ရန်ကုန် တာမွေမြို့နယ်တွင် Level 2 အဆင့်မီးလောင်မှုဖြစ်ပွား

0
344

(Unicode)

ရန်ကုန် တာမွေမြို့နယ်တွင် Level 2 အဆင့်မီးလောင်မှုဖြစ်ပွား

ရန်ကုန်မြို့၊တာမွေမြို့နယ်၊မာန်အောင်ရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက လူနေအိမ်တစ်လုံး Level 2 အဆင့်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင် ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

နံနက် ၉ နာရီ ၁၂ မိနစ်က မာန်အောင်ရပ်ကွက်၊ ရတနာလမ်း၊ Super One ကုန်တိုက်အနီး၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ မီးငြိမ်းသတ်ယာဥ်နှင့်တပ်ဖွဲ့ဝင်များ၊ တာမွေမြို့နယ်မီးသတ်တပ်ဖွဲ့မှမီးငြိမ်းသတ်ယာဥ်များနှင့်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူမှုကူညီရေးအသင်း (တာမွေ)မှအဖွဲ့ဝင်များနှင့်ပတ်ဝန်းကျင်နေသူများက Level 1 အဆင့်ဖြင့်ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရသည်။

ထိုသို့ ငြိမ်းသတ်ခဲ့သော်လည်း မီးအားပြင်း၍ နံ နက် ၉ နာရီ ၁၉ မိနစ်၌ Level 2 အဆင့်မီးသတ်ယာဥ်အုပ်စုဖြင့် ထပ်မံငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ငြိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၉ နာရီ ၂၆ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး နံနက် ၉ နာရီ ၃၂ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“လူနေအိမ်တစ်လုံးလောင်တာပါ ဘေးအိမ်တွေကိုကူးစက်မှုမရှိခဲ့သလို ထိခိုက်ဒဏ်ရာရတာလည်း မရှိပါဘူး အိမ်ကတော့ပျက်စီးသွားတယ် တစ်အိမ်ထဲဆိုပေမယ့် Level 2 အဆင့်ဖြစ်သွားတယ် မီးစလောင်တဲ့အကြောင်းရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကတော့ မီးသတ်ကစစ်ဆေးနေပါတယ်”ဟု မီးလောင်ပြင်သို့ရောက်ရှိကူညီပေးခဲ့သည့် မြန်မာ နိုင်ငံလူမှုကူညီရေးအသင်း(တာမွေ)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

(Zawgyi)

ရန္ကုန္ တာေမြၿမိဳ႕နယ္တြင္ Level 2 အဆင့္မီးေလာင္မႈျဖစ္ပြား

ရန္ကုန္ၿမိဳ႕၊တာေမြၿမိဳ႕နယ္၊မာန္ေအာင္ရပ္ကြက္တြင္ ယေန႔နံနက္ပိုင္းက လူေနအိမ္တစ္လုံး Level 2 အဆင့္မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္မွ သိရသည္။

နံနက္ ၉ နာရီ ၁၂ မိနစ္က မာန္ေအာင္ရပ္ကြက္၊ ရတနာလမ္း၊ Super One ကုန္တိုက္အနီး၌ မီးေလာင္မႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

မီးေလာင္မႈအား ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္မွ မီးၿငိမ္းသတ္ယာဥ္ႏွင့္တပ္ဖြဲ႕ဝင္မ်ား၊ တာေမြၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕မွမီးၿငိမ္းသတ္ယာဥ္မ်ားႏွင့္တပ္ဖြဲ႕ဝင္မ်ား၊ ျမန္မာႏိုင္ငံလူမႈကူညီေရးအသင္း (တာေမြ)မွအဖြဲ႕ဝင္မ်ားႏွင့္ပတ္ဝန္းက်င္ေနသူမ်ားက Level 1 အဆင့္ျဖင့္ဝိုင္းဝန္းၿငိမ္းသတ္ခဲ့ရသည္။

ထိုသို႔ ၿငိမ္းသတ္ခဲ့ေသာ္လည္း မီးအားျပင္း၍ နံ နက္ ၉ နာရီ ၁၉ မိနစ္၌ Level 2 အဆင့္မီးသတ္ယာဥ္အုပ္စုျဖင့္ ထပ္မံၿငိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

ထိုသို႔ ၿငိမ္းသတ္ခဲ့ၾကသျဖင့္ နံနက္ ၉ နာရီ ၂၆ မိနစ္၌ မီးထိန္းႏိုင္ခဲ့ၿပီး နံနက္ ၉ နာရီ ၃၂ မိနစ္၌ မီးၿငိမ္းသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္မွ သိရသည္။

“လူေနအိမ္တစ္လုံးေလာင္တာပါ ေဘးအိမ္ေတြကိုကူးစက္မႈမရွိခဲ့သလို ထိခိုက္ဒဏ္ရာရတာလည္း မရွိပါဘူး အိမ္ကေတာ့ပ်က္စီးသြားတယ္ တစ္အိမ္ထဲဆိုေပမယ့္ Level 2 အဆင့္ျဖစ္သြားတယ္ မီးစေလာင္တဲ့အေၾကာင္းရင္းနဲ႔ ဆုံးရႈံးမႈတန္ဖိုးကေတာ့ မီးသတ္ကစစ္ေဆးေနပါတယ္”ဟု မီးေလာင္ျပင္သို႔ေရာက္ရွိကူညီေပးခဲ့သည့္ ျမန္မာ ႏိုင္ငံလူမႈကူညီေရးအသင္း(တာေမြ)မွတာဝန္ရွိသူတစ္ဦးကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here