ယာဉ်စီးခပိုမိုကောက်ခံသည့် YBS ခရီးသည်တင်ယာဉ်အစီးရေ၅၀၀ကျော် အရေးယူခံထားရ

0
175

ယာဉ်စီးခပိုမိုကောက်ခံသည့် YBS ခရီးသည်တင်ယာဉ်အစီးရေ၅၀၀ကျော် အရေးယူခံထားရ

သတ်မှတ်ထားသည့် ယာဉ်စီးခထက်ပိုမိုးကောက်ခံသည့် YBS ခရီးသည်တင်ယာဉ်အစီးရေ၅၂၄စီးကို အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိ ကသယ်ယူပို့ဆောင်ရေး ကြီးကြပ် မှုကော်မတီ (YRTC) က ပြောသည်။

YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် ယာဉ်အချို့ ယာဉ်စီးခတိုးမြှင့်ကောက်ခံနေကြောင်း တိုင်ကြားမှုများနှင့်အတူ စိစစ်မှုများကြောင့် ယင်းကဲ့သို့ အရေးယူခြင်းဖြစ်ကာ အရေးယူမှုများနှင့် တိုင်ကြားမှုများအား ပြီးခဲ့သည့် ၂၀၂၁ နိုဝင်ဘာလကစပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အရေးယူမှုအနေဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှစ၍ ဖေဖော်ဝါရီ ၂၆ရက်အထိ YBS ခရီးသည်တင်ယာဉ်အစီးရေ ၅၂၄ စီးကို ထိရောက်သည့် အရေးယူမှုများဆောင်ရွက်ခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိ ကသယ်ယူပို့ဆောင်ရေး ကြီးကြပ် မှုကော်မတီ (YRTC) က ပြောသည်။

“အခုလတ်တလော ခရီးသွားပြည်သူတွေပြောနေကြတဲ့ YBS ခရီးသည်တင် ယာဉ်လိုင်းတွေမှာ ပုံသေယာဉ်စီးခ တိုးမြှင့်ကောက်ခံဖို့ အစီအစဉ် မရှိပါဘူး။ တရားဝင်ခွင့်ပြုထားတာလည်း မရှိပါဘူး။အရင် ကတည်းက ငါးရာ၊ တစ်ထောင် ကောက်တဲ့ယာဉ်တွေကို အရေးယူဆောင်ရွက်တာတွေ ရှိပါတယ်။ CNG သုံးလပိတ်တာတို့၊ ခြောက်လ ပိတ်တာတို့၊ တစ်နှစ်ပိတ်တာတို့၊ လုပ်ငန်းလိုင်စင်တစ်နှစ် ပိတ်တာ တို့ အရေးယူဆောင်ရွက်တာတွေ ရှိပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

Zaw Gyi

ယာဥ္စီးခပိုမိုေကာက္ခံသည့္ YBS ခရီးသည္တင္ယာဥ္အစီးေရ၅၀၀ေက်ာ္ အေရးယူခံထားရ

သတ္မွတ္ထားသည့္ ယာဥ္စီးခထက္ပိုမိုးေကာက္ခံသည့္ YBS ခရီးသည္တင္ယာဥ္အစီးေရ၅၂၄စီးကို အေရးယူထားေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိ ကသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ မႈေကာ္မတီ (YRTC) က ေျပာသည္။

YBS ခရီးသည္တင္ယာဥ္လိုင္းမ်ားတြင္ ယာဥ္အခ်ိဳ႕ ယာဥ္စီးခတိုးျမႇင့္ေကာက္ခံေနေၾကာင္း တိုင္ၾကားမႈမ်ားႏွင့္အတူ စိစစ္မႈမ်ားေၾကာင့္ ယင္းကဲ့သို႔ အေရးယူျခင္းျဖစ္ကာ အေရးယူမႈမ်ားႏွင့္ တိုင္ၾကားမႈမ်ားအား ၿပီးခဲ့သည့္ ၂၀၂၁ ႏိုဝင္ဘာလကစၿပီး ေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္။

အေရးယူမႈအေနျဖင့္ ၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာလမွစ၍ ေဖေဖာ္ဝါရီ ၂၆ရက္အထိ YBS ခရီးသည္တင္ယာဥ္အစီးေရ ၅၂၄ စီးကို ထိေရာက္သည့္ အေရးယူမႈမ်ားေဆာင္႐ြက္ခဲ့သည္ဟု ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိ ကသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ မႈေကာ္မတီ (YRTC) က ေျပာသည္။

“အခုလတ္တေလာ ခရီးသြားျပည္သူေတြေျပာေနၾကတဲ့ YBS ခရီးသည္တင္ ယာဥ္လိုင္းေတြမွာ ပုံေသယာဥ္စီးခ တိုးျမႇင့္ေကာက္ခံဖို႔ အစီအစဥ္ မရွိပါဘူး။ တရားဝင္ခြင့္ျပဳထားတာလည္း မရွိပါဘူး။အရင္ ကတည္းက ငါးရာ၊ တစ္ေထာင္ ေကာက္တဲ့ယာဥ္ေတြကို အေရးယူေဆာင္႐ြက္တာေတြ ရွိပါတယ္။ CNG သုံးလပိတ္တာတို႔၊ ေျခာက္လ ပိတ္တာတို႔၊ တစ္ႏွစ္ပိတ္တာတို႔၊ လုပ္ငန္းလိုင္စင္တစ္ႏွစ္ ပိတ္တာ တို႔ အေရးယူေဆာင္႐ြက္တာေတြ ရွိပါတယ္”ဟု ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူ ပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ (YRTC)မွ တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မန္က ေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here