ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးအယ်လ်ဖောင်းရှို အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

0
180

(Unicode)

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးအယ်လ်ဖောင်းရှို အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စုံ စမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးပြီးနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၅ ဖြင့် ကယားပြည်နယ်၊လွိုင်ကော်မြို့မရဲစခန်းတွင် ဖေဖော်ဝါရီ ၂၇ ရက်က ပထမသ တင်းပေးတိုင်ကြားချက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ စစ်ဆေးတွေ့ရှိချက်အရ ဦးအယ်လ်ဖောင်းရှိုနှင့်ဦးအောင်ကျော်ဌေးတို့သည် ၂၀၁၇ ခုနှစ်အတွင်း ငွေကျပ် ၆၅ သန်းကျော်တန်ဖိုးရှိ နိုင်ငံတော်ပိုင်(အစိုး ရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ) မြေကွက်လပ်အား နိုင်ငံတော်မှချီးမြှင့်သည့် သာသနာရေးဆိုင်ရာ ဘွဲ့တံ ဆိပ်ရရှိမှုကိုအကြောင်းပြု၍ ပုဂ္ဂလိကကုမ္ပဏီတစ်ခုသို့ပေးအပ်ပြီး ယင်းမြေနေရာအား ပြန် လည်အလှူခံရယူခဲ့သည်။

ထို့ပြင် ဦးအယ်လ်ဖောင်းရှိုသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တို့၌ ကယားပြည်နယ်အတွင်း ဝန်ထမ်းအိမ်ရာများတည်ဆောက်ခြင်း၊ပြည်နယ်အားကစားနှင့်ကာယပညာဦးစီး ဌာန LED Board နှင့် Transformer တည်ဆောက်ခြင်း၊လွိုင်ကော်မြို့ တွင်းလမ်း Platform ဆောင်ရွက်ခြင်း၊ Slab Culvert တည်ဆောက်ခြင်း၊စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ရုံးသစ် နှစ်ထပ်တည်ဆောက်ခြင်းတို့တွင် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီများထံမှ ငွေကျပ် ၁၉၂ သိန်းအား တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့သည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှထုတ်ပြန်ခဲ့သည်။

အလားတူ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် က ယားပြည်နယ်အစိုးရအဖွဲ့ရုံးနှင့်ဧည့်ရိပ်သာတို့အား လျှပ်စစ်မီးအလှဆင်ခြင်းနှင့်လွိုင်ကော်လေ ဆိပ် CCTV တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင် ရွက်ရာတွင် တင်ဒါ် ခေါ်ယူခြင်းမပြုခဲ့သဖြင့် နိုင်ငံ တော်မှရရှိမည့် အခွန်အခနှင့်နိုင်ငံတော်ငွေကြေးသက်သာခွင့်များနစ်နာဆုံးရှုံးစေခဲ့သည်ကို စစ် ဆေးတွေ့ရှိခဲ့ရသည်။

ထို့ပြင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံးအတွက် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၀၄၀ သန်းဖြင့် တင်ဒါခေါ်ယူကာ ဝယ်ယူခဲ့သည့် ကယားပြည်နယ်အစိုးရအဖွဲ့ပိုင်စက်ယန္တရား ၁၈ စီး၏ ငှားရမ်းခငွေကျပ် ၃၁၁ သန်းကျော်မှ ငွေကျပ် ၂၃၄ သန်းကျော်အား ဌာနဆိုင်ရာငွေစာရင်းသို့ ပေးသွင်းခြင်းမရှိဘဲ အကျိုးစီးပွားအတွက် သုံးစွဲခဲ့ခြင်း၊ကယားပြည်နယ်နေ့အခမ်းအနားနေ့ ကျင်းပသည့် အစိုးရမြေနေရာ(ကယားဒေးကွင်း)အား တင်ဒါခေါ်ယူခြင်းမပြုဘဲ ကုမ္ပဏီတစ်ခုသို့ မြေငှားရမ်းခွင့်ပြုခဲ့ခြင်းတို့ပြုလုပ်ခဲ့သည်ဟု စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထိုသို့ စစ်ဆေးတွေ့ရှိမှုကြောင့် ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးအယ်လ်ဖောင်းရှိုနှင့်စည် ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီးဟောင်းဦးအောင်ကျော်ဌေးတို့အား ဥပဒေအရအရေးယူရန်ဆောင်ရွက်လျက်ရှိသည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ထုတ်ပြန်ခဲ့သည်။

(Zawgyi)

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္းဦးအယ္လ္ေဖာင္းရႈိ အား အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္မွ စုံ စမ္းစစ္ေဆးေရးအဖြဲ႕ဖြဲ႕စည္း၍ စုံစမ္းစစ္ေဆးၿပီးေနာက္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ-၅၅ ျဖင့္ ကယားျပည္နယ္၊လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ ေဖေဖာ္ဝါရီ ၂၇ ရက္က ပထမသ တင္းေပးတိုင္ၾကားခ်က္ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္၏ စစ္ေဆးေတြ႕ရွိခ်က္အရ ဦးအယ္လ္ေဖာင္းရႈိႏွင့္ဦးေအာင္ေက်ာ္ေဌးတို႔သည္ ၂၀၁၇ ခုႏွစ္အတြင္း ေငြက်ပ္ ၆၅ သန္းေက်ာ္တန္ဖိုးရွိ ႏိုင္ငံေတာ္ပိုင္(အစိုး ရစီမံခန႔္ခြဲပိုင္ခြင့္ရွိေသာေျမ) ေျမကြက္လပ္အား ႏိုင္ငံေတာ္မွခ်ီးျမႇင့္သည့္ သာသနာေရးဆိုင္ရာ ဘြဲ႕တံ ဆိပ္ရရွိမႈကိုအေၾကာင္းျပဳ၍ ပုဂၢလိကကုမၸဏီတစ္ခုသို႔ေပးအပ္ၿပီး ယင္းေျမေနရာအား ျပန္ လည္အလႉခံရယူခဲ့သည္။

ထို႔ျပင္ ဦးအယ္လ္ေဖာင္းရႈိသည္ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္ႏွင့္ ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္တို႔၌ ကယားျပည္နယ္အတြင္း ဝန္ထမ္းအိမ္ရာမ်ားတည္ေဆာက္ျခင္း၊ျပည္နယ္အားကစားႏွင့္ကာယပညာဦးစီး ဌာန LED Board ႏွင့္ Transformer တည္ေဆာက္ျခင္း၊လြိဳင္ေကာ္ၿမိဳ႕ တြင္းလမ္း Platform ေဆာင္႐ြက္ျခင္း၊ Slab Culvert တည္ေဆာက္ျခင္း၊စိုက္ပ်ိဳးေရးဦးစီးဌာန ျပည္နယ္႐ုံးသစ္ ႏွစ္ထပ္တည္ေဆာက္ျခင္းတို႔တြင္ တင္ဒါေအာင္ျမင္ခဲ့သည့္ ကုမၸဏီမ်ားထံမွ ေငြက်ပ္ ၁၉၂ သိန္းအား တံစိုးလက္ေဆာင္အျဖစ္ လက္ခံရယူခဲ့သည္ဟု အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္မွထုတ္ျပန္ခဲ့သည္။

အလားတူ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္တြင္ က ယားျပည္နယ္အစိုးရအဖြဲ႕႐ုံးႏွင့္ဧည့္ရိပ္သာတို႔အား လွ်ပ္စစ္မီးအလွဆင္ျခင္းႏွင့္လြိဳင္ေကာ္ေလ ဆိပ္ CCTV တပ္ဆင္ျခင္းလုပ္ငန္းမ်ား ေဆာင္ ႐ြက္ရာတြင္ တင္ဒၚ ေခၚယူျခင္းမျပဳခဲ့သျဖင့္ ႏိုင္ငံ ေတာ္မွရရွိမည့္ အခြန္အခႏွင့္ႏိုင္ငံေတာ္ေငြေၾကးသက္သာခြင့္မ်ားနစ္နာဆုံးရႈံးေစခဲ့သည္ကို စစ္ ေဆးေတြ႕ရွိခဲ့ရသည္။

ထို႔ျပင္ ကယားျပည္နယ္အစိုးရအဖြဲ႕႐ုံးအတြက္ ေငြလုံးေငြရင္းခြင့္ျပဳရန္ပုံေငြက်ပ္ ၁၀၄၀ သန္းျဖင့္ တင္ဒါေခၚယူကာ ဝယ္ယူခဲ့သည့္ ကယားျပည္နယ္အစိုးရအဖြဲ႕ပိုင္စက္ယႏၲရား ၁၈ စီး၏ ငွားရမ္းခေငြက်ပ္ ၃၁၁ သန္းေက်ာ္မွ ေငြက်ပ္ ၂၃၄ သန္းေက်ာ္အား ဌာနဆိုင္ရာေငြစာရင္းသို႔ ေပးသြင္းျခင္းမရွိဘဲ အက်ိဳးစီးပြားအတြက္ သုံးစြဲခဲ့ျခင္း၊ကယားျပည္နယ္ေန႔အခမ္းအနားေန႔ က်င္းပသည့္ အစိုးရေျမေနရာ(ကယားေဒးကြင္း)အား တင္ဒါေခၚယူျခင္းမျပဳဘဲ ကုမၸဏီတစ္ခုသို႔ ေျမငွားရမ္းခြင့္ျပဳခဲ့ျခင္းတို႔ျပဳလုပ္ခဲ့သည္ဟု စစ္ေဆးေတြ႕ရွိခဲ့ရသည္။

ထိုသို႔ စစ္ေဆးေတြ႕ရွိမႈေၾကာင့္ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္းဦးအယ္လ္ေဖာင္းရႈိႏွင့္စည္ ပင္သာယာေရးႏွင့္လူမႈေရးဝန္ႀကီးေဟာင္းဦးေအာင္ေက်ာ္ေဌးတို႔အား ဥပေဒအရအေရးယူရန္ေဆာင္႐ြက္လ်က္ရွိသည္ဟု အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္မွ ထုတ္ျပန္ခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here