မုံရွာမြို့နယ်ရှိ ဆီဆိုင်တစ်ဆိုင်အနီးထောင်ထားသည့် လက်လုပ်ရီမုဗုံးများအား ရှင်းလင်းနိုင်ခဲ့

0
269

(Unicode)

မုံရွာမြို့နယ်ရှိ ဆီဆိုင်တစ်ဆိုင်အနီးထောင်ထားသည့် လက်လုပ်ရီမုဗုံးများအား ရှင်းလင်းနိုင်ခဲ့

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်အနီး၌ လက်လုပ်ရီမုဗုံးများအား နစက ၏ လုံခြုံရေးအဖွဲ့ဝင်များက ဖယ်ရှားလင်းလင်းနိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မုံရွာမြို့နယ်ရှိ ခင်မွန်ကျေးရွာနှင့်အောင်ချမ်းသာကျေးရွာကြားရှိ စက်သုံးဆီဆိုင်တစ်ခုအနီးတွင် လက်လုပ်ရီမုဗုံး ၃ လုံးထောင်ထားခြင်းအား ဖေ ဖော်ဝါရီ ၂၈ ရက်နံနက် ၁၁ နာရီခွဲခန့်၌ ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်။

“ဆီဆိုင်နားမှာထောင်ထားတာ အချိန်မီရှင်းလင်းနိုင်ခဲ့ပါတယ် ပေါက်ကွဲမှုသာဖြစ်သွားမယ်ဆိုရင် ဆီဆိုင်နားဖြစ်နေတဲ့အတွက် ထပ်ဖြစ်လာမယ့်အကျိုးဆက်ကအတော်ဆိုးမှာပဲ”ဟုဒေသခံတစ်ဦးကပြောသည်။

စက်သုံးဆီအရောင်းဆိုင်အနီး၌ လက်လုပ်ဗုံးများတွေ့ရှိကြောင်း ဒေသခံအချို့၏ သတင်းပေးမှုကြောင့် နယ်မြေခံလုံခြုံရေးအဖွဲ့ဝင်များက လာရောက်၍ လက်လုပ်ရီမုဗုံး ၃ လုံးအားသက်မဲ့ပြု လုပ်ခဲ့ကြောင်း သိရသည်။

PVC ပိုက်၊ကီးပတ်ဖုန်း၊ဝါယာကြိုးတို့ဖြင့် ပြုလုပ်ထားသည့် လက်လုပ်ရီမုမိုင်း ၃ လုံးဖြစ်ကြောင်း သိရသည်။

(Zawgyi)








LEAVE A REPLY

Please enter your comment!
Please enter your name here