ပြန်လည်ဖွင့်လှစ်ခဲ့သည့် YPS ကဒ်အရောင်းဆိုင်များနှင့်ကဒ်အသုံးပြုစီးနင်းနိုင်မည့် ကားလိုင်းများအား YRTC ထုတ်ပြန်

0
422

(Unicode)

ပြန်လည်ဖွင့်လှစ်ခဲ့သည့် YPS ကဒ်အရောင်းဆိုင်များနှင့်ကဒ်အသုံးပြုစီးနင်းနိုင်မည့် ကားလိုင်းများအား YRTC ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ ပြန်လည်ဖွင့်လှစ်ခဲ့သည့် YPS ကဒ်အရောင်းဆိုင်များနှင့်ကဒ်အသုံးပြုစီးနင်းနိုင်မည့် YBS ကားလိုင်းများအား ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

YPS ကဒ်များအား YPS အမှတ်တံဆိပ်ပါသည့် g&g ဆိုင်များအပြင် ဆူးလေမှတ်တိုင်၊မြန်မာပလာဇာရှေ့၊သခင်မြပန်းခြံ(ကမ်းနားလမ်း)၊ယုဇနပလာဇာရှေ့နှင့်စိုက်ပျိုးရေးမှတ်တိုင်အနီးတို့၌ YPS အရောင်းကောင်တာများဖွင့်လှစ်ထားကြောင်း သိရသည်။

အဆိုပါ အရောင်းကောင်တာများတွင် တနင်္လာနေ့မှသောကြာနေ့အထိ နံနက် ၈ နာရီခွဲမှညနေ ၄ နာရီခွဲအတွင်း၊ စနေနေ့တွင် နံနက် ၈ နာရီခွဲမှနေ့လည် ၁၂ နာရီခွဲအတွင်း YPS ကဒ်များအားဝယ်ယူရရှိနိုင်သည်။

ထို့ပြင် ယာဥ်စီးခဖြည့်သွင်းခြင်း၊လက်ကျန်ငွေစစ် ဆေးခြင်း၊ YPS ကတ်အခြေအနေစစ်ဆေးခြင်း တို့ကိုလည်း ပြုလုပ်နိုင်ကြောင်း သိရသည်။

YBS ကားလိုင်းများဖြစ်သည့် ၂ , ၃ , ၄ , ၇ , ၈ , ၁၀ , ၁၁ , ၁၂ , ၁၃ , ၁၄ , ၂၄ , ၂၅ , ၂၈ , ၂၉ , ၃၀ , ၃၂ , ၃၆ , ၃၇ , ၃၈ , ၄၀ , ၄၃ , ၅၅ , ၅၇ , ၅၈ , ၅၉ , ၆၂ , ၆၅ တို့၌ YPS ကဒ်များအသုံးပြု၍ စီးနင်းနိုင်ကြောင်းသိရသည်။

ထို့အတူ ၇၂ , ၇၈ , ၈၇ , ၈၈ , ၈၉ , ၉၃ , ၉၄ , ၉၆ , ၉၇ , ၁၀၄ , ၁၀၅ , ၁၀၆ , ၁၀၇ , ၁၁၀ , ၁၁၂ , ၁၁၃ , ၁၁၄ , ၁၁၅ , ၁၁၆ , ၁၁၇ , ၁၁၈ YBS ကားလိုင်းတို့တွင်လည်း YPS ကဒ်များအားအသုံးပြု၍ စီးနင်းနိုင်ကြောင်း YRTC မှထုတ်ပြန်ကြေညာခဲ့သည်။

(Zawgyi)

ျပန္လည္ဖြင့္လွစ္ခဲ့သည့္ YPS ကဒ္အေရာင္းဆိုင္မ်ားႏွင့္ကဒ္အသုံးျပဳစီးနင္းႏိုင္မည့္ ကားလိုင္းမ်ားအား YRTC ထုတ္ျပန္

ရန္ကုန္တိုင္းေဒသႀကီးပုဂၢလိကသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ(YRTC)မွ ျပန္လည္ဖြင့္လွစ္ခဲ့သည့္ YPS ကဒ္အေရာင္းဆိုင္မ်ားႏွင့္ကဒ္အသုံးျပဳစီးနင္းႏိုင္မည့္ YBS ကားလိုင္းမ်ားအား ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။

YPS ကဒ္မ်ားအား YPS အမွတ္တံဆိပ္ပါသည့္ g&g ဆိုင္မ်ားအျပင္ ဆူးေလမွတ္တိုင္၊ျမန္မာပလာဇာေရွ႕၊သခင္ျမပန္းၿခံ(ကမ္းနားလမ္း)၊ယုဇနပလာဇာေရွ႕ႏွင့္စိုက္ပ်ိဳးေရးမွတ္တိုင္အနီးတို႔၌ YPS အေရာင္းေကာင္တာမ်ားဖြင့္လွစ္ထားေၾကာင္း သိရသည္။

အဆိုပါ အေရာင္းေကာင္တာမ်ားတြင္ တနလၤာေန႔မွေသာၾကာေန႔အထိ နံနက္ ၈ နာရီခြဲမွညေန ၄ နာရီခြဲအတြင္း၊ စေနေန႔တြင္ နံနက္ ၈ နာရီခြဲမွေန႔လည္ ၁၂ နာရီခြဲအတြင္း YPS ကဒ္မ်ားအားဝယ္ယူရရွိႏိုင္သည္။

ထို႔ျပင္ ယာဥ္စီးချဖည့္သြင္းျခင္း၊လက္က်န္ေငြစစ္ ေဆးျခင္း၊ YPS ကတ္အေျခအေနစစ္ေဆးျခင္း တို႔ကိုလည္း ျပဳလုပ္ႏိုင္ေၾကာင္း သိရသည္။

YBS ကားလိုင္းမ်ားျဖစ္သည့္ ၂ , ၃ , ၄ , ၇ , ၈ , ၁၀ , ၁၁ , ၁၂ , ၁၃ , ၁၄ , ၂၄ , ၂၅ , ၂၈ , ၂၉ , ၃၀ , ၃၂ , ၃၆ , ၃၇ , ၃၈ , ၄၀ , ၄၃ , ၅၅ , ၅၇ , ၅၈ , ၅၉ , ၆၂ , ၆၅ တို႔၌ YPS ကဒ္မ်ားအသုံးျပဳ၍ စီးနင္းႏိုင္ေၾကာင္းသိရသည္။

ထို႔အတူ ၇၂ , ၇၈ , ၈၇ , ၈၈ , ၈၉ , ၉၃ , ၉၄ , ၉၆ , ၉၇ , ၁၀၄ , ၁၀၅ , ၁၀၆ , ၁၀၇ , ၁၁၀ , ၁၁၂ , ၁၁၃ , ၁၁၄ , ၁၁၅ , ၁၁၆ , ၁၁၇ , ၁၁၈ YBS ကားလိုင္းတို႔တြင္လည္း YPS ကဒ္မ်ားအားအသုံးျပဳ၍ စီးနင္းႏိုင္ေၾကာင္း YRTC မွထုတ္ျပန္ေၾကညာခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here