ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယတို့နှင့် ကုန်သွယ်မှု လျှော့ကျလာ

0
185

ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယတို့နှင့် ကုန်သွယ်မှု လျှော့ကျလာ

 

မြန်မာ-ဘင်္ဂလားဒေ့ရှ်၊မြန်မာ-အိန္ဒိယတို့၏ ပြီးခဲ့သည့် ၄လခွဲကျော်ကြာ နယ်စပ်ကုန်သွယ်မှုအခြေအနေမှာ ယခင်ကာလတူကထက် အမေရိကန်ဒေါ်လာသန်း၁၂၀နီးပါး လျှော့ကျသွားသည်ဟု နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ကိန်းဂဏန်းများကဖော်ပြသည်။

၁-၁၀-၂၀၂၁မှ ၁၈-၂-၂၀၂၂ အထိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် စစ်တွေ၊မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်း ၂ခု၏ ကုန်သွယ်မှုရငွေမှာ အမေရိကန်ဒေါ်လာအနေဖြင့် ပို့ကုန်ပိုင်းတွင် ၁၆.၆၆၇သန်း၊သွင်းကုန်ပိုင်းတွင် ဝ.၀၇၆သန်း စုစုပေါင်းကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၆.၇၄၃သန်း ရှိခဲ့သည်။

ယခင်ကာလတူ (၁-၁၀-၂၀၂၀ မှ ၁၈-၂-၂၀၂၁ အထိ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး၏ ကုန်သွယ်မှုမှာ ပို့ကုန်အနေဖြင့် အမေရိကန်ဒေါ်လာ ၆.၉၅၇သန်း၊သွင်းကုန်အနေဖြင့် ၁၂.၅၉၉သန်း၊ကုန်သွယ်မှုစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ၁၉.၅၅၆သန်း ရှိ၍ ယခုနှစ် ၄လခွဲကြာကုန်သွယ်မှုနှင့် နှိုင်းယှဉ်လျှင် ယခင်ထက် အမေရိကန်ဒေါ်လာ ၃သန်းနီးပါးလျှော့ကျသွားသည်။

ရခိုင်နယ်စပ်ကုန်သည်တစ်ဦးက “အဓိကကတော့ အိန္ဒိယနဲ့ ဈေးကွက် ပြိုင်နေရတာကြောင့် ဒီဘက်ကုန်သွယ်မှုက လျှော့သွားတာ။ရာသီဥတုပိုင်းမှာ နည်းနည်းဆိုးတာကြောင့်လည်းပါပါတယ်။နောက်ပြီး ကြက်သွန်က ဘင်္ဂလားဒေ့ရှ်မှာလည်း ပေါ်နေတယ်။ဒါတွေစုသွားတာပေါ့”ဟု မှတ်ချက်ပြုသည်။

အလားတူ မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သော တမူး၊ရိဒ်ကုန်သွယ်မှုမှာ ယခု၄လခွဲတာကာလအတွင်း ပို့ကုန်ပိုင်းအနေဖြင့် အမေရိကန်ဒေါ်လာ ၄.၅၅၈သန်း၊သွင်းကုန်အနေဖြင့် အမေရိကန်ဒေါ်လာဝ.၉၅၅သန်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅.၅၁၃သန်း၊ယခင်ကာလတူက ပို့ကုန် အမေရိကန်ဒေါ်လာ ၁၂၀.၀၃၃သန်း၊သွင်းကုန် အမေရိကန်ဒေါ်လာဝ.၆၃၄သန်း၊ကုန်သွယ်မှုစုစုပေါင်း အမေရိကန်ဒေါ်လာ၁၂၀.၆၆၇သန်းဖြစ်၍ ကုန်သွယ်မှုသန်း၁၀၀ကျော် လျှော့သွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here