အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမေဝင်းမြင့် နေအိမ် ချိတ်ပိတ်ခံရ

0
243

(Unicode)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမေဝင်းမြင့် နေအိမ် ချိတ်ပိတ်ခံရ

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၊ ဦးလွန်းမောင်လမ်းအတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ် အမှုဆောင်တစ်ဦးဖြစ်သည့် ဒေါက်တာမေဝင်းမြင့် နေအိမ် ချိတ်ပိတ်ခံလိုက်ရကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၇ ရက် က ယခုကဲ့သို့ လာရောက်ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် နီးစပ်သူအချို့ကလည်းပြောသည်။

ဒေါက်တာမေဝင်းမြင့်သည် ၁၉၇၆ ခုတွင် ရန်ကုန်ဆေးတက္ကသိုလ် (၁)မှ ဆေးပညာဖြင့် ဘွဲ့ရပြီး ၁၉၇၈-၁၉၈၁ ကာလတွင် မြောက်ဥက္ကလာပနှင့် ကျောက်တံတား သမဝါယမဆေးခန်းများတွင် အချိန်ပိုင်းဆရာဝန်အဖြစ်လည်းကောင်း၊ ၁၉၈၃-၁၉၈၈ အတွင်း မသန်စွမ်းဆေးရုံတွင် အချိန်ပိုင်းဆရာဝန်အဖြစ်လည်းကောင်း လုပ်ပြီး ၈၈၈၈ အရေးအခင်း ကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့သူဖြစ်သည်။

၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၊၂၀၂၀ ရွေးကောက်ပွဲတို့တွင် ဆက်တိုက် အနိုင်ရခဲ့သူလည်းဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲတွင် ဒေါက်တာမေဝင်းမြင့် အမှုဖွင့်ခံခဲ့ရပြီး နေအိမ်ချိတ်ပိတ်ခံခဲ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီက ၂၀၂၂ ဇန်နဝါရီ ၁ရက်က ကြေညာချက်ထုတ် သတင်းပြန်ကြားစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝန်းရံသူများ၏ နေအိမ်နှင့် အဆောက်အဦများ ချိတ်ပိတ်ခံရမှု များအနေဖြင့် စုစုပေါင်း (၇၇) ဦးရှိခဲ့ပြီဟု ထည့်သွင်းဖော်ပြထားသည်။

(Zawgyi)

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဗဟိုအလုပ္အမႈေဆာင္ေဒါက္တာေမဝင္းျမင့္ ေနအိမ္ ခ်ိတ္ပိတ္ခံရ

ရန္ကုန္ၿမိဳ႕ မရမ္းကုန္းၿမိဳ႕နယ္၊ ဦးလြန္းေမာင္လမ္းအတြင္းရွိ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဗဟိုအလုပ္ အမႈေဆာင္တစ္ဦးျဖစ္သည့္ ေဒါက္တာေမဝင္းျမင့္ ေနအိမ္ ခ်ိတ္ပိတ္ခံလိုက္ရေၾကာင္း သိရသည္။

ေဖေဖာ္ဝါရီ ၂၇ ရက္ က ယခုကဲ့သို႔ လာေရာက္ေဆာင္႐ြက္ျခင္းျဖစ္သည္ဟုလည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီႏွင့္ နီးစပ္သူအခ်ိဳ႕ကလည္းေျပာသည္။

ေဒါက္တာေမဝင္းျမင့္သည္ ၁၉၇၆ ခုတြင္ ရန္ကုန္ေဆးတကၠသိုလ္ (၁)မွ ေဆးပညာျဖင့္ ဘြဲ႕ရၿပီး ၁၉၇၈-၁၉၈၁ ကာလတြင္ ေျမာက္ဥကၠလာပႏွင့္ ေက်ာက္တံတား သမဝါယမေဆးခန္းမ်ားတြင္ အခ်ိန္ပိုင္းဆရာဝန္အျဖစ္လည္းေကာင္း၊ ၁၉၈၃-၁၉၈၈ အတြင္း မသန္စြမ္းေဆး႐ုံတြင္ အခ်ိန္ပိုင္းဆရာဝန္အျဖစ္လည္းေကာင္း လုပ္ၿပီး ၈၈၈၈ အေရးအခင္း ကာလတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္သို႔ ဝင္ေရာက္ခဲ့သူျဖစ္သည္။

၁၉၉၀ အေထြေထြေ႐ြးေကာက္ပြဲ၊၂၀၁၂ ၾကားျဖတ္ေ႐ြးေကာက္ပြဲ၊ ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲ၊၂၀၂၀ ေ႐ြးေကာက္ပြဲတို႔တြင္ ဆက္တိုက္ အႏိုင္ရခဲ့သူလည္းျဖစ္သည္။

၂၀၂၁ ေဖေဖာ္ဝါရီေနာက္ပိုင္း ႏိုင္ငံေရးအေျပာင္းအလဲတြင္ ေဒါက္တာေမဝင္းျမင့္ အမႈဖြင့္ခံခဲ့ရၿပီး ေနအိမ္ခ်ိတ္ပိတ္ခံခဲ့ရသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုျပန္ၾကားေရးေကာ္မတီက ၂၀၂၂ ဇန္နဝါရီ ၁ရက္က ေၾကညာခ်က္ထုတ္ သတင္းျပန္ၾကားစဥ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အဖြဲ႕ဝင္မ်ားႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ပါတီဝန္းရံသူမ်ား၏ ေနအိမ္ႏွင့္ အေဆာက္အဦမ်ား ခ်ိတ္ပိတ္ခံရမႈ မ်ားအေနျဖင့္ စုစုေပါင္း (၇၇) ဦးရွိခဲ့ၿပီဟု ထည့္သြင္းေဖာ္ျပထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here