ရန်ကုန်တိုင်းတွင် ယနေ့တစ်နေ့တည်းဖြင့် မီး လောင်မှု ၈ ကြိမ်ဖြစ်ပွားခဲ့ ဖြစ်စဥ်များတွင် Level မြင့်မီးလောင်မှု ၃ ကြိမ်ရှိ

0
481

ရန်ကုန်တိုင်းတွင် ယနေ့တစ်နေ့တည်းဖြင့် မီး လောင်မှု ၈ ကြိမ်ဖြစ်ပွားခဲ့ ဖြစ်စဥ်များတွင် Level မြင့်မီးလောင်မှု ၃ ကြိမ်ရှိ

ရန်ကုန်တိုင်းအတွင်း၌ ဖေဖော်ဝါရီ ၂၈ ရက်(ယ နေ့)တစ်နေ့တည်းဖြင့် မီးလောင်မှု ၈ ကြိမ်ဖြစ်ပွားခဲ့ပြီး Level မြင့်မီးလောင်မှု ၃ ကြိမ်ရှိခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ဖြစ်စဥ်များတွင် မင်္ဂလာဒုံမြို့နယ်၊ပျဥ်းမပင်ကျေး ရွာအနီးတွင် နံနက် ၈ နာရီ ၅၅ မိနစ်ခန့်က တော မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မင်္ဂလာဒုံမြို့နယ်မီး သတ်စခန်းတပ်ဖွဲ့ဝင်များက ငြိမ်းသတ်ခဲ့သဖြင့် နံနက် ၉ နာရီ ၁၅ မိနစ်၌မီးငြိမ်းသွားခဲ့သည်။

ထို့ပြင် နံနက် ၉ နာရီ ၁၂ မိနစ်တွင် တာမွေမြို့နယ်၊မာန်အောင်ရပ်ကွက်၊စက်ဝန်း(၃)လမ်းရှိ Super One ကုန်တိုက်အနီးတွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် Level 2 အဆင့်ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၉ နာရီ ၂၆ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး နံနက် ၉ နာရီ ၃၂ မိနစ်၌မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အလားတူ လှိုင်သာယာမြို့နယ်၊စက်မှုဇုန်ပိုင်း(၄)၊မြဝတီမင်းကြီးလမ်းတွင်လည်း နံနက် ၉ နာရီ ၅၄ မိနစ်ခန့်၌ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် Level 3 အဆင့်မီးသတ်ယာဥ်အုပ်စုများဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၁၀ နာရီ ၂၈ မိနစ်၌မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၀ နာရီ ၄၄ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် နေ့လည် ၁ နာရီ ၅၂ မိနစ်ခန့်၌ မင်္ဂလာဒုံမြို့နယ်၊ပျဉ်းမပင်ကျေးရွာအနီးရှိ ကိုင်းတော မီးလောင်မှုဖြစ်ပွားခဲ့၍ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ပုလဲအရန်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြိမ်းသတ်ခဲ့ကြသဖြင့် မွန်းလွဲ ၂ နာရီ ၂ မိနစ်တွင်မီးထိန်းနိုင်ခဲ့ပြီး ၂ နာရီ ၄၇ မိ နစ်၌မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ထို့အတူ ရွှေပြည်သာမြို့နယ်၊လှော်ကားကျေးရွာအနီးတွင် နေ့လည် ၃ နာရီ ၈ မိနစ်ခန့်က ကိုင်းတောမီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ ငြိမ်းသတ်ခဲ့၍ နေ့လည် ၃ နာရီ ၂၅ မိနစ်တွင်မီးငြိမ်းသွားခဲ့သည်။

တိုက်ကြီးမြို့နယ်၊ရန်ကုန်-ပြည်လမ်းဘေး၊တာဂွကျေးရွာတွင် နေ့လည် ၃ နာရီ ၄၆ မိနစ်ခန့်က နေ အိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့၍ တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြိမ်းသတ်ခဲ့ရာ နေ့လည် ၃ နာရီ ၅၅ မိနစ်၌မီးထိန်းနိုင်ခဲ့ပြီး ညနေ ၄ နာရီတွင်မီးငြိမ်းသွားခဲ့သည်။

အလားတူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊စက်မှုဇုန်(၂)၊သုစိတ္တာလမ်းတွင် ည ၆ နာရီ ၁၉ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားလျက်ရှိကြောင်း သတင်းအရ ည ၆ နာရီ ၂၅ မိနစ်၌ Level 2 အဆင့်မီး သတ်ယာဥ်အုပ်စုများထွက်ခွာငြိမ်းသတ်လျက်ရှိပြီး ည ၇ နာရီ ၂၀ မိနစ်တွင်မီးထိန်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှသိရသည်။

အင်းစိန်မြို့နယ်၊ရွာမအနောက်ရပ်ကွက်၊မြို့ပတ် လမ်းတွင်လည်း ယနေ့ည ၈ နာရီ ၅ မိနစ်ခန့်က မီး လောင်မှုဖြစ်ပွားခဲ့သဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြိမ်းသတ်ခဲ့ကြသဖြင့် ည ၈ နာရီ ၁၀ မိနစ်၌မီးငြိမ်းသွားခဲ့သည်။

Zaw Gyi

ရန္ကုန္တိုင္းတြင္ ယေန႔တစ္ေန႔တည္းျဖင့္ မီး ေလာင္မႈ ၈ ႀကိမ္ျဖစ္ပြားခဲ့ ျဖစ္စဥ္မ်ားတြင္ Level ျမင့္မီးေလာင္မႈ ၃ ႀကိမ္ရွိ

ရန္ကုန္တိုင္းအတြင္း၌ ေဖေဖာ္ဝါရီ ၂၈ ရက္(ယ ေန႔)တစ္ေန႔တည္းျဖင့္ မီးေလာင္မႈ ၈ ႀကိမ္ျဖစ္ပြားခဲ့ၿပီး Level ျမင့္မီးေလာင္မႈ ၃ ႀကိမ္ရွိခဲ့သည္ဟု ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္မွ သိရသည္။

ျဖစ္စဥ္မ်ားတြင္ မဂၤလာဒုံၿမိဳ႕နယ္၊ပ်ဥ္းမပင္ေက်း ႐ြာအနီးတြင္ နံနက္ ၈ နာရီ ၅၅ မိနစ္ခန႔္က ေတာ မီးေလာင္မႈျဖစ္ပြားခဲ့သျဖင့္ မဂၤလာဒုံၿမိဳ႕နယ္မီး သတ္စခန္းတပ္ဖြဲ႕ဝင္မ်ားက ၿငိမ္းသတ္ခဲ့သျဖင့္ နံနက္ ၉ နာရီ ၁၅ မိနစ္၌မီးၿငိမ္းသြားခဲ့သည္။

ထို႔ျပင္ နံနက္ ၉ နာရီ ၁၂ မိနစ္တြင္ တာေမြၿမိဳ႕နယ္၊မာန္ေအာင္ရပ္ကြက္၊စက္ဝန္း(၃)လမ္းရွိ Super One ကုန္တိုက္အနီးတြင္ မီးေလာင္မႈျဖစ္ပြားခဲ့သျဖင့္ Level 2 အဆင့္ျဖင့္ ဝိုင္းဝန္းၿငိမ္းသတ္ခဲ့ၾကသျဖင့္ နံနက္ ၉ နာရီ ၂၆ မိနစ္၌ မီးထိန္းႏိုင္ခဲ့ၿပီး နံနက္ ၉ နာရီ ၃၂ မိနစ္၌မီးၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။

အလားတူ လႈိင္သာယာၿမိဳ႕နယ္၊စက္မႈဇုန္ပိုင္း(၄)၊ျမဝတီမင္းႀကီးလမ္းတြင္လည္း နံနက္ ၉ နာရီ ၅၄ မိနစ္ခန႔္၌ မီးေလာင္မႈျဖစ္ပြားခဲ့သျဖင့္ Level 3 အဆင့္မီးသတ္ယာဥ္အုပ္စုမ်ားျဖင့္ ဝိုင္းဝန္းၿငိမ္းသတ္ခဲ့ၾကသျဖင့္ နံနက္ ၁၀ နာရီ ၂၈ မိနစ္၌မီးထိန္းႏိုင္ခဲ့ၿပီး နံနက္ ၁၀ နာရီ ၄၄ မိနစ္တြင္မီးၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ေန႔လည္ ၁ နာရီ ၅၂ မိနစ္ခန္႔၌ မဂၤလာဒုံၿမိဳ႕နယ္၊ပ်ဥ္းမပင္ေက်း႐ြာအနီးရွိ ကိုင္းေတာ မီးေလာင္မႈျဖစ္ပြားခဲ့၍ မဂၤလာဒုံၿမိဳ႕နယ္မီးသတ္စခန္းမွတပ္ဖြဲ႕ဝင္မ်ား၊ပုလဲအရန္မီးသတ္စခန္းမွတပ္ဖြဲ႕ဝင္မ်ားက ၿငိမ္းသတ္ခဲ့ၾကသျဖင့္ မြန္းလြဲ ၂ နာရီ ၂ မိနစ္တြင္မီးထိန္းႏိုင္ခဲ့ၿပီး ၂ နာရီ ၄၇ မိ နစ္၌မီးၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။

ထို႔အတူ ေ႐ႊျပည္သာၿမိဳ႕နယ္၊ေလွာ္ကားေက်း႐ြာအနီးတြင္ ေန႔လည္ ၃ နာရီ ၈ မိနစ္ခန္႔က ကိုင္းေတာမီးေလာင္မႈျဖစ္ပြားခဲ့သျဖင့္ ေ႐ႊျပည္သာၿမိဳ႕နယ္မီးသတ္စခန္းမွတပ္ဖြဲ႕ဝင္မ်ား ၿငိမ္းသတ္ခဲ့၍ ေန႔လည္ ၃ နာရီ ၂၅ မိနစ္တြင္မီးၿငိမ္းသြားခဲ့သည္။

တိုက္ႀကီးၿမိဳ႕နယ္၊ရန္ကုန္-ျပည္လမ္းေဘး၊တာဂြေက်း႐ြာတြင္ ေန႔လည္ ၃ နာရီ ၄၆ မိနစ္ခန္႔က ေန အိမ္တစ္လုံးမီးေလာင္မႈျဖစ္ပြားခဲ့၍ တိုက္ႀကီးၿမိဳ႕နယ္မီးသတ္စခန္းမွတပ္ဖြဲ႕ဝင္မ်ားက ၿငိမ္းသတ္ခဲ့ရာ ေန႔လည္ ၃ နာရီ ၅၅ မိနစ္၌မီးထိန္းႏိုင္ခဲ့ၿပီး ညေန ၄ နာရီတြင္မီးၿငိမ္းသြားခဲ့သည္။

အလားတူ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊စက္မႈဇုန္(၂)၊သုစိတၱာလမ္းတြင္ ည ၆ နာရီ ၁၉ မိနစ္ခန္႔က မီးေလာင္မႈျဖစ္ပြားလ်က္ရွိေၾကာင္း သတင္းအရ ည ၆ နာရီ ၂၅ မိနစ္၌ Level 2 အဆင့္မီး သတ္ယာဥ္အုပ္စုမ်ားထြက္ခြာၿငိမ္းသတ္လ်က္ရွိၿပီး ည ၇ နာရီ ၂၀ မိနစ္တြင္မီးထိန္းႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္မွသိရသည္။

အင္းစိန္ၿမိဳ႕နယ္၊႐ြာမအေနာက္ရပ္ကြက္၊ၿမိဳ႕ပတ္ လမ္းတြင္လည္း ယေန႔ည ၈ နာရီ ၅ မိနစ္ခန္႔က မီး ေလာင္မႈျဖစ္ပြားခဲ့သျဖင့္ အင္းစိန္ၿမိဳ႕နယ္မီးသတ္စခန္းမွတပ္ဖြဲ႕ဝင္မ်ားက ၿငိမ္းသတ္ခဲ့ၾကသျဖင့္ ည ၈ နာရီ ၁၀ မိနစ္၌မီးၿငိမ္းသြားခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here