ကျောင်းကြို့ပို့ကားများအပါအဝင် မှတ်ပုံတင်ထားခြင်းမပြုရသေးသည့်ကားများ YRTC ရုံးခွဲများ၌ ယနေ့မှစ၍ မှတ်ပုံတင်နိုင်ပြီဖြစ်

0
267

(Unicode)

ကျောင်းကြို့ပို့ကားများအပါအဝင် မှတ်ပုံတင်ထားခြင်းမပြုရသေးသည့်ကားများ YRTC ရုံးခွဲများ၌ ယနေ့မှစ၍ မှတ်ပုံတင်နိုင်ပြီဖြစ်

ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကာ မတ် ၁ ရက်(ယနေ့)မှစတင်၍ မှတ် ပုံတင်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ကျောင်းကြိုပို့ကားများ၊အခြားကြိုပို့ကားများနှင့် မှတ်ပုံတင်ထားရခြင်းမရှိသေးသည့် ကားများ သည် မှတ်ပုံတင်ရန်လိုအပ်သဖြင့် မှတ်ပုံတင်ခြင်းများအား ယနေ့မှစတင်၍ ရက်အကန့်အသတ်မရှိဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ မှတ်ပုံတင်ရာတွင် “င”လုပ်ငန်းလိုင်စင်များအတွက် ဆိပ်ကမ်းအာဏာပိုင်၊ကုန်လုပ်ငန်းဌာန ရုံးဝင်းအတွင်းရှိ ကုန်စည်ပို့ဆောင်ရေးကြီးကြပ်မှုဌာန၌ မှတ်ပုံတင်နိုင်မည်ဖြစ်သည်။

အလားတူ“ဂ” စင်းလုံးဌားလိုင်စင် လူစီးငါးယောက်အထက်ကားများ၊“ဃ” ကြိုပို့လုပ်ငန်းလိုင်စင်ရယူထားသည့် ကားများသည် ပုဇွန်တောင်မြို့နယ်၊ ၄ ရပ်ကွက်၊နံသာဖြူလမ်း၊ အ မှတ် ၇ ၌မှတ်ပုံတင်နိုင်မည်ဖြစ်သည်။

“ရက်အကန့်အသတ်မရှိဆိုတော့အဆင်ပြေတာပေါ့ဗျာ ဒီအချိန်က ငွေကြေးအခက်အခဲရှိနေတော့ ပိုင်ရှင်တွေအနေနဲ့လည်း အဆင်ပြေတဲ့အချိန်ကိုသွားလုပ်လိုက်လို့ရတယ်လေ ကောင်းပါတယ် အဲ့လိုမှတ်ပုံတင်ထားတာ”ဟုကျောင်းကြိုပို့ကားမောင်းသူတစ်ဦးကပြောသည်။

(Zawgyi)

ေက်ာင္းႀကိဳ႕ပို႔ကားမ်ားအပါအဝင္ မွတ္ပုံတင္ထားျခင္းမျပဳရေသးသည့္ကားမ်ား YRTC ႐ုံးခြဲမ်ား၌ ယေန႔မွစ၍ မွတ္ပုံတင္ႏိုင္ၿပီျဖစ္

ရန္ကုန္တိုင္းေဒသႀကီးပုဂၢလိကသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီမွ ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္ကာ မတ္ ၁ ရက္(ယေန႔)မွစတင္၍ မွတ္ ပုံတင္ႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

ေက်ာင္းႀကိဳပို႔ကားမ်ား၊အျခားႀကိဳပို႔ကားမ်ားႏွင့္ မွတ္ပုံတင္ထားရျခင္းမရွိေသးသည့္ ကားမ်ား သည္ မွတ္ပုံတင္ရန္လိုအပ္သျဖင့္ မွတ္ပုံတင္ျခင္းမ်ားအား ယေန႔မွစတင္၍ ရက္အကန္႔အသတ္မရွိေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ မွတ္ပုံတင္ရာတြင္ “င”လုပ္ငန္းလိုင္စင္မ်ားအတြက္ ဆိပ္ကမ္းအာဏာပိုင္၊ကုန္လုပ္ငန္းဌာန ႐ုံးဝင္းအတြင္းရွိ ကုန္စည္ပို႔ေဆာင္ေရးႀကီးၾကပ္မႈဌာန၌ မွတ္ပုံတင္ႏိုင္မည္ျဖစ္သည္။

အလားတူ“ဂ” စင္းလုံးဌားလိုင္စင္ လူစီးငါးေယာက္အထက္ကားမ်ား၊“ဃ” ႀကိဳပို႔လုပ္ငန္းလိုင္စင္ရယူထားသည့္ ကားမ်ားသည္ ပုဇြန္ေတာင္ၿမိဳ႕နယ္၊ ၄ ရပ္ကြက္၊နံသာျဖဴလမ္း၊ အ မွတ္ ၇ ၌မွတ္ပုံတင္ႏိုင္မည္ျဖစ္သည္။

“ရက္အကန္႔အသတ္မရွိဆိုေတာ့အဆင္ေျပတာေပါ့ဗ်ာ ဒီအခ်ိန္က ေငြေၾကးအခက္အခဲရွိေနေတာ့ ပိုင္ရွင္ေတြအေနနဲ႔လည္း အဆင္ေျပတဲ့အခ်ိန္ကိုသြားလုပ္လိုက္လို႔ရတယ္ေလ ေကာင္းပါတယ္ အဲ့လိုမွတ္ပုံတင္ထားတာ”ဟုေက်ာင္းႀကိဳပို႔ကားေမာင္းသူတစ္ဦးကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here