ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုမြင့်သိန်းနိုင် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ

0
241

(Unicode)

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုမြင့်သိန်းနိုင် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ

ဒဂုံတက္ကသိုလ်တွင် ပထဝီဝင်ဘာသာဌာန၏ ပထ မနှစ်ကျောင်းသားတစ်ဦးဖြစ်သည့် ကိုမြင့်သိန်းနိုင်အား အင်းစိန်အကျဥ်းထောင်တွင်းတရားရုံးမှ ဖေဖော်ဝါရီ ၂၈ ရက်(ယနေ့)တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သိရသည်။

ကိုမြင့်သိန်းနိုင်သည် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ကာ ရာဇသတ်ကြီးပုဒ်မ-၅၀၅(က)ဖြင့် တရားစွဲဆိုခံခဲ့ရပြီးနောက် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်အမိန့်ချမှတ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။

နစက ၏လုံခြုံရေးအဖွဲ့ဝင်များက ကိုမြင့်သိန်းနိုင်အပါအဝင် ဒဂုံတက္ကသိုလ်၌တက်ရောက်ပညာ သင်ကြားနေကြသည့် ကျောင်းသား၊ကျောင်းသူ ၆ ဦးအား ၂၀၂၁ ခုနှစ်၊စက်တင်ဘာ ၁၄ ရက်က ကျောက်တံတားမြို့နယ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။

ထိုသို့ ဖမ်းဆီးခံရသူ ၆ ဦးအနက် ကိုစည်သူအောင်တင်အား ၂၀၂၁ခုနှစ်၊နိုဝင်ဘာ ၃ ရက်တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ – ခ(ဃ)၊ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က)တို့ဖြင့် အင်းစိန်အကျဥ်းထောင်တွင်းတရားရုံးက ထောင်ဒဏ် ၁၀ နှစ်အမိန့်ချမှတ်ထားခဲ့သည်။

အလားတူ အင်းစိန်အကျဥ်းထောင်တွင်းတရားရုံးမှ ဖမ်းဆီးခံရသူများအနက်တစ်ဦးဖြစ်သည့် မသဉ္ဇာဇော်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄-ခ (က)ဖြင့် ၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၈ ရက်၌ထောင် ဒဏ် ၁၀ နှစ်၊ဒီဇင်ဘာ ၈ ရက်၌ ရာဇသတ်ကြီးဥပ ဒေပုဒ်မ-၅၀၅(က)ဖြင့် ထောင်ဒဏ် ၃ နှစ်(စုစု ပေါင်း ၁၃ နှစ်)အမိန့်ချမှတ်ခဲ့ပြီးဖြစ်သည်။

ယင်းသို့ အမိန့်များချမှတ်ပြီးနောက် ယနေ့တွင်လည်း ဖမ်းဆီးခံရသူများအနက် တစ်ဦးဖြစ်သည့် ကိုမြင့်သိန်းနိုင်အား ထပ်မံအမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သိရသည်။

ဖမ်းဆီးခံရသည့် ကျောင်းသား၊ကျောင်းသူ ၆ ဦးအနက် ၃ ဦးကိုသာအမိန့်များချမှတ်ထားခဲ့ပြီး ကျန်ရှိသည့် မဝတ်ရည်အောင်၊ကိုရဲလင်းဦးနှင့်ကိုနေထက်လင်းတို့ကိုမူ အမိန့်ချမှတ်ခြင်းမရှိသေးကြောင်း သိရသည်။

(Zawgyi)

ဒဂုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢအဖြဲ႕ဝင္ ကိုျမင့္သိန္းႏိုင္ အလုပ္ႏွင့္ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္ခံရ

ဒဂုံတကၠသိုလ္တြင္ ပထဝီဝင္ဘာသာဌာန၏ ပထ မႏွစ္ေက်ာင္းသားတစ္ဦးျဖစ္သည့္ ကိုျမင့္သိန္းႏိုင္အား အင္းစိန္အက်ဥ္းေထာင္တြင္းတရား႐ုံးမွ ေဖေဖာ္ဝါရီ ၂၈ ရက္(ယေန႔)တြင္ အမိန္႔ခ်မွတ္ခဲ့ျခင္းျဖစ္သည္ဟု ဒဂုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢမွ သိရသည္။

ကိုျမင့္သိန္းႏိုင္သည္ ဒဂုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္ကာ ရာဇသတ္ႀကီးပုဒ္မ-၅၀၅(က)ျဖင့္ တရားစြဲဆိုခံခဲ့ရၿပီးေနာက္ အလုပ္ႏွင့္ေထာင္ဒဏ္ ၃ ႏွစ္အမိန္႔ခ်မွတ္ျခင္းခံခဲ့ရျခင္းျဖစ္သည္။

နစက ၏လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ကိုျမင့္သိန္းႏိုင္အပါအဝင္ ဒဂုံတကၠသိုလ္၌တက္ေရာက္ပညာ သင္ၾကားေနၾကသည့္ ေက်ာင္းသား၊ေက်ာင္းသူ ၆ ဦးအား ၂၀၂၁ ခုႏွစ္၊စက္တင္ဘာ ၁၄ ရက္က ေက်ာက္တံတားၿမိဳ႕နယ္၌ ဖမ္းဆီးခဲ့ျခင္းျဖစ္ သည္။

ထိုသို႔ ဖမ္းဆီးခံရသူ ၆ ဦးအနက္ ကိုစည္သူေအာင္တင္အား ၂၀၂၁ခုႏွစ္၊ႏိုဝင္ဘာ ၃ ရက္တြင္ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၁၂၄ – ခ(ဃ)၊ရာဇသတ္ႀကီးဥပေဒပုဒ္မ- ၅၀၅(က)တို႔ျဖင့္ အင္းစိန္အက်ဥ္းေထာင္တြင္းတရား႐ုံးက ေထာင္ဒဏ္ ၁၀ ႏွစ္အမိန္႔ခ်မွတ္ထားခဲ့သည္။

အလားတူ အင္းစိန္အက်ဥ္းေထာင္တြင္းတရား႐ုံးမွ ဖမ္းဆီးခံရသူမ်ားအနက္တစ္ဦးျဖစ္သည့္ မသၪၨာေဇာ္အား ရာဇသတ္ႀကီးဥပေဒပုဒ္မ ၁၂၄-ခ (က)ျဖင့္ ၂၀၂၁ ခုႏွစ္၊ႏိုဝင္ဘာ ၈ ရက္၌ေထာင္ ဒဏ္ ၁၀ ႏွစ္၊ဒီဇင္ဘာ ၈ ရက္၌ ရာဇသတ္ႀကီးဥပ ေဒပုဒ္မ-၅၀၅(က)ျဖင့္ ေထာင္ဒဏ္ ၃ ႏွစ္(စုစု ေပါင္း ၁၃ ႏွစ္)အမိန္႔ခ်မွတ္ခဲ့ၿပီးျဖစ္သည္။

ယင္းသို႔ အမိန္႔မ်ားခ်မွတ္ၿပီးေနာက္ ယေန႔တြင္လည္း ဖမ္းဆီးခံရသူမ်ားအနက္ တစ္ဦးျဖစ္သည့္ ကိုျမင့္သိန္းႏိုင္အား ထပ္မံအမိန္႔ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း ဒဂုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢမွ သိရသည္။

ဖမ္းဆီးခံရသည့္ ေက်ာင္းသား၊ေက်ာင္းသူ ၆ ဦးအနက္ ၃ ဦးကိုသာအမိန္႔မ်ားခ်မွတ္ထားခဲ့ၿပီး က်န္ရွိသည့္ မဝတ္ရည္ေအာင္၊ကိုရဲလင္းဦးႏွင့္ကိုေနထက္လင္းတို႔ကိုမူ အမိန္႔ခ်မွတ္ျခင္းမရွိေသးေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here