ရန်ကုန် မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် လက်လုပ်ဗုံးပေါက်ကွဲ အမျိုးသားတစ်ဦးသေဆုံး

0
264

(Unicode)

ရန်ကုန် မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် လက်လုပ်ဗုံးပေါက်ကွဲ အမျိုးသားတစ်ဦးသေဆုံး

ရန်ကုန်မြို့၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ပုသိမ်ညွှန့်ရပ်ကွက်၊စက်ဘီးစက်ရုံဝင်းအတွင်းရှိ တဲတစ်လုံးအတွင်း၌ ဖေဖော်ဝါရီ ၂၄ ရက်(ယနေ့)နံနက် ၁၁ နာရီကျော်ခန့်က လက်လုပ်ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။

စက်ဘီးစက်ရုံဝင်းအတွင်းရှိ တဲတစ်လုံးအတွင်း၌ အမည်မသိအမျိုးသားတစ်ဦးသည် လက်လုပ်ဗုံးတပ်ဆင်စဥ် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါ အမျိုးသားမှာဗုံးစထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးခဲ့သည်။

လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်နေရာအား စစ်ဆေးရာ တပ်ဆင်ထားပြီးဖြစ်သည့် လက်လုပ်ဗုံးနှစ်လုံးအား ထပ်မံတွေ့ရှိခဲ့သဖြင့် သက်မဲ့ပြုလုပ်နိုင်ခဲ့ကြောင်း ရပ်ကွက်နေသူများထံမှသိရသည်။

“ပေါက်ကွဲသံတော့ကြားလိုက်တယ် သေသွားတဲ့လူကဘယ်သူမှန်းတော့မသိဘူး နာရေးကားနဲ့လာတင်သွားတာတွေ့လိုက်တယ် ပတ်ဝန်းကျင်ကဘာမှဖြစ်မသွားဘူး လန့်တော့လန့်နေကြတာပေါ့”ဟုရပ်ကွက်နေသူတစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်စဥ်ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်စက်ရုံဝင်းအတွင်း စစ်ဆေးမှုများပြုလုပ်၍ ရပ်ကွက်အတွင်း၌လည်း စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

(Zawgyi)

ရန္ကုန္ မဂၤလာေတာင္ၫႊန္႔ၿမိဳ႕နယ္တြင္ လက္လုပ္ဗုံးေပါက္ကြဲ အမ်ိဳးသားတစ္ဦးေသဆုံး

ရန္ကုန္ၿမိဳ႕၊မဂၤလာေတာင္ၫႊန္႔ၿမိဳ႕နယ္၊ပုသိမ္ၫႊန္႔ရပ္ကြက္၊စက္ဘီးစက္႐ုံဝင္းအတြင္းရွိ တဲတစ္လုံးအတြင္း၌ ေဖေဖာ္ဝါရီ ၂၄ ရက္(ယေန႔)နံနက္ ၁၁ နာရီေက်ာ္ခန္႔က လက္လုပ္ဗုံးေပါက္ကြဲခဲ့ျခင္းျဖစ္သည္ဟု ရပ္ကြက္ေနသူမ်ားထံမွ သိရသည္။

စက္ဘီးစက္႐ုံဝင္းအတြင္းရွိ တဲတစ္လုံးအတြင္း၌ အမည္မသိအမ်ိဳးသားတစ္ဦးသည္ လက္လုပ္ဗုံးတပ္ဆင္စဥ္ ေပါက္ကြဲခဲ့ျခင္းျဖစ္ၿပီး ေပါက္ကြဲမႈေၾကာင့္ အဆိုပါ အမ်ိဳးသားမွာဗုံးစထိမွန္ဒဏ္ရာမ်ားရရွိ၍ အခင္းျဖစ္ေနရာ၌ေသဆုံးခဲ့သည္။

လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက အခင္းျဖစ္ေနရာအား စစ္ေဆးရာ တပ္ဆင္ထားၿပီးျဖစ္သည့္ လက္လုပ္ဗုံးႏွစ္လုံးအား ထပ္မံေတြ႕ရွိခဲ့သျဖင့္ သက္မဲ့ျပဳလုပ္ႏိုင္ခဲ့ေၾကာင္း ရပ္ကြက္ေနသူမ်ားထံမွသိရသည္။

“ေပါက္ကြဲသံေတာ့ၾကားလိုက္တယ္ ေသသြားတဲ့လူကဘယ္သူမွန္းေတာ့မသိဘူး နာေရးကားနဲ႔လာတင္သြားတာေတြ႕လိုက္တယ္ ပတ္ဝန္းက်င္ကဘာမွျဖစ္မသြားဘူး လန္႔ေတာ့လန္႔ေနၾကတာေပါ့”ဟုရပ္ကြက္ေနသူတစ္ဦးကေျပာသည္။

ဗုံးေပါက္ကြဲမႈျဖစ္စဥ္ေၾကာင့္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက အခင္းျဖစ္စက္႐ုံဝင္းအတြင္း စစ္ေဆးမႈမ်ားျပဳလုပ္၍ ရပ္ကြက္အတြင္း၌လည္း စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here