ထားဝယ်တက္ကသိုလ်မှကျောင်းသူနှစ်ဦးအပါအ ဝင်လူငယ် ၉ ဦးနှစ်ရှည်ထောင်ဒဏ်များချမှတ်ခံရ

0
297

(Unicode)

ထားဝယ်တက္ကသိုလ်မှကျောင်းသူနှစ်ဦးအပါအ ဝင်လူငယ် ၉ ဦးနှစ်ရှည်ထောင်ဒဏ်များချမှတ်ခံရ

ထားဝယ်တက္ကသိုလ်မှကျောင်းသူနှစ်ဦးအပါအ ဝင်လူငယ် ၉ ဦးအား ၂၀၂၁ ခုနှစ်၊မတ် ၂၉ ရက်ညနေ ၄ နာရီခန့်က ထားဝယ်မြို့၊ဆင်ဆိပ်ရပ်ကွက်ရှိ ဆိုင်တစ်ဆိုင်တွင် ဖမ်းဆီးခဲ့ပြီးနောက် ထားဝယ်အကျဥ်းထောင်၌ ထိန်းသိမ်းခဲ့သည်။

အဆိုပါ လူငယ် ၉ ဦးသည် ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(က)၊ ၅၀၅(ခ) နှင့် ၅၂(က)တို့ဖြင့် တ ရားစွဲဆိုခံရပြီးနောက် ထားဝယ်အကျဥ်းထောင်တွင်းတရားရုံး၌ တရားရင်ဆိုင်ခဲ့ရသည်။

ထိုသို့ တရားရင်ဆိုင်ပြီးနောက် ဖေဖော်ဝါရီ ၂၄ ရက်တွင် ယင်းလူငယ် ၉ ဦးအားတရားစွဲဆိုထားသည့်အမှုများဖြင့် ထားဝယ်အကျဥ်းထောင်တွင်းတရားရုံးက ထောင်ဒဏ် ၉ နှစ်စီအပြီးသတ်အမိန့်များချမှတ်ခဲ့သည်ဟု ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှထုတ်ပြန်ခဲ့သည်။

ထောင်ဒဏ် ၉ နှစ်စီချမှတ်ခံရသည့် လူငယ် ၉ ဦးသည် ထားဝယ်တက္ကသိုလ် ရူပဗေဒဌာန၊ မဟာတန်းမှပထမနှစ်ကျောင်းသူမအိသန္တာ၊ အင်္ဂလိပ်စာဌာန၊ တတိယနှစ်ကျောင်းသူ မထက်ထက်ဇော်၊ကိုရဲမင်းကျော်၊ကိုကျော်ဇေယျ၊ကိုအေးစိုးပိုင်၊ကိုအောင်မျိုးဟိန်း၊ကိုအောင်မျိုးထွေး၊မစုလှိုင်နွေးနှင့် မစန်းမြတ်မြတ်ထူးတို့ဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းခံရပြီး တစ်နှစ်ခန့်အကြာ၌ အ ပြီးသတ်အမိန့်များချမှတ်ခြင်းခံခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။

အမိန့်ချမှတ်ခံရသည့် လူငယ် ၉ ဦးအနက် မစုလှိုင်နွေးတွင် သားအိမ်နှင့်ပတ်သက်သည့် ရောဂါခံစားနေရသဖြင့် ဆေးကုသမှုခံယူရန်လိုအပ်လျက်ရှိသည်ဟု သိရသည်။

(Zawgyi)

ထားဝယ္တကၠသိုလ္မွေက်ာင္းသူႏွစ္ဦးအပါအ ဝင္လူငယ္ ၉ ဦးႏွစ္ရွည္ေထာင္ဒဏ္မ်ားခ်မွတ္ခံရ

ထားဝယ္တကၠသိုလ္မွေက်ာင္းသူႏွစ္ဦးအပါအ ဝင္လူငယ္ ၉ ဦးအား ၂၀၂၁ ခုႏွစ္၊မတ္ ၂၉ ရက္ညေန ၄ နာရီခန္႔က ထားဝယ္ၿမိဳ႕၊ဆင္ဆိပ္ရပ္ကြက္ရွိ ဆိုင္တစ္ဆိုင္တြင္ ဖမ္းဆီးခဲ့ၿပီးေနာက္ ထားဝယ္အက်ဥ္းေထာင္၌ ထိန္းသိမ္းခဲ့သည္။

အဆိုပါ လူငယ္ ၉ ဦးသည္ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၅၀၅(က)၊ ၅၀၅(ခ) ႏွင့္ ၅၂(က)တို႔ျဖင့္ တ ရားစြဲဆိုခံရၿပီးေနာက္ ထားဝယ္အက်ဥ္းေထာင္တြင္းတရား႐ုံး၌ တရားရင္ဆိုင္ခဲ့ရသည္။

ထိုသို႔ တရားရင္ဆိုင္ၿပီးေနာက္ ေဖေဖာ္ဝါရီ ၂၄ ရက္တြင္ ယင္းလူငယ္ ၉ ဦးအားတရားစြဲဆိုထားသည့္အမႈမ်ားျဖင့္ ထားဝယ္အက်ဥ္းေထာင္တြင္းတရား႐ုံးက ေထာင္ဒဏ္ ၉ ႏွစ္စီအၿပီးသတ္အမိန္႔မ်ားခ်မွတ္ခဲ့သည္ဟု ထားဝယ္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢမွထုတ္ျပန္ခဲ့သည္။

ေထာင္ဒဏ္ ၉ ႏွစ္စီခ်မွတ္ခံရသည့္ လူငယ္ ၉ ဦးသည္ ထားဝယ္တကၠသိုလ္ ႐ူပေဗဒဌာန၊ မဟာတန္းမွပထမႏွစ္ေက်ာင္းသူမအိသႏၲာ၊ အဂၤလိပ္စာဌာန၊ တတိယႏွစ္ေက်ာင္းသူ မထက္ထက္ေဇာ္၊ကိုရဲမင္းေက်ာ္၊ကိုေက်ာ္ေဇယ်၊ကိုေအးစိုးပိုင္၊ကိုေအာင္မ်ိဳးဟိန္း၊ကိုေအာင္မ်ိဳးေထြး၊မစုလႈိင္ေႏြးႏွင့္ မစန္းျမတ္ျမတ္ထူးတို႔ျဖစ္သည္။

ဖမ္းဆီးထိန္းသိမ္းခံရၿပီး တစ္ႏွစ္ခန္႔အၾကာ၌ အ ၿပီးသတ္အမိန္႔မ်ားခ်မွတ္ျခင္းခံခဲ့ရျခင္းျဖစ္ ေၾကာင္း သိရသည္။

အမိန္႔ခ်မွတ္ခံရသည့္ လူငယ္ ၉ ဦးအနက္ မစုလႈိင္ေႏြးတြင္ သားအိမ္ႏွင့္ပတ္သက္သည့္ ေရာဂါခံစားေနရသျဖင့္ ေဆးကုသမႈခံယူရန္လိုအပ္လ်က္ရွိသည္ဟု သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here