တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်း သား၊ကျောင်းသူ ၃ သိန်းကျော်ဝင်ရောက်ဖြေဆိုမည်

0
154

(Unicode)

တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်း သား၊ကျောင်းသူ ၃ သိန်းကျော်ဝင်ရောက်ဖြေဆိုမည်

၂၀၂၂ ခုနှစ်၊မတ် ၃၁ ရက်တွင်စတင်ကျင်းပမည့် တက္ကသိုလ်ဝင်စားမေးပွဲ၌ နိုင်ငံခြားစာစစ်ဌာနများမှကျောင်းသား၊ကျောင်းသူများအပါအဝင် ၃၁၂၁၅၃ ဦးဝင်ရောက်ဖြေဆိုမည်ဟု ပညာရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

နိုင်ငံခြားစာစစ်ဌာန အခု ၂၀ အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာစစ်ဌာနပေါင်း ၁၂၅၆ ခုရှိကာ အဆိုပါ စာစစ်ဌာနများ၌ ကျောင်းသား၊ကျောင်းသူများဝင်ရောက်ဖြေဆိုမည်ဖြစ်သည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

“စာစစ်ဦးစီးဌာနက တက္ကသိုလ်ဝင်စာမေးပွဲအ တွက် အကုန်လုံးအဆင်သင့်ဖြစ်နေပါပြီ အဖြေလွှာစာအုပ်တွေကိုလည်း နယ်တွေကိုစပြီးပို့ပေးနေပါပြီ”ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်ဒေါက်တာမျိုးသန့်ကပြောသည်။

ထို့ပြင် တက္ကသိုလ်ဝင်စာမေးပွဲ၏ မေးခွန်းစာရွက်များအား တက္ကသိုလ် ၁၀ ခုမှ မတ်လအတွင်းစာစစ်ဌာနအသီးသီးသို့ဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း သိရသည်။

“ကလေးတွေကို သူတို့အတွက်အရေးကြီးတဲ့ စမေးပွဲဖြေဆိုရာမှာ စိတ်အေးလက်အေးနဲ့ဖြေစေချင်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ရပ်မိရပ်ဖတွေနဲ့တိုင်ပင်ပြီး လုံခြုံရေးကိစ္စတွေကိုအသေးစိတ် စီစဥ်ဆောင်ရွက်နေတယ် စာမေးပွဲဖြေဖို့စာစစ်ဌာနကိုရောက်လာတဲ့အချိန်ကစပြီး အိမ်ပြန်ရောက်တဲ့အချိန်အထိ ကလေးတွေကို စိုးရိမ်စိတ်ကင်းကင်းနဲ့နေစေချင်တာကြောင့်ပါ”ဟုအထက် တန်းကျောင်းအုပ်ဆရာမကြီးတစ်ဦးကပြော သည်။

(Zawgyi)

တကၠသိုလ္ဝင္စာေမးပြဲ၌ ေက်ာင္း သား၊ေက်ာင္းသူ ၃ သိန္းေက်ာ္ဝင္ေရာက္ေျဖဆိုမည္

၂၀၂၂ ခုႏွစ္၊မတ္ ၃၁ ရက္တြင္စတင္က်င္းပမည့္ တကၠသိုလ္ဝင္စားေမးပြဲ၌ ႏိုင္ငံျခားစာစစ္ဌာနမ်ားမွေက်ာင္းသား၊ေက်ာင္းသူမ်ားအပါအဝင္ ၃၁၂၁၅၃ ဦးဝင္ေရာက္ေျဖဆိုမည္ဟု ပညာေရးဝန္ႀကီးဌာန၊ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ သိရသည္။

ႏိုင္ငံျခားစာစစ္ဌာန အခု ၂၀ အပါအဝင္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ စာစစ္ဌာနေပါင္း ၁၂၅၆ ခုရွိကာ အဆိုပါ စာစစ္ဌာနမ်ား၌ ေက်ာင္းသား၊ေက်ာင္းသူမ်ားဝင္ေရာက္ေျဖဆိုမည္ျဖစ္သည္ဟု ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ သိရသည္။

“စာစစ္ဦးစီးဌာနက တကၠသိုလ္ဝင္စာေမးပြဲအ တြက္ အကုန္လုံးအဆင္သင့္ျဖစ္ေနပါၿပီ အေျဖလႊာစာအုပ္ေတြကိုလည္း နယ္ေတြကိုစၿပီးပို႔ေပးေနပါၿပီ”ဟု ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာန ၫႊန္ၾကား ေရးမႉးခ်ဳပ္ေဒါက္တာမ်ိဳးသန္႔ကေျပာသည္။

ထို႔ျပင္ တကၠသိုလ္ဝင္စာေမးပြဲ၏ ေမးခြန္းစာ႐ြက္မ်ားအား တကၠသိုလ္ ၁၀ ခုမွ မတ္လအတြင္းစာစစ္ဌာနအသီးသီးသို႔ျဖန္႔ေဝေပးသြားမည္ျဖစ္ ေၾကာင္း သိရသည္။

“ကေလးေတြကို သူတို႔အတြက္အေရးႀကီးတဲ့ စေမးပြဲေျဖဆိုရာမွာ စိတ္ေအးလက္ေအးနဲ႔ေျဖေစခ်င္လို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေတြ ရပ္မိရပ္ဖေတြနဲ႔တိုင္ပင္ၿပီး လုံၿခဳံေရးကိစၥေတြကိုအေသးစိတ္ စီစဥ္ေဆာင္႐ြက္ေနတယ္ စာေမးပြဲေျဖဖို႔စာစစ္ဌာနကိုေရာက္လာတဲ့အခ်ိန္ကစၿပီး အိမ္ျပန္ေရာက္တဲ့အခ်ိန္အထိ ကေလးေတြကို စိုးရိမ္စိတ္ကင္းကင္းနဲ႔ေနေစခ်င္တာေၾကာင့္ပါ”ဟုအထက္ တန္းေက်ာင္းအုပ္ဆရာမႀကီးတစ္ဦးကေျပာ သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here