ကော့မှူးမြို့နယ် USDPပါတီဝင်နေအိမ်ခြံဝင်းအတွင်းပေါက်ကွဲမှုဖြစ်ပွား

0
260

(Unicode)

ကော့မှူးမြို့နယ် USDPပါတီဝင်နေအိမ်ခြံဝင်းအတွင်းပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ၊မဆယ်ဆိပ်ကျေးရွာမှာနေတဲ့ကော့မှူးမြို့နယ် USDPပါတီ မြို့နယ်ကော်မတီဝင် ကိုခင်ဇော်ဆိုသူရဲ့နေအိမ်ခြံဝင်း အတွင်း မှာ ဖေဖော်ဝါရီ၂၃ရက်ညက ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

တိုင်းပါတီက“ဟုတ်တယ်။ညက ပေါက်ကွဲမှုဖြစ်တယ်။လူထိခိုက်တာတွေတော့ မရှိဘူး”လို့ ပြောပါတယ်။

ဒေသအခြေစိုက်မီဒီယာမှာတော့ ပေါက်ကွဲမှုဖြစ်ပြီးနောက် မဆယ်ဆိပ်ရွာ ဘုရားကြီးနားမှာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

ဒေသခံအချို့ရဲ့ ပြောပြချက်အရတော့ ပေါက်ကွဲမှုမှာ လူထိခိုက်မှုမရှိပေမယ့် နေအိမ်ပြတင်းပေါက်၊အုတ်နံရံတွေမှာတော့ ထိခိုက်သွားမှု အနည်းငယ်ရှိခဲ့တယ်လို့ သိရပါတယ်။

အချို့ကတော့ သူ့ကို ဒလန်လို့ စွပ်စွဲနေကြတာရှိပါတယ်။

ဒါပေမယ့် ကာယကံရှင်ဖြစ်သူ ကိုခင်ဇော်က သူ့အနေနဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ဒုက္ခရောက်ပါစေဆိုတဲ့ စိတ်အခုလည်းမရှိခဲ့သလို နောင်လည်းရှိမှာ မဟုတ်ဘူးလို့ သူ့ရဲ့ လူမှုကွန်ရက်ကနေ တဆင့် အသိပေးထားတာရှိပါတယ်။

(Zawgyi)

ေကာ့မႉးၿမိဳ႕နယ္ USDPပါတီဝင္ေနအိမ္ၿခံဝင္းအတြင္းေပါက္ကြဲမႈျဖစ္ပြား

ရန္ကုန္တိုင္း ေကာ့မႉးၿမိဳ႕နယ္ ၊မဆယ္ဆိပ္ေက်း႐ြာမွာေနတဲ့ေကာ့မႉးၿမိဳ႕နယ္ USDPပါတီ ၿမိဳ႕နယ္ေကာ္မတီဝင္ ကိုခင္ေဇာ္ဆိုသူရဲ႕ေနအိမ္ၿခံဝင္း အတြင္း မွာ ေဖေဖာ္ဝါရီ၂၃ရက္ညက ေပါက္ကြဲမႈတစ္ခုျဖစ္ခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

တိုင္းပါတီက“ဟုတ္တယ္။ညက ေပါက္ကြဲမႈျဖစ္တယ္။လူထိခိုက္တာေတြေတာ့ မရွိဘူး”လို႔ ေျပာပါတယ္။

ေဒသအေျခစိုက္မီဒီယာမွာေတာ့ ေပါက္ကြဲမႈျဖစ္ၿပီးေနာက္ မဆယ္ဆိပ္႐ြာ ဘုရားႀကီးနားမွာ အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့တယ္လို႔ ေဖာ္ျပထားတာေတြ႕ရပါတယ္။

ေဒသခံအခ်ိဳ႕ရဲ႕ ေျပာျပခ်က္အရေတာ့ ေပါက္ကြဲမႈမွာ လူထိခိုက္မႈမရွိေပမယ့္ ေနအိမ္ျပတင္းေပါက္၊အုတ္နံရံေတြမွာေတာ့ ထိခိုက္သြားမႈ အနည္းငယ္ရွိခဲ့တယ္လို႔ သိရပါတယ္။

အခ်ိဳ႕ကေတာ့ သူ႔ကို ဒလန္လို႔ စြပ္စြဲေနၾကတာရွိပါတယ္။

ဒါေပမယ့္ ကာယကံရွင္ျဖစ္သူ ကိုခင္ေဇာ္က သူ႔အေနနဲ႔ ဘယ္သူတစ္ဦးတစ္ေယာက္ကိုမွ ဒုကၡေရာက္ပါေစဆိုတဲ့ စိတ္အခုလည္းမရွိခဲ့သလို ေနာင္လည္းရွိမွာ မဟုတ္ဘူးလို႔ သူ႔ရဲ႕ လူမႈကြန္ရက္ကေန တဆင့္ အသိေပးထားတာရွိပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here