ဘုတလင်မြို့အဝင်တွင် ခရီးသည်တင်ကားနှင့်ကုန်တင်ကားမျက်နှာချင်းဆိုင်တိုက် နှစ်ဦးသေ ဆုံး

0
177

ဘုတလင်မြို့အဝင်တွင် ခရီးသည်တင်ကားနှင့်ကုန်တင်ကားမျက်နှာချင်းဆိုင်တိုက် နှစ်ဦးသေ ဆုံး

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့အဝင်တွင် ဖေဖော်ဝါ ရီ ၂၇ ရက်(ယနေ့)နံနက် ၁၀ နာရီခွဲခန့်က ခရီး သည်တင်ကားနှင့်ကုန်တင်ကား မျက်နှာချင်းဆိုင်တိုက်မိခဲ့သည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-မုံရွာမြို့ မှသိရသည်။

မုံရွာ-ဘုတလင်သွားကားလမ်း၏ ဘုတင်လင်မြို့အဝင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသားနှစ်ဦးမှာအခင်းဖြစ်နေရာ၌ သေဆုံးခဲ့သည်ဟု သိရသည်။

အလားတူ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတို့တွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဘုတလင်မြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

အခင်းဖြစ်စဥ်အား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-မုံရွာမြို့မှ အဖွဲ့ဝင်များ၊ဘုတလင်မြို့မီးသတ်တပ်ဖွဲ့ဝင်များ၊ဘုတလင်မြို့အခြေစိုက်လူမှုကူညီရေးအသင်းများနှင့်ပတ်ဝန်းကျင်နေသူများ ဝိုင်းဝန်းကူညီပေးခဲ့ကြသည်။

သေဆုံးသူနှစ်ဦးအနက် မုံရွာမြို့နေသူ၏ ရုပ်အ လောင်းအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအ ဖွဲ့-မုံရွာမြို့မှ နေအိမ်သို့ပို့ဆောင်ပေးခဲ့ကြသည်။

Zaw Gyi

ဘုတလင္ၿမိဳ႕အဝင္တြင္ ခရီးသည္တင္ကားႏွင့္ကုန္တင္ကားမ်က္ႏွာခ်င္းဆိုင္တိုက္ ႏွစ္ဦးေသ ဆုံး

စစ္ကိုင္းတိုင္း၊ဘုတလင္ၿမိဳ႕အဝင္တြင္ ေဖေဖာ္ဝါ ရီ ၂၇ ရက္(ယေန႔)နံနက္ ၁၀ နာရီခြဲခန္႔က ခရီး သည္တင္ကားႏွင့္ကုန္တင္ကား မ်က္ႏွာခ်င္းဆိုင္တိုက္မိခဲ့သည္ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕-မုံ႐ြာၿမိဳ႕ မွသိရသည္။

မုံ႐ြာ-ဘုတလင္သြားကားလမ္း၏ ဘုတင္လင္ၿမိဳ႕အဝင္၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး အမ်ိဳးသားႏွစ္ဦးမွာအခင္းျဖစ္ေနရာ၌ ေသဆုံးခဲ့သည္ဟု သိရသည္။

အလားတူ အမ်ိဳးသားတစ္ဦးႏွင့္အမ်ိဳးသမီးတို႔တြင္လည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ဘုတလင္ၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ေဆးကုသရန္ပို႔ေဆာင္ေပးခဲ့သည္ဟု သိရသည္။

အခင္းျဖစ္စဥ္အား ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕-မုံ႐ြာၿမိဳ႕မွ အဖြဲ႕ဝင္မ်ား၊ဘုတလင္ၿမိဳ႕မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ဘုတလင္ၿမိဳ႕အေျခစိုက္လူမႈကူညီေရးအသင္းမ်ားႏွင့္ပတ္ဝန္းက်င္ေနသူမ်ား ဝိုင္းဝန္းကူညီေပးခဲ့ၾကသည္။

ေသဆုံးသူႏွစ္ဦးအနက္ မုံ႐ြာၿမိဳ႕ေနသူ၏ ႐ုပ္အ ေလာင္းအား ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအ ဖြဲ႕-မုံ႐ြာၿမိဳ႕မွ ေနအိမ္သို႔ပို႔ေဆာင္ေပးခဲ့ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here