မြန်မာနိုင်ငံကြက်ခြေနီအသင်းက နှစ်လအတွင်း ရှမ်းပြည်(တောင်ပိုင်း)မြို့နယ်ကိုးခုရှိ စစ်ရှောင်စ ခန်း ၉၆ ခုတွင် စားသောက်ကုန်နှင့်အသုံးအ ဆောင်ပစ္စည်းများထောက်ပံ့ပေးခဲ့

0
248

(Unicode)

မြန်မာနိုင်ငံကြက်ခြေနီအသင်းက နှစ်လအတွင်း ရှမ်းပြည်(တောင်ပိုင်း)မြို့နယ်ကိုးခုရှိ စစ်ရှောင်စ ခန်း ၉၆ ခုတွင် စားသောက်ကုန်နှင့်အသုံးအ ဆောင်ပစ္စည်းများထောက်ပံ့ပေးခဲ့

ရှမ်းပြည်(တောင်ပိုင်း)မြို့နယ် ၉ ခုရှိ စစ်ဘေးရှောင်စခန်း ၉၆ ခု၌ရောက်ရှိခိုလှုံနေကြသည့် အိမ်ထောင်စု ၂၆၆၉ စုအတွက် ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလတို့အတွင်း စားသောက်ကုန်များနှင့်အသုံးအဆောင်ပစ္စည်းများအားထောက်ပံ့ပေး အပ်ခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်(တောင်ပိုင်း)ရှိ တောင်ကြီး၊ဆီဆိုင်၊ပင် လောင်း၊ညောင်ရွှေ၊ကလော၊လဲချား၊လွိုင်လင်၊ပင်းတယနှင့်ရပ်စောက်မြို့နယ်များမှ စစ်ဘေးရှောင်စခန်း ၉၆ ခုတွင်ရောက်ရှိခိုလှုံနေသည့် လူဦးရေ ၈၉၆၆ ဦးအတွက်ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်း ၁၆၅၆ ခု၊ နှာခေါင်းစည်း ၃၄၂ ဘူး၊ လက်သန့်ဆေးရည် ၈၆၁၆ ဘူး၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း ၂၇၆၆ စုံ၊ ဖျာ ၁၁၇၈ ခု၊ စောင် ၃၁၁၃ ထည်၊ ဆေးစိမ်ခြင်ထောင် ၃၁၇၂ လုံး၊ ကိုယ်တိုက်ဆပ်ပြာ ၁၂၀၆ တုံး၊ မွေးကင်းကလေးငယ်သုံးပစ္စည်း ၄၇ စုံ၊ ရေပုံး ၇၆၇ ပုံးနှင့်နေရောင် ခြည်စွမ်းအင်သုံးမီးအိမ် ၆၆၈ လုံးတို့အားထောက် ပံ့ပေးအပ်ခဲ့သည်။

အလားတူ ကြိုး ၃၂ ချောင်း၊ မိုးကာစ ၄၅၈ စ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(တစ်လစာ) ၆၀ စုံ၊ ရေစစ် ၃၇ ခု၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(တစ်ပတ်စာ) ၁၆၅၃ စုံ၊ မိသားစုသုံးပစ္စည်း ၆၉ စုံ၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်း ၂၇ စုံ၊ မီးဖိုချောင်သုံးပစ္စည်း ၉၇ စုံ၊ မိုးကာစအလိပ် ၅၁ လိပ်၊ ယာယီယင်လုံအိမ်သာ ၉ လုံး၊ ရေသန့်စက် ၂ လုံးနှင့်ကျောင်းနေကလေးများအ တွက် ခဲတံ ၁၁၀ ချောင်း၊ စာအုပ်မျိုးစုံ ၈၄ အုပ်၊ ကျောင်းသုံးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပ စ္စည်း ၁၁၀ နှင့်ကျောင်းဝတ်စုံ ၁၇ စုံတို့ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့ပြင် စစ်ဘေးရှောင်စခန်း ၅၂ ခုရှိ သောက်ရေလိုအပ်သည့် အိမ်ထောင်စု ၉၉၇ စုအတွက် သောက်ရေသန့် ၁၁၃၆၈၀ လီတာ၊စစ်ဘေးရှောင်စခန်း ၉ ခုရှိ အိမ်ထောင်စု ၁၄၄ စုအတွက် သုံးရေ ၄၀၀၀၀ ဂါလံတို့အား ဖြန့်ဝေပေးခဲ့သည်။

ထို့အတူ စစ်ဘေးရှောင်များအား စစ်ဘေးရှောင်စခန်းများသို့ ပို့ဆောင်ပေးခြင်း၊ ဆွေမျိုးသား ချင်းများထံပို့ဆောင်ပေးခြင်း၊ ထမင်းနှင့်‌သောက် ရေသန့်ဗူးများဖြန့်ဝေပေးခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများနှင့်ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်မည့် နေရာများသို့ပို့ဆောင်ပေးခြင်း၊ ဆေးရုံလွှဲပြောင်းလူနာများအား အရေးပေါ်ကြက်ခြေနီလူနာတင်ယာဉ်များဖြင့် ဆေးရုံဆေးခန်းများသို့ ပို့ဆောင်ပေးခြင်း၊ ဘေးကင်းရာသို့ ကူညီပို့ဆောင်ပေးခြင်း၊ ခြေတုတပ်ဆင်ရန် ချိတ်ဆက်ပေးခြင်း၊ သောက်ရေ/သုံးရေ ဖြန့်ဝေပေးခြင်း၊ အောက်ခံအခင်းပြားများ ဖြန့်ဝေပေးခြင်း၊ မိသားစုပြန်လည်ဆက်သွယ်ပေးခြင်း၊ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီခြင်း၊ ယာယီရေလှောင်ကန်၊ အိမ်သာ၊ အမှိုက်ကန်များ ဆောက်လုပ်ပေးခြင်း၊ မိသားစုအရေးပေါ်သုံးပစ္စည်းများဖြန့်ဝေပေးခြင်း၊ ကျောင်းသား/သူ များအတွက် ကျောင်းဝတ်စုံ၊ စာအုပ်၊ ခဲတံနှင့် ကျောင်းသုံး တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပ စ္စည်းများထောက်ပံ့ပေးခြင်းနှင့် ကိုဗစ်(၁၉)ရော ဂါစစ်ဆေးရာတွင် ကူညီခြင်းတို့အား ဆောင်ရွက်ပေးလျက်ရှိသည်။

(Zawgyi)

ျမန္မာႏိုင္ငံၾကက္ေျခနီအသင္းက ႏွစ္လအတြင္း ရွမ္းျပည္(ေတာင္ပိုင္း)ၿမိဳ႕နယ္ကိုးခုရွိ စစ္ေရွာင္စ ခန္း ၉၆ ခုတြင္ စားေသာက္ကုန္ႏွင့္အသုံးအ ေဆာင္ပစၥည္းမ်ားေထာက္ပံ့ေပးခဲ့

ရွမ္းျပည္(ေတာင္ပိုင္း)ၿမိဳ႕နယ္ ၉ ခုရွိ စစ္ေဘးေရွာင္စခန္း ၉၆ ခု၌ေရာက္ရွိခိုလႈံေနၾကသည့္ အိမ္ေထာင္စု ၂၆၆၉ စုအတြက္ ဇန္နဝါရီလႏွင့္ေဖေဖာ္ဝါရီလတို႔အတြင္း စားေသာက္ကုန္မ်ားႏွင့္အသုံးအေဆာင္ပစၥည္းမ်ားအားေထာက္ပံ့ေပး အပ္ခဲ့ျခင္းျဖစ္သည္။

ရွမ္းျပည္(ေတာင္ပိုင္း)ရွိ ေတာင္ႀကီး၊ဆီဆိုင္၊ပင္ ေလာင္း၊ေညာင္ေ႐ႊ၊ကေလာ၊လဲခ်ား၊လြိဳင္လင္၊ပင္းတယႏွင့္ရပ္ေစာက္ၿမိဳ႕နယ္မ်ားမွ စစ္ေဘးေရွာင္စခန္း ၉၆ ခုတြင္ေရာက္ရွိခိုလႈံေနသည့္ လူဦးေရ ၈၉၆၆ ဦးအတြက္ေထာက္ပံ့ေပးအပ္ခဲ့ျခင္းျဖစ္သည္။

တစ္ကိုယ္ရည္သုံးသန႔္ရွင္းေရးပစၥည္း ၁၆၅၆ ခု၊ ႏွာေခါင္းစည္း ၃၄၂ ဘူး၊ လက္သန႔္ေဆးရည္ ၈၆၁၆ ဘူး၊ အမ်ိဳးသမီးတစ္ကိုယ္ရည္သန႔္ရွင္းေရးသုံးပစၥည္း ၂၇၆၆ စုံ၊ ဖ်ာ ၁၁၇၈ ခု၊ ေစာင္ ၃၁၁၃ ထည္၊ ေဆးစိမ္ျခင္ေထာင္ ၃၁၇၂ လုံး၊ ကိုယ္တိုက္ဆပ္ျပာ ၁၂၀၆ တုံး၊ ေမြးကင္းကေလးငယ္သုံးပစၥည္း ၄၇ စုံ၊ ေရပုံး ၇၆၇ ပုံးႏွင့္ေနေရာင္ ျခည္စြမ္းအင္သုံးမီးအိမ္ ၆၆၈ လုံးတို႔အားေထာက္ ပံ့ေပးအပ္ခဲ့သည္။

အလားတူ ႀကိဳး ၃၂ ေခ်ာင္း၊ မိုးကာစ ၄၅၈ စ၊ တစ္ကိုယ္ရည္သန႔္ရွင္းေရးသုံးပစၥည္း(တစ္လစာ) ၆၀ စုံ၊ ေရစစ္ ၃၇ ခု၊ တစ္ကိုယ္ရည္သန႔္ရွင္းေရးသုံးပစၥည္း(တစ္ပတ္စာ) ၁၆၅၃ စုံ၊ မိသားစုသုံးပစၥည္း ၆၉ စုံ၊ အိမ္ေဆာက္အေထာက္အကူျပဳပစၥည္း ၂၇ စုံ၊ မီးဖိုေခ်ာင္သုံးပစၥည္း ၉၇ စုံ၊ မိုးကာစအလိပ္ ၅၁ လိပ္၊ ယာယီယင္လုံအိမ္သာ ၉ လုံး၊ ေရသန႔္စက္ ၂ လုံးႏွင့္ေက်ာင္းေနကေလးမ်ားအ တြက္ ခဲတံ ၁၁၀ ေခ်ာင္း၊ စာအုပ္မ်ိဳးစုံ ၈၄ အုပ္၊ ေက်ာင္းသုံးတစ္ကိုယ္ရည္သန႔္ရွင္းေရးသုံးပ စၥည္း ၁၁၀ ႏွင့္ေက်ာင္းဝတ္စုံ ၁၇ စုံတို႔ကိုလည္း ေထာက္ပံ့ေပးအပ္ခဲ့သည္။

ထို႔ျပင္ စစ္ေဘးေရွာင္စခန္း ၅၂ ခုရွိ ေသာက္ေရလိုအပ္သည့္ အိမ္ေထာင္စု ၉၉၇ စုအတြက္ ေသာက္ေရသန႔္ ၁၁၃၆၈၀ လီတာ၊စစ္ေဘးေရွာင္စခန္း ၉ ခုရွိ အိမ္ေထာင္စု ၁၄၄ စုအတြက္ သုံးေရ ၄၀၀၀၀ ဂါလံတို႔အား ျဖန္႔ေဝေပးခဲ့သည္။

ထို႔အတူ စစ္ေဘးေရွာင္မ်ားအား စစ္ေဘးေရွာင္စခန္းမ်ားသို႔ ပို႔ေဆာင္ေပးျခင္း၊ ေဆြမ်ိဳးသား ခ်င္းမ်ားထံပို႔ေဆာင္ေပးျခင္း၊ ထမင္းႏွင့္‌ေသာက္ ေရသန႔္ဗူးမ်ားျဖန႔္ေဝေပးျခင္း၊ ထိခိုက္ဒဏ္ရာရရွိသူမ်ားႏွင့္ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈရရွိႏိုင္မည့္ ေနရာမ်ားသို႔ပို႔ေဆာင္ေပးျခင္း၊ ေဆး႐ုံလႊဲေျပာင္းလူနာမ်ားအား အေရးေပၚၾကက္ေျခနီလူနာတင္ယာဥ္မ်ားျဖင့္ ေဆး႐ုံေဆးခန္းမ်ားသို႔ ပို႔ေဆာင္ေပးျခင္း၊ ေဘးကင္းရာသို႔ ကူညီပို႔ေဆာင္ေပးျခင္း၊ ေျခတုတပ္ဆင္ရန္ ခ်ိတ္ဆက္ေပးျခင္း၊ ေသာက္ေရ/သုံးေရ ျဖန္႔ေဝေပးျခင္း၊ ေအာက္ခံအခင္းျပားမ်ား ျဖန္႔ေဝေပးျခင္း၊ မိသားစုျပန္လည္ဆက္သြယ္ေပးျခင္း၊ စိတ္ပိုင္းလူမႈပိုင္းဆိုင္ရာအားေပးကူညီျခင္း၊ ယာယီေရေလွာင္ကန္၊ အိမ္သာ၊ အမႈိက္ကန္မ်ား ေဆာက္လုပ္ေပးျခင္း၊ မိသားစုအေရးေပၚသုံးပစၥည္းမ်ားျဖန္႔ေဝေပးျခင္း၊ ေက်ာင္းသား/သူ မ်ားအတြက္ ေက်ာင္းဝတ္စုံ၊ စာအုပ္၊ ခဲတံႏွင့္ ေက်ာင္းသုံး တစ္ကိုယ္ရည္သန္႔ရွင္းေရးသုံးပ စၥည္းမ်ားေထာက္ပံ့ေပးျခင္းႏွင့္ ကိုဗစ္(၁၉)ေရာ ဂါစစ္ေဆးရာတြင္ ကူညီျခင္းတို႔အား ေဆာင္႐ြက္ေပးလ်က္ရွိသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here