ရှမ်းပြည် သီပေါမြို့ရှိ KBZ ဘဏ်ခွဲဓားပြတိုက်ခံရမှုဖြစ်ပွား ကျပ်သိန်းတစ်ထောင်ကျော်ပါသွားဟု ကနဦးသိရ

0
132

(Unicode)

ရှမ်းပြည် သီပေါမြို့ရှိ KBZ ဘဏ်ခွဲဓားပြတိုက်ခံရမှုဖြစ်ပွား ကျပ်သိန်းတစ်ထောင်ကျော်ပါသွားဟု ကနဦးသိရ

ရှမ်းပြည်(မြောက်ပိုင်း)၊သီပေါမြို့ရှိ KBZ ဘဏ်ခွဲတွင် ယနေ့နေ့လည် ၃ နာရီခန့်က ဓားပြတိုက်မှုဖြစ် ပွားခဲ့သဖြင့် ငွေကျပ်သိန်းတစ်ထောင်ကျော်ခန့်ပါ သွားသည်ဟု ဒေသခံများထံမှ ကနဦးသိရသည်။

အခင်းဖြစ်ပွားမှုတွင် လက်နက်များကိုင်ဆောင်ထားသည့် အမည်မသိ အမျိုးသားသုံးဦးက ဘဏ်အတွင်းသို့ဝင်ရောက်လာကာ သေနတ်ပြခြိမ်းခြောက်၍ ငွေများအားလုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

“ပါသွားတာက သိန်းတစ်ထောင်ကျော်လောက်ရှိတယ်လို့ သိထားရတယ် မျက်နှာဖုံးတွေစွတ်ထားတဲ့အတွက် ဘယ်သူဘယ်ဝါဆိုတာမသိရသေးဘူး အသေးစိတ်စစ်ဆေးချက်တွေတော့လုပ်နေတယ်” ဟုလုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြော သည်။

သီပေါမြို့ KBZ ဘဏ်ခွဲအား သေနတ်ပြခြိမ်း ခြောက်၍ ငွေများလုယက်ယူဆောင်ခဲ့သူသုံးဦးသည် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

အခင်းဖြစ်ဘဏ်ခွဲအား လုံခြုံရေးအဖွဲ့ဝင်များစစ်ဆေးမှုများပြုလုပ်ကာ CCTV မှတ်တမ်းဖြင့်တိုက်ဆိုင်စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

(Zawgyi)

ရွမ္းျပည္ သီေပါၿမိဳ႕ရွိ KBZ ဘဏ္ခြဲဓားျပတိုက္ခံရမႈျဖစ္ပြား က်ပ္သိန္းတစ္ေထာင္ေက်ာ္ပါသြားဟု ကနဦးသိရ

ရွမ္းျပည္(ေျမာက္ပိုင္း)၊သီေပါၿမိဳ႕ရွိ KBZ ဘဏ္ခြဲတြင္ ယေန႔ေန႔လည္ ၃ နာရီခန္႔က ဓားျပတိုက္မႈျဖစ္ ပြားခဲ့သျဖင့္ ေငြက်ပ္သိန္းတစ္ေထာင္ေက်ာ္ခန္႔ပါ သြားသည္ဟု ေဒသခံမ်ားထံမွ ကနဦးသိရသည္။

အခင္းျဖစ္ပြားမႈတြင္ လက္နက္မ်ားကိုင္ေဆာင္ထားသည့္ အမည္မသိ အမ်ိဳးသားသုံးဦးက ဘဏ္အတြင္းသို႔ဝင္ေရာက္လာကာ ေသနတ္ျပၿခိမ္းေျခာက္၍ ေငြမ်ားအားလုယက္ယူေဆာင္သြားခဲ့ျခင္းျဖစ္သည္ဟု ေဒသခံမ်ားထံမွ သိရသည္။

“ပါသြားတာက သိန္းတစ္ေထာင္ေက်ာ္ေလာက္ရွိတယ္လို႔ သိထားရတယ္ မ်က္ႏွာဖုံးေတြစြတ္ထားတဲ့အတြက္ ဘယ္သူဘယ္ဝါဆိုတာမသိရေသးဘူး အေသးစိတ္စစ္ေဆးခ်က္ေတြေတာ့လုပ္ေနတယ္” ဟုလုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးကေျပာ သည္။

သီေပါၿမိဳ႕ KBZ ဘဏ္ခြဲအား ေသနတ္ျပၿခိမ္း ေျခာက္၍ ေငြမ်ားလုယက္ယူေဆာင္ခဲ့သူသုံးဦးသည္ ထြက္ေျပးတိမ္းေရွာင္လ်က္ရွိေၾကာင္း သိရသည္။

အခင္းျဖစ္ဘဏ္ခြဲအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားစစ္ေဆးမႈမ်ားျပဳလုပ္ကာ CCTV မွတ္တမ္းျဖင့္တိုက္ဆိုင္စစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here