ယခုဖေဖော်ဝါရီလအတွင်း ကုမ္ပဏီ၃၀၀ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရ

0
112

ယခုဖေဖော်ဝါရီလအတွင်း ကုမ္ပဏီ၃၀၀ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရ

 

၂၀၂၂ ဖေဖော်ဝါရီ ၁ရက်ကစပြီး ဖေဖော်ဝါရီတတိယအပါတ်အထိ ကုမ္ပဏီ၃၀၀အား နှစ်စဉ်အစီရင်ခံစာတင်ပြရန် ပျက်ကွက်ခဲ့မှုများဖြင့် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်သည်ဟု နစကရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

ထိုသို့ ပယ်ဖျက်လိုက်ရာတွင် ဖေဖော်ဝါရီ၁ရက်နေ့က ကုမ္ပဏီ ၁၀၀၊ဖေဖော်ဝါရီ၄ရက်နေ့က ကုမ္ပဏီ၁၀၀၊ဖေဖော်ဝါရီ၁၅ရက်နေ့က ကုမ္ပဏီ၁၀၀ စသည်ဖြင့် သီးခြားစီခွဲကာ ကြေညာချက်ထုတ်ပယ်ဖျက်လိုက်ခြင်းဖြစ်သည်ဟု ဦးစီးဌာနကြေညာချက်တို့အရသိရသည်။

မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံလိုက်ရသည့် ကုမ္ပဏီ၃၀၀ထဲမှအများစုသည် ၂၀၁၀နောက်ပိုင်း မှတ်ပုံတင်ထားသည့် ကုမ္ပဏီများဖြစ်နေကြသည်ကိုတွေ့ရသည်။

ပြီးခဲ့သည့် ၂၀၂၂ ဇန်နဝါရီလအတွင်းက ကြေညာချက်( ၄)ခုထုတ်ပြီး ကုမ္ပဏီ ၄၀၀အား နှစ်စဉ်အစီရင်ခံစာတင်ပြရန် ပျက်ကွက်ခဲ့မှုများဖြင့် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်သေးသည်။

ဝန်ကြီးဌာနဘက်က ကုမ္ပဏီများသည် တည်ဆဲဥပဒေအရ ညွှန်ကြားထားသည့် ဆောင်ရွက်ရမည့် ကိစ္စများအား ဆောင်ရွက်ကြရမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမည်ဟု ပြောဆိုထားသည်။

Zaw Gyi

ယခုေဖေဖာ္ဝါရီလအတြင္း ကုမၸဏီ၃၀၀ မွတ္ပုံတင္စာရင္းမွ ပယ္ဖ်က္ခံရ

၂၀၂၂ ေဖေဖာ္ဝါရီ ၁ရက္ကစၿပီး ေဖေဖာ္ဝါရီတတိယအပါတ္အထိ ကုမၸဏီ၃၀၀အား ႏွစ္စဥ္အစီရင္ခံစာတင္ျပရန္ ပ်က္ကြက္ခဲ့မႈမ်ားျဖင့္ မွတ္ပုံတင္စာရင္းမွ ပယ္ဖ်က္လိုက္သည္ဟု နစကရင္းႏွီးျမႇပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ရင္းႏွီးျမႇပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနမွသိရသည္။

ထိုသို႔ ပယ္ဖ်က္လိုက္ရာတြင္ ေဖေဖာ္ဝါရီ၁ရက္ေန႔က ကုမၸဏီ ၁၀၀၊ေဖေဖာ္ဝါရီ၄ရက္ေန႔က ကုမၸဏီ၁၀၀၊ေဖေဖာ္ဝါရီ၁၅ရက္ေန႔က ကုမၸဏီ၁၀၀ စသည္ျဖင့္ သီးျခားစီခြဲကာ ေၾကညာခ်က္ထုတ္ပယ္ဖ်က္လိုက္ျခင္းျဖစ္သည္ဟု ဦးစီးဌာနေၾကညာခ်က္တို႔အရသိရသည္။

မွတ္ပုံတင္စာရင္းမွ ပယ္ဖ်က္ခံလိုက္ရသည့္ ကုမၸဏီ၃၀၀ထဲမွအမ်ားစုသည္ ၂၀၁၀ေနာက္ပိုင္း မွတ္ပုံတင္ထားသည့္ ကုမၸဏီမ်ားျဖစ္ေနၾကသည္ကိုေတြ႕ရသည္။

ၿပီးခဲ့သည့္ ၂၀၂၂ ဇန္နဝါရီလအတြင္းက ေၾကညာခ်က္( ၄)ခုထုတ္ၿပီး ကုမၸဏီ ၄၀၀အား ႏွစ္စဥ္အစီရင္ခံစာတင္ျပရန္ ပ်က္ကြက္ခဲ့မႈမ်ားျဖင့္ မွတ္ပုံတင္စာရင္းမွ ပယ္ဖ်က္လိုက္ေသးသည္။

ဝန္ႀကီးဌာနဘက္က ကုမၸဏီမ်ားသည္ တည္ဆဲဥပေဒအရ ၫႊန္ၾကားထားသည့္ ေဆာင္႐ြက္ရမည့္ ကိစၥမ်ားအား ေဆာင္႐ြက္ၾကရမည္ျဖစ္ၿပီး လိုက္နာမႈမရွိပါက ဥပေဒအရ အေရးယူခံရမည္ဟု ေျပာဆိုထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here