ဂျာမနီက မြန်မာ့အရေး အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို UN နှင့်အတူ ထောက်ခံဟုဆို

0
114

ဂျာမနီက မြန်မာ့အရေး အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို UN နှင့်အတူ ထောက်ခံဟုဆို

ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock နှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ်ဖြစ်သူ Prak Sokhonn တို့ယခုရက်အတွင်းတွေ့ဆုံပြီး မြန်မာ့အရေးအဖြေရှာဆွေးနွေးခဲ့သည်။

ယခုနှစ်တွင် အာဆီယံအဖွဲ့၏ ဥက္ကဌတာဝန်ကို ယူထားသည့်ကမ္ဘောဒီးယားနိုင်ငံနှင့် ၂၀၂၂ ခုနှစ်အတွက် G7 ၏ ဥက္ကဌနေရာကို တာဝန်ယူထားသော ဂျာမနီတို့သည် နိုင်ငံပေါင်းစုံပါဝင်မှုနှင့် စည်းမျဉ်းအခြေပြုပုံစံစနစ်တို့အတွက် အာဆီယံနှင့်အတူ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု တွေ့ဆုံဆွေးနွေးပွဲကဆိုသည်။

နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး၏ စကားဝိုင်းတွင် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု၊အပြင်မြန်မာနိုင်ငံ အခြေအနေတို့ကို ပါ အဓိကထား ဆွေးနွေးခဲ့ကြသည်။

ဂျာမနီသံရုံးက ဂျာမဏီသည် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို UN နှင့်အတူ ထောက်ခံပြီး အချက်ငါးချက် သဘောတူညီမှုကို အခြေခံ၍ နိုင်ငံရေးအရ အဖြေရှာရန်တိုက်တွန်းခဲ့သည်ဟု ပြောဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်အဖြစ် ခန့်အပ်ထားပြီး ရှေ့လာမည့်မတ်လထဲတွင် မြန်မာနိုင်ငံသို့လာရောက်ရန်ရှိနေသည်။

zaw gyi

ဂ်ာမနီက ျမန္မာ့အေရး အာဆီယံ၏ ႀကိဳးပမ္းအားထုတ္မႈမ်ားကို UN ႏွင့္အတူ ေထာက္ခံဟုဆို

ဂ်ာမနီႏိုင္ငံျခားေရးဝန္ႀကီး Annalena Baerbock ႏွင့္ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ ဒုတိယဝန္ႀကီးခ်ဳပ္ျဖစ္သူ Prak Sokhonn တို႔ယခုရက္အတြင္းေတြ႕ဆုံၿပီး ျမန္မာ့အေရးအေျဖရွာေဆြးေႏြးခဲ့သည္။

ယခုႏွစ္တြင္ အာဆီယံအဖြဲ႕၏ ဥကၠဌတာဝန္ကို ယူထားသည့္ကေမာၻဒီးယားႏိုင္ငံႏွင့္ ၂၀၂၂ ခုႏွစ္အတြက္ G7 ၏ ဥကၠဌေနရာကို တာဝန္ယူထားေသာ ဂ်ာမနီတို႔သည္ ႏိုင္ငံေပါင္းစုံပါဝင္မႈႏွင့္ စည္းမ်ဥ္းအေျချပဳပုံစံစနစ္တို႔အတြက္ အာဆီယံႏွင့္အတူ နီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္သြားမည္ဟု ေတြ႕ဆုံေဆြးေႏြးပြဲကဆိုသည္။

ႏိုင္ငံျခားေရးဝန္ႀကီးႏွစ္ဦး၏ စကားဝိုင္းတြင္ အာဆီယံႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈ၊အျပင္ျမန္မာႏိုင္ငံ အေျခအေနတို႔ကို ပါ အဓိကထား ေဆြးေႏြးခဲ့ၾကသည္။

ဂ်ာမနီသံ႐ုံးက ဂ်ာမဏီသည္ အာဆီယံ၏ ႀကိဳးပမ္းအားထုတ္မႈမ်ားကို UN ႏွင့္အတူ ေထာက္ခံၿပီး အခ်က္ငါးခ်က္ သေဘာတူညီမႈကို အေျခခံ၍ ႏိုင္ငံေရးအရ အေျဖရွာရန္တိုက္တြန္းခဲ့သည္ဟု ေျပာဆိုသည္။

ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn ကို ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံ အထူးသံတမန္အျဖစ္ ခန႔္အပ္ထားၿပီး ေရွ႕လာမည့္မတ္လထဲတြင္ ျမန္မာႏိုင္ငံသို႔လာေရာက္ရန္ရွိေနသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here