သီပေါမြို့နယ်မှစစ်ဘေးရှောင်ကလေးငယ် အယောက် ၁၀၀ အတွက် အနွေးထည်များဝယ်ယူရန် ICRC မှငွေကြေးထောက်ပံ့

0
145

(Unicode)

သီပေါမြို့နယ်မှစစ်ဘေးရှောင်ကလေးငယ် အယောက် ၁၀၀ အတွက် အနွေးထည်များဝယ်ယူရန် ICRC မှငွေကြေးထောက်ပံ့

ရှမ်းပြည်နယ်၊သီပေါမြို့နယ်ရှိ ကျေးရွာ ၅ ရွာမှ စစ်ဘေးရှောင်ကလေးငယ်အယောက် ၁၀၀ အ တွက်အနွေးထည်ဝယ်ယူရန် ICRC မှငွေကြေးများထောက်ပံ့ပေးအပ်ခဲ့သည်။

သီပေါမြို့နယ်ရှိ ကျေးရွာ ၅ ရွာမှ လူဦးရေ ၃၀၀ ကျော်သည် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများကြောင့် နေအိမ်များအစွန့်ခွာကာ ဘုန်းတော်ကြီးကျောင်းတစ်ခု၌ ယာယီခိုလှုံလျက်ရှိသည်ဟု သိရသည်။

အဆိုပါ စစ်ဘေးရှောင်များအနက် ကလေးငယ်အယောက် ၁၀၀ အတွက်အနွေးထည်ဝယ်ယူရန် ICRC မှရှမ်းပြည်(မြောက်ပိုင်း)ကြက်ခြေနီ ကြီး ကြပ်မှုကော်မတီနှင့်ပူးပေါင်း၍ ငွေကြေးများထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“တချို့ဆိုအမြန်ထွက်ပြေးလာရလို့ ဖိနပ်ယူဖို့ တောင်အချိန်မရှိခဲ့ပါဘူး အထူးသဖြင့် ညအချိန်တွေမှာ ရာသီဥတုကအေးတယ်လေ ဒီအစီအစဉ်ကနေ ကလေးအယောက် ၁၀၀ ကို ပံ့ပိုးပေးနိုင်ခဲ့ပြီး က‌လေးငယ်တွေနွေးထွေးစေနိုင်မယ်လို့ မျှော် လင့်ပါတယ်”ဟု လားရှိုးမြို့မှ ICRC ဝန်ထမ်း ကိုအိုက်နောင့်ကပြောသည်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here