ရန်ကုန်လှိုင်သာယာတွင် တစ်ရက်ထဲကိုဗစ်ကူးစက်သူ ၁၆၀ကျော်တွေ့ရှိ

0
101

(Unicode)

ရန်ကုန်လှိုင်သာယာတွင် တစ်ရက်ထဲကိုဗစ်ကူးစက်သူ ၁၆၀ကျော်တွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီ၂၁ရက်မှ ၂၂ရက်အထိ ကိုဗစ်ကူးစက်သူ (၆၉၇)ဦး တွေ့ရှိခဲ့ရာတွင် လှိုင်သာယာမြို့နယ်အတွင်းက ၁၆၂ဦး ပါခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ၂၃ရက် ညနေပိုင်း ထုတ်ပြန်ချက်က ဖော်ပြသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်တွင်လည်း ယင်းနေ့ကိုဗစ်ကူးစက်မှုက (၈၀)ဦးအထိ ရှိခဲ့ကာ တိုင်းဒေသကြီးတစ်ခုလုံးအတွင်း ကိုဗစ်ကြောင့် သေဆုံးမှု ၃ဦးရှိခဲ့သည်။

ကိုဗစ်ကြောင့် သေဆုံးမှုတို့မှာ ရန်ကင်း၊မရမ်းကုန်း၊ရွှေပြည်သာတို့တွင် ဖြစ်ခဲ့သည်ဟု ဖော်ပြချက်ကဆိုသည်။

အလားတူ နေပြည်တော်ရှိ ဇမ္ဗူသီရိ၊ဇေယျာသီရိမြို့နယ်တို့တွင်လည်း ကိုဗစ်ကူးစက်မှုက တစ်မြို့လျှင် ၁၃၀ဦးကျော်အထိ ရှိနေသည်ကိုတွေ့ရသည်။

ထို့အတူ ကချင်ပြည်နယ်မြစ်ကြီးနားတွင် ကိုဗစ်ကူးစက်မှု အရှိန်မြင့်နေပြီး ဖေဖော်ဝါရီ၂၁ရက်မှ ၂၂ရက်အထိ ကိုဗစ်ကူးစက်သူ (၁၉၇)ဦး ရှိခဲ့သည်။မြဝတီတွင်လည်း ယင်းနေ့ ကိုဗစ်ကူးစက်မှုက ၁၁၁ဦးရှိခဲ့ကာ အဆိုနေ့အတွင်း တစ်နိုင်ငံ လုံးတွင် ကိုဗစ်ကြောင့် သေဆုံးသူ ၆ဦး အထိ ရှိခဲ့သည်။

ကိုဗစ်အရေးကိစ္စကူညီဆောင်ရွက်နေသူတစ်ဦးက “အဓိကကတော့ နှာခေါင်းစည်းတပ်မယ်။လက်ဆေးမယ်။လူစုလူဝေးရှောင်မယ်။ကာကွယ်ဆေးထိုးမယ်ဆိုရင် မစိုးရိမ်ရဘူးပေါ့။အခုက သေဆုံးမှုတွေလည်း ရှိနေတော့ မပေါ့သင့်ဘူး”ဟု အကြံပြုသည်။

(Zawgyi)

ရန္ကုန္လႈိင္သာယာတြင္ တစ္ရက္ထဲကိုဗစ္ကူးစက္သူ ၁၆၀ေက်ာ္ေတြ႕ရွိ

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေဖေဖာ္ဝါရီ၂၁ရက္မွ ၂၂ရက္အထိ ကိုဗစ္ကူးစက္သူ (၆၉၇)ဦး ေတြ႕ရွိခဲ့ရာတြင္ လႈိင္သာယာၿမိဳ႕နယ္အတြင္းက ၁၆၂ဦး ပါခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ ေဖေဖာ္ဝါရီ၂၃ရက္ ညေနပိုင္း ထုတ္ျပန္ခ်က္က ေဖာ္ျပသည္။

ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္တြင္လည္း ယင္းေန႔ကိုဗစ္ကူးစက္မႈက (၈၀)ဦးအထိ ရွိခဲ့ကာ တိုင္းေဒသႀကီးတစ္ခုလုံးအတြင္း ကိုဗစ္ေၾကာင့္ ေသဆုံးမႈ ၃ဦးရွိခဲ့သည္။

ကိုဗစ္ေၾကာင့္ ေသဆုံးမႈတို႔မွာ ရန္ကင္း၊မရမ္းကုန္း၊ေ႐ႊျပည္သာတို႔တြင္ ျဖစ္ခဲ့သည္ဟု ေဖာ္ျပခ်က္ကဆိုသည္။

အလားတူ ေနျပည္ေတာ္ရွိ ဇမၺဴသီရိ၊ေဇယ်ာသီရိၿမိဳ႕နယ္တို႔တြင္လည္း ကိုဗစ္ကူးစက္မႈက တစ္ၿမိဳ႕လွ်င္ ၁၃၀ဦးေက်ာ္အထိ ရွိေနသည္ကိုေတြ႕ရသည္။

ထို႔အတူ ကခ်င္ျပည္နယ္ျမစ္ႀကီးနားတြင္ ကိုဗစ္ကူးစက္မႈ အရွိန္ျမင့္ေနၿပီး ေဖေဖာ္ဝါရီ၂၁ရက္မွ ၂၂ရက္အထိ ကိုဗစ္ကူးစက္သူ (၁၉၇)ဦး ရွိခဲ့သည္။ျမဝတီတြင္လည္း ယင္းေန႔ ကိုဗစ္ကူးစက္မႈက ၁၁၁ဦးရွိခဲ့ကာ အဆိုေန႔အတြင္း တစ္ႏိုင္ငံ လုံးတြင္ ကိုဗစ္ေၾကာင့္ ေသဆုံးသူ ၆ဦး အထိ ရွိခဲ့သည္။

ကိုဗစ္အေရးကိစၥကူညီေဆာင္႐ြက္ေနသူတစ္ဦးက “အဓိကကေတာ့ ႏွာေခါင္းစည္းတပ္မယ္။လက္ေဆးမယ္။လူစုလူေဝးေရွာင္မယ္။ကာကြယ္ေဆးထိုးမယ္ဆိုရင္ မစိုးရိမ္ရဘူးေပါ့။အခုက ေသဆုံးမႈေတြလည္း ရွိေနေတာ့ မေပါ့သင့္ဘူး”ဟု အႀကံျပဳသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here