ကိုဗစ်ပျောက်ကင်းသွားပြီဖြစ်၍ သူရဦးတင်ဦးဆေးရုံမှ ဆင်းပြီ

0
236

(Unicode)

ကိုဗစ်ပျောက်ကင်းသွားပြီဖြစ်၍ သူရဦးတင်ဦးဆေးရုံမှ ဆင်းပြီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ နာယကကြီး သူရဦးတင်ဦးသည် ကိုဗစ်ပျောက်ကင်းသက်သာလာ၍ဆေးရုံမှဆင်းပြီဟု ပါတီနှင့် နီးစပ်သူတို့၏ ပြောပြချက်အရသိရသည်။

အသက်၉ဝကျော်အရွယ်ရှိ သူရဦးတင်ဦးသည် ကိုဗစ်-၁၉ ကူးဆက်ခံရ၍ ရန်ကုန်ပြည်သူ့ဆေးရုံသစ် (စိန့်ဂျွန်း)သို့ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ကတက်ရောက်ကုသနေရသူဖြစ်သည်။

ယနေ့ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့တွင် ရောဂါအရှင်းပျောက်ပြီဖြစ်၍ ဆေးရုံမှ ဆင်းခဲ့ခြင်းဖြစ်သည်။

ယခုအခါ နာယကကြီးသူရဦးတင်ဦးသည် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗောဓိရိပ်သာလမ်းရှိ နေအိမ်သို့ပြန်လည်ရောက်ရှိပြီဟု သိရှိရသည်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here