ဒေါ်အောင်ဆန်းစုကြည်အားရဟတ်ယာဥ်ဝယ်ယူသုံးစွဲ ခြင်းဆိုင်ရာ အမှုအတွက် စစ်ဆေး

0
157

(Unicode)

ဒေါ်အောင်ဆန်းစုကြည်အားရဟတ်ယာဥ်ဝယ်ယူသုံးစွဲ ခြင်းဆိုင်ရာ အမှုအတွက် စစ်ဆေး

ဒေါ်အောင်ဆန်းစုကြည် ၊ဦးဝင်းမြင့်နှင့် ဒေါက်တာဝင်းမြတ်အေးတို့သုံးဦးတို့အား စွဲဆိုထားသော ရဟတ်ယာဥ်ဝယ်ယူသုံးစွဲခွင့် ဆိုင်ရာ အမှုများအတွက် ယနေ့( မတ် ၁ )ရက်တွင် ရုံးထုတ်စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း တရားရုံနှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံမှသိရသည်။

ယင်းအမှုတွင် ယခင်အစိုးရလက်ထက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေး ဝန်ကြီးဟောင်း ဦးဝင်းမြတ်အေးမှာ တိမ်းရှောင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ရဟတ်ငှားရမ်းခြင်းနှင့်ဝယ်ယူသုံးစွဲခြင်းများအတွက်စွဲဆိုထားသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ /၅၆ တို့ဖြစ်စွဲဆိုထားသော အမှုအမှတ်များဖြစ်သည့် ၄၆၊၄၇၊၄၈၊၄၉နှင့် ၅၀ အမှုတို့အတွက် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်​​ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမှုစစ်ဆေးရာတွင် တရားလိုဘက်ရှေ့နေက တရားလိုပြသက်သေ ဦးအောင်ခန့်ကို စစ်ဆေးမေးမြန်းခဲ့ပြီး၊ လာမည့်ရုံးချိန်းတွင် စွပ်စွဲခံရသူရှေ့နေဘက်က ပြန်လှန်မေးခွန်းများ စစ်မေးသွားမည်ဖြစ်သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အဂတိအမှု၁၁မှုအပါအဝင် ရွေးကောက်ပွဲမလျော်သြဇာသုံးမှု ရာဇသတ်ကြီးပုဒ်မ၁၃၀-ကအမှုနှင့် နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃(၁)(ဂ)တို့ဖြစ် တရားရင်ဆိုင်ရန်ကျန်ရှိနေကြောင်း သိရသည်။

(Zawgyi)

ေဒၚေအာင္ဆန္းစုၾကည္အားရဟတ္ယာဥ္ဝယ္ယူသုံးစြဲ ျခင္းဆိုင္ရာ အမႈအတြက္ စစ္ေဆး

ေဒၚေအာင္ဆန္းစုၾကည္ ၊ဦးဝင္းျမင့္ႏွင့္ ေဒါက္တာဝင္းျမတ္ေအးတို႔သုံးဦးတို႔အား စြဲဆိုထားေသာ ရဟတ္ယာဥ္ဝယ္ယူသုံးစြဲခြင့္ ဆိုင္ရာ အမႈမ်ားအတြက္ ယေန႔( မတ္ ၁ )ရက္တြင္ ႐ုံးထုတ္စစ္ေဆးမႈျပဳလုပ္ခဲ့ေၾကာင္း တရား႐ုံႏွင့္နီးစပ္သည့္အသိုင္းအဝိုင္းထံမွသိရသည္။

ယင္းအမႈတြင္ ယခင္အစိုးရလက္ထက္ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ျပည္လည္ေနရာခ်ထားေရး ဝန္ႀကီးေဟာင္း ဦးဝင္းျမတ္ေအးမွာ တိမ္းေရွာင္ေနသူတစ္ဦးျဖစ္ေၾကာင္း သိရသည္။

ရဟတ္ငွားရမ္းျခင္းႏွင့္ဝယ္ယူသုံးစြဲျခင္းမ်ားအတြက္စြဲဆိုထားေသာ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅ /၅၆ တို႔ျဖစ္စြဲဆိုထားေသာ အမႈအမွတ္မ်ားျဖစ္သည့္ ၄၆၊၄၇၊၄၈၊၄၉ႏွင့္ ၅၀ အမႈတို႔အတြက္ ေနျပည္ေတာ္ ဇဗၺဴသီရိၿမိဳ႕နယ္တရား႐ုံးတြင္ ႐ုံးထုတ္စစ္​​ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အမႈစစ္ေဆးရာတြင္ တရားလိုဘက္ေရွ႕ေနက တရားလိုျပသက္ေသ ဦးေအာင္ခန္႔ကို စစ္ေဆးေမးျမန္းခဲ့ၿပီး၊ လာမည့္႐ုံးခ်ိန္းတြင္ စြပ္စြဲခံရသူေရွ႕ေနဘက္က ျပန္လွန္ေမးခြန္းမ်ား စစ္ေမးသြားမည္ျဖစ္သည္။

လက္ရွိတြင္ ေဒၚေအာင္ဆန္းစုၾကည္အေနျဖင့္ အဂတိအမႈ၁၁မႈအပါအဝင္ ေ႐ြးေကာက္ပြဲမေလ်ာ္ၾသဇာသုံးမႈ ရာဇသတ္ႀကီးပုဒ္မ၁၃၀-ကအမႈႏွင့္ ႏိုင္ငံေတာ္လ်ိဳ႕ဝွက္ခ်က္အက္ဥပေဒပုဒ္မ ၃(၁)(ဂ)တို႔ျဖစ္ တရားရင္ဆိုင္ရန္က်န္ရွိေနေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here