စစ်ကိုင်းတိုင်းအတွင်း ဖမ်းဆီးခံခဲ့ရသည့် ဆီသင်္ဘောများနှင့်ဝန်ထမ်းများအား ပြန်လည်ကယ်ထုတ်ရရှိ

0
184

စစ်ကိုင်းတိုင်းအတွင်း ဖမ်းဆီးခံခဲ့ရသည့် ဆီသင်္ဘောများနှင့်ဝန်ထမ်းများအား ပြန်လည်ကယ်ထုတ်ရရှိ

စစ်ကိုင်းတိုင်း၊ချင်းတွင်းနှင့်ဧရာဝတီမြစ်ဆုံအနီးရှိ မြင်းခြံနယ်မြေအတွင်း၌ ဖေဖော်ဝါရီ ၂၅ ရက်မွန်းလွဲ ၂ နာရီခန့်က အမည်မသိလက်နက်ကိုင်အဖွဲ့များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ဆီသင်္ဘော ၅ စီးနှင့်ဝန်ထမ်းများအား လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည်ကယ်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ရက်နေ့က ရန်ကုန် သီလဝါဆိပ်ကမ်း မှနေ၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ရန်ကုန်မှ ညောင်တုန်း၊ညောင်တုန်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ထွက်ခွာလာသည့် ဒီဇယ်များတင်ဆောင်လာသော ဝင်းစိန်-၇ သင်္ဘော၊ ဧရာသရဖူ တွဲရေယာဉ်တို့သည် ဖေဖော်ဝါရီ ၂၅ရက် နေ့လည်ပိုင်းတွင် ချင်းတွင်းနှင့်ဧရာဝတီမြစ်ဆုံအနီး မြင်းခြံနယ်မြေအရောက်တွင်သုဘောဂနဒီ၊ဇွဲ-၇၊ဇွဲမာန်ခန့် စုစုပေါင်း တွဲရေယာဉ်များနှင့်အတူ ယာဉ်ပေါ်ပါ အယောက်(၅၀)ကျော်တို့သည် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

နောက်တစ်ရက် ဖေဖော်ဝါရီ ၂၆ရက် အရောက်တွင် ဝင်းစိန်သင်္ဘောပေါ်မှ ယာဉ်ပိုင်ရှင်က သက်ဆိုင်ရာသို့ အဆက်အသွယ်ပြုလုပ်ပြီးနောက် များမကြာမီအချိန်တွင် အဆိုပါ ယာဉ်ပိုင်ရှင်နှင့်သင်္ဘောသားအချို့သည် စက်လှေဖြင့် ထွက်ပြေးလွတ်မြောက်လာခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်အတွင်း သင်္ဘောသားများပါလာသည့် လက်ကိုင်ဖုန်း၊ငွေသားနှင့် အဝတ်အစားများယူဆောင်ခြင်းခံခဲ့ရသည်ဟု သက်ဆိုင်ရာမှသိရသည်။

အဆိုပါ ဖြစ်စဥ်အား နစက ၏လုံခြုံရေးအဖွဲဝင်များ နယ်မြေခံလုံခြုံရေးအဖွဲဝင်များနှင့်ပူးပေါင်းကာ ရှင်းလင်းရေးဆောင်ရွက်ခဲ့ကြသဖြင့် အမည်မသိလက်နက်ကိုင်အဖွဲ့မှဖမ်းဆီးထားသည့် ဆီသင်္ဘောများနှင့်ဝန်ထမ်းများအား ပြန်လည်ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။

Zaw Gyi

စစ္ကိုင္းတိုင္းအတြင္း ဖမ္းဆီးခံခဲ့ရသည့္ ဆီသေဘၤာမ်ားႏွင့္ဝန္ထမ္းမ်ားအား ျပန္လည္ကယ္ထုတ္ရရွိ

စစ္ကိုင္းတိုင္း၊ခ်င္းတြင္းႏွင့္ဧရာဝတီျမစ္ဆုံအနီးရွိ ျမင္းၿခံနယ္ေျမအတြင္း၌ ေဖေဖာ္ဝါရီ ၂၅ ရက္မြန္းလြဲ ၂ နာရီခန္႔က အမည္မသိလက္နက္ကိုင္အဖြဲ႕မ်ား၏ ဖမ္းဆီးျခင္းခံခဲ့ရသည့္ ဆီသေဘၤာ ၅ စီးႏွင့္ဝန္ထမ္းမ်ားအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ျပန္လည္ကယ္ထုတ္ႏိုင္ခဲ့သည္ဟု သိရသည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၁၄ရက္ေန႔က ရန္ကုန္ သီလဝါဆိပ္ကမ္း မွေန၍ ဧရာဝတီျမစ္ေၾကာင္းအတိုင္း ရန္ကုန္မွ ေညာင္တုန္း၊ေညာင္တုန္းမွ ဧရာဝတီျမစ္ေၾကာင္းအတိုင္း ထြက္ခြာလာသည့္ ဒီဇယ္မ်ားတင္ေဆာင္လာေသာ ဝင္းစိန္-၇ သေဘၤာ၊ ဧရာသရဖူ တြဲေရယာဥ္တို႔သည္ ေဖေဖာ္ဝါရီ ၂၅ရက္ ေန႔လည္ပိုင္းတြင္ ခ်င္းတြင္းႏွင့္ဧရာဝတီျမစ္ဆုံအနီး ျမင္းၿခံနယ္ေျမအေရာက္တြင္သုေဘာဂနဒီ၊ဇြဲ-၇၊ဇြဲမာန္ခန႔္ စုစုေပါင္း တြဲေရယာဥ္မ်ားႏွင့္အတူ ယာဥ္ေပၚပါ အေယာက္(၅၀)ေက်ာ္တို႔သည္ လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ၏ ဖမ္းဆီးျခင္းကို ခံခဲ့ရသည္။

ေနာက္တစ္ရက္ ေဖေဖာ္ဝါရီ ၂၆ရက္ အေရာက္တြင္ ဝင္းစိန္သေဘၤာေပၚမွ ယာဥ္ပိုင္ရွင္က သက္ဆိုင္ရာသို႔ အဆက္အသြယ္ျပဳလုပ္ၿပီးေနာက္ မ်ားမၾကာမီအခ်ိန္တြင္ အဆိုပါ ယာဥ္ပိုင္ရွင္ႏွင့္သေဘၤာသားအခ်ိဳ႕သည္ စက္ေလွျဖင့္ ထြက္ေျပးလြတ္ေျမာက္လာခဲ့သည္ဟု သိရသည္။

ျဖစ္စဥ္အတြင္း သေဘၤာသားမ်ားပါလာသည့္ လက္ကိုင္ဖုန္း၊ေငြသားႏွင့္ အဝတ္အစားမ်ားယူေဆာင္ျခင္းခံခဲ့ရသည္ဟု သက္ဆိုင္ရာမွသိရသည္။

အဆိုပါ ျဖစ္စဥ္အား နစက ၏လုံၿခဳံေရးအဖြဲဝင္မ်ား နယ္ေျမခံလုံၿခဳံေရးအဖြဲဝင္မ်ားႏွင့္ပူးေပါင္းကာ ရွင္းလင္းေရးေဆာင္႐ြက္ခဲ့ၾကသျဖင့္ အမည္မသိလက္နက္ကိုင္အဖြဲ႕မွဖမ္းဆီးထားသည့္ ဆီသေဘၤာမ်ားႏွင့္ဝန္ထမ္းမ်ားအား ျပန္လည္ကယ္တင္ႏိုင္ခဲ့သည္ဟု သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here