ထိုင်းနိုင်ငံ ဖန်ငါးခရိုင်၌ ဖမ်းဆီးခံခဲ့ရသည့် မြန်မာ နိုင်ငံသားများအနက် ၆ ဦးတွင် ကိုဗစ်(၁၉)ရောဂါ ပိုးတွေ့ရှိ

0
341

ထိုင်းနိုင်ငံ ဖန်ငါးခရိုင်၌ ဖမ်းဆီးခံခဲ့ရသည့် မြန်မာ နိုင်ငံသားများအနက် ၆ ဦးတွင် ကိုဗစ်(၁၉)ရောဂါ ပိုးတွေ့ရှိ

ထိုင်းနိုင်ငံသို့ တရားမဝင်နယ်စပ်လမ်းကြောင်းမှတဆင့်ဝင်ရောက်၍ ဖန်ငါးခရိုင်တွင် ဖေဖော်ဝါရီ ၂၅ ရက်ကဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသား ၁၆ ဦးအနက် ၆ ဦးတွင် ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိခဲ့ရသည်ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သ မားများအရေးဆောင် ရွက်ပေးနေသူများထံမှ သိရသည်။

အဆိုပါ တရားမဝင်ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၁၆ ဦးအား ဖန်ငါးခရိုင်၊တကွာပါမြို့တွင် တကွာပါရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တကွာပါမြို့ Petchkasem Sai Takuapa – Thai Muang လမ်း၌စစ်ဆေးမှုပြုလုပ်စဥ် ကားတစ်စီးအားတားဆီးစစ်ဆေးရာမှာ မြန်မာနိုင်ငံသား အ မျိုးသား ၈ ဦး၊အမျိုးသမီး ၈ ဦး(စုစုပေါင်း ၁၆ ဦး)နှင့်ကားမောင်းသူ ထိုင်းနိုင်ငံသား ၂ ဦးတို့အားဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

 

“ထိုင်းရဲတွေရဲ့ စစ်ဆေးချက်အရပြန်သိရတာက ထိုင်းကနေတဆင့် သူတို့က မလေးရှားနိုင်ငံကိုဆက်သွားပြီးအလုပ်လုပ်ဖို့ထွက်လာတဲ့လူတွေလို့ သိရတယ်”ဟုထိုင်းနိုင်ငံရောက် မြန်မာအလုပ်သ မားများအရေးဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသား ၁၆ ဦးအား ထိုင်းကျန်းမာရေးအဖွဲ့က ကိုဗစ်(၁၉)ရောဂါပိုးရှိ၊မရှိ စစ်ဆေးရာ ၆ ဦးတွင် ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် ထိုင်းကျန်းမာရေးအဖွဲ့မှ ကိုဗစ်(၁၉) ရောဂါပိုးတွေ့ရှိသူ ၆ ဦးအား သီးသန့်ခွဲ၍ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်ကုသမှုများပြု လုပ်ပေးလျက်ရှိသည်။

ထို့ပြင် ဖမ်းဆီးရမိခဲ့သူ ၁၆ ဦးနှင့်ခေါ်ဆောင်လာသည့် ထိုင်းနိုင်ငံသားကားမောင်းသူ ၂ ဦးတို့အား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် တကွာပါရဲစ ခန်း၌ ဖမ်းဆီးထိန်းသိမ်းထားရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here