မန္တလေးမြို့တွင် ၂၇ ရက်သားကလေးငယ်တစ်ဦး ကိုဗစ်(၁၉)ရောဂါဖြင့်သေဆုံး

0
107

မန္တလေးမြို့တွင် ၂၇ ရက်သားကလေးငယ်တစ်ဦး ကိုဗစ်(၁၉)ရောဂါဖြင့်သေဆုံး

မန္တလေးမြို့၊ကုတင် ၅၅၀ ဆန့်ကလေးဆေးရုံကြီး ၌ တက်ရောက်နေသည့် ၂၇ ရက်သားကလေးငယ်တစ်ဦး ဖေဖော်ဝါရီ ၂၅ ရက်နံနက်ပိုင်းက ကိုဗစ် (၁၉)ရောဂါဖြင့်သေဆုံးခဲ့သည်ဟု ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

“ကလေးဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးကနေ ကျွန်တော်တို့အသင်းကိုဖုန်းဆက်အကြောင်း ကြားတဲ့အတွက် မနက် ၉ နာရီခွဲလောက်မှာ ကိုဗစ်ရောဂါနဲ့သေသွားတဲ့ ကလေးအလောင်းကိုသွားသယ်ပေးခဲ့ပါတယ် သေသွားတဲ့ကလေးက မိန်း ကလေးပါ”ဟု ပရဟိတမင်းခေါင်ရှာဖွေကယ် ဆယ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ကိုဗစ်(၁၉)ရောဂါဖြင့်သေဆုံးခဲ့သည့် ၂၇ ရက် သားကလေးငယ် မကေလဲ့လဲ့ထွန်း၏ ရုပ်အ လောင်းအား အေးရိပ်ငြိမ်သုဿန်သို့ပို့ဆောင်သဂြိုလ်ခဲ့သည်ဟု သိရသည်။

“ဆေးရုံကဖုန်းဆက်တဲ့အချိန်မှာ ကိုဗစ်နဲ့သေတာဖြစ်တဲ့အတွက် PPE ဝတ်ပြီးသွားသယ်ခဲ့ပါတယ် ချက်ခြင်းသဂြိုလ်ပေးခဲ့ပါတယ်”ဟု ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

Zaw Gyi

မႏၲေလးၿမိဳ႕တြင္ ၂၇ ရက္သားကေလးငယ္တစ္ဦး ကိုဗစ္(၁၉)ေရာဂါျဖင့္ေသဆုံး

မႏၲေလးၿမိဳ႕၊ကုတင္ ၅၅၀ ဆန္႔ကေလးေဆး႐ုံႀကီး ၌ တက္ေရာက္ေနသည့္ ၂၇ ရက္သားကေလးငယ္တစ္ဦး ေဖေဖာ္ဝါရီ ၂၅ ရက္နံနက္ပိုင္းက ကိုဗစ္ (၁၉)ေရာဂါျဖင့္ေသဆုံးခဲ့သည္ဟု ပရဟိတမင္းေခါင္ရွာေဖြကယ္ဆယ္ေရးအဖြဲ႕မွ သိရသည္။

“ကေလးေဆး႐ုံႀကီး ေဆးလူမႈဆက္ဆံေရးကေန ကြၽန္ေတာ္တို႔အသင္းကိုဖုန္းဆက္အေၾကာင္း ၾကားတဲ့အတြက္ မနက္ ၉ နာရီခြဲေလာက္မွာ ကိုဗစ္ေရာဂါနဲ႔ေသသြားတဲ့ ကေလးအေလာင္းကိုသြားသယ္ေပးခဲ့ပါတယ္ ေသသြားတဲ့ကေလးက မိန္း ကေလးပါ”ဟု ပရဟိတမင္းေခါင္ရွာေဖြကယ္ ဆယ္ေရးအဖြဲ႕မွတာဝန္ရွိသူတစ္ဦးကေျပာသည္။

ကိုဗစ္(၁၉)ေရာဂါျဖင့္ေသဆုံးခဲ့သည့္ ၂၇ ရက္ သားကေလးငယ္ မေကလဲ့လဲ့ထြန္း၏ ႐ုပ္အ ေလာင္းအား ေအးရိပ္ၿငိမ္သုႆန္သို႔ပို႔ေဆာင္သၿဂိဳလ္ခဲ့သည္ဟု သိရသည္။

“ေဆး႐ုံကဖုန္းဆက္တဲ့အခ်ိန္မွာ ကိုဗစ္နဲ႔ေသတာျဖစ္တဲ့အတြက္ PPE ဝတ္ၿပီးသြားသယ္ခဲ့ပါတယ္ ခ်က္ျခင္းသၿဂိဳလ္ေပးခဲ့ပါတယ္”ဟု ပရဟိတမင္းေခါင္ရွာေဖြကယ္ဆယ္ေရးအဖြဲ႕မွတာဝန္ရွိသူတစ္ဦးကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here