မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကျေးအဖွဲ့ဝင်တစ်ဦးသေနတ်ဖြင့်ပစ်ခတ်ခံရ

0
115

(Unicode)

မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကျေးအဖွဲ့ဝင်တစ်ဦးသေနတ်ဖြင့်ပစ်ခတ်ခံရ

ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်၊(ဌ)ရပ် ကွက်၏ ရပ်ကျေးအဖွဲ့ဝင်တစ်ဦးသည် ဖေဖော်ဝါ ရီ ၂၄ ရက်(ယနေ့)နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု ရပ်ကွက်နေသူများထံမှသိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရသည့် ရပ်ကျေးအဖွဲ့ဝင်သည် ရာအိမ်မှူးတစ်ဦးဖြစ်ကာ ရပ်ကျေးရုံးမှတဆင့် ၎င်း၏နေအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်လာစဥ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

“ဝေဘာဂီလမ်းက အုပ်ချုပ်ရေးရုံးကနေ သူ့အိမ်ကိုဆိုင်ကယ်နဲ့ပြန်လာတဲ့အချိန် သဇင် ၁ လမ်းနဲ့ ၂ လမ်းကြားမှာပစ်ခံရတာ မသေပါဘူး ဆေးရုံကိုပို့ထားပါတယ် ရှပ်ထိသွားတာ”ဟုရပ်ကျေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်နေရာအားရောက်ရှိကာ ပတ်ဝန်းကျင်အနီးတဝိုက်ရှိ လမ်း များနှင့်ဖြတ်သန်းသွားလာနေသူများအား စစ် ဆေးမှုများပြူလုပ်ခဲ့ကြသည်။

အဆိုပါ (ဌ)ရပ်ကွက် ရပ်ကျေးရုံး၌ ဖေဖော်ဝါရီ ၁၁ ရက်ကလည်း ဗုံးတစ်လုံးတွေ့ရှိခဲ့ရပြီး ပေါက် ကွဲမှုဖြစ်ပွားခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။

(Zawgyi)

ေျမာက္ဥကၠလာပၿမိဳ႕နယ္တြင္ ရပ္ေက်းအဖြဲ႕ဝင္တစ္ဦးေသနတ္ျဖင့္ပစ္ခတ္ခံရ

ရန္ကုန္ၿမိဳ႕၊ေျမာက္ဥကၠလာပၿမိဳ႕နယ္၊(ဌ)ရပ္ ကြက္၏ ရပ္ေက်းအဖြဲ႕ဝင္တစ္ဦးသည္ ေဖေဖာ္ဝါ ရီ ၂၄ ရက္(ယေန႔)နံနက္ ၁၁ နာရီ ၁၅ မိနစ္ခန္႔က ေသနတ္ျဖင့္ပစ္ခတ္ခံခဲ့ရသည္ဟု ရပ္ကြက္ေနသူမ်ားထံမွသိရသည္။

ေသနတ္ျဖင့္ပစ္ခတ္ခံရသည့္ ရပ္ေက်းအဖြဲ႕ဝင္သည္ ရာအိမ္မႉးတစ္ဦးျဖစ္ကာ ရပ္ေက်း႐ုံးမွတဆင့္ ၎၏ေနအိမ္သို႔ ဆိုင္ကယ္ျဖင့္ျပန္လာစဥ္ ပစ္ခတ္ခံခဲ့ရျခင္းျဖစ္သည္ဟု သိရသည္။

“ေဝဘာဂီလမ္းက အုပ္ခ်ဳပ္ေရး႐ုံးကေန သူ႔အိမ္ကိုဆိုင္ကယ္နဲ႔ျပန္လာတဲ့အခ်ိန္ သဇင္ ၁ လမ္းနဲ႔ ၂ လမ္းၾကားမွာပစ္ခံရတာ မေသပါဘူး ေဆး႐ုံကိုပို႔ထားပါတယ္ ရွပ္ထိသြားတာ”ဟုရပ္ေက်းအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးကေျပာသည္။

လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက အခင္းျဖစ္ေနရာအားေရာက္ရွိကာ ပတ္ဝန္းက်င္အနီးတဝိုက္ရွိ လမ္း မ်ားႏွင့္ျဖတ္သန္းသြားလာေနသူမ်ားအား စစ္ ေဆးမႈမ်ားျပဴလုပ္ခဲ့ၾကသည္။

အဆိုပါ (ဌ)ရပ္ကြက္ ရပ္ေက်း႐ုံး၌ ေဖေဖာ္ဝါရီ ၁၁ ရက္ကလည္း ဗုံးတစ္လုံးေတြ႕ရွိခဲ့ရၿပီး ေပါက္ ကြဲမႈျဖစ္ပြားခဲ့ျခင္းမရွိခဲ့ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here