲေၾကာင့္ အခုလိုျပဳလုပ္ရျခင္းျဖစ္တယ္လို႔ ၿပီးခဲ့တဲ့အဂၤါေန႔က ႏိုင္ငံစီမံခန႔္ခြဲေရးဆိုင္ရာအႀကီးအကဲ ကာရီလမ္ကေျပာပါတယ္။

ယခုအစီအစဥ္အတြင္း တစ္ရက္ကိုလူဦးေရ ၁သန္းေက်ာ္စစ္ေဆးႏိုင္ဖို႔ျပင္ဆင္ေနကာ စုစုေပါင္း ၃ႀကိမ္အထိစစ္ေဆးသြားမယ္လို႔သိရပါတယ္။

ေဖေဖာ္ဝါရီလ ၁၅ရက္ေန႔ကစလို႔ ေဟာင္ေကာင္ႏိုင္ငံမွာ တစ္ရက္ကို ၅ေထာင္ဝန္းက်င္ကူးစက္ခံေနရၿပီး ၂၀၂၂ကစလို႔ ကူးစက္ခံရသူက ၅ေသာင္းေက်ာ္ရွိၿပီျဖစ္ကာ ေသဆုံးသူကေတာ့ ၁၄၅ဦးရွိၿပီျဖစ္ပါတယ္။

ေဟာင္ေကာင္အေနနဲ႔ Zero-COVID 19 နည္းဗ်ဴဟာကိုအေကာင္အထည္ေဖာ္ရာမွာ တစ္ႏိုင္ငံလုံးကို ေရာဂါပိုးရွိမရွိစစ္ေဆးသြားမွာျဖစ္ၿပီး ေရာဂါပိုးရွိသူေတြထားရွိဖို႔ကိုလည္း သီးသန႔္ေနရာေတြစနစ္တက်ျပင္ဆင္သြားမွာျဖစ္ကာ လုပ္ငန္းသေဘာအရခရီးသြားရသူေတြ၊ ႏိုင္ငံျခားခရီးသြားေတြကေတာ့ ကြာရန္တင္းဝင္ေရာက္ဖို႔လိုအပ္မွာျဖစ္ပါတယ္။

လက္ရွိမွာေတာ့အခုအစီအစဥ္အတြက္ ၉၀ရာခိုင္ႏႈန္းၿပီးစီးေနၿပီျဖစ္ၿပီး ကြာရန္တင္းဝင္ရန္၊ ေရာဂါပိုးရွိသူေတြထားရွိရန္လိုအပ္တဲ့ေနရာေတြကိုလည္း ျပင္ဆင္ထားရွိၿပီးျဖစ္တယ္လို႔သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here