ယူကရိန်းက တရုတ်ကို အကူအညီ​တောင်း

0
132

(Unicode)

ယူကရိန်းက တရုတ်ကို အကူအညီ​တောင်း

ဘေဂျင်း၊ မတ် ၂

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာသည် ရုရှားနိုင်ငံနှင့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအတွက် တရုတ်ထံမှ အကူအညီ​ပေးရန် အင်္ဂါနေ့တွင် တရုတ်နိုင်ငံခြား​ရေးဝမ်ယိ အား ဖုန်းဆက်​အကူညီ​တောင်းခဲ့သည်။

“ယူကရိန်းသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်လိုသည့်ဆန္ဒရှိပြီး အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရာတွင်လည်း တရုတ်နိုင်ငံမှ ပါဝင်ရန် မျှော်လင့်နေပါတယ်” ဟု Kuleba က​​ပြောခဲ့​ကြောင်း တရုတ်ထုတ်ပြန်ချက်ထဲတွင်​ဖော်ပြထားသည်။

ယူကရိန်းစစ်ပွဲတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ အလွန်သတိထားပြီး​နေထိုင်ပြောဆိုလျက်ရှိသည်။ ဘေဂျင်းအ​နေဖြသ့် ယခု ပဋိပက္ခကို “ရုရှားကျူးကျော်မှု” ဟုခေါ်ဆိုရန် တွန့်ဆုတ်နေသလို တစ်ချိန်တည်းတွင်အချုပ်အခြာအာဏာကို လေးစားရန်လည်း အားလုံးကို တောင်းဆိုထားသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ရုရှားကို ရှုတ်ချ​ကြောင်း မဲခွဲဆုံးဖြတ်ရာမှာ တရုတ်နိုင်ငံလည်းပါဝင်ခဲ့သည်။

အကယ်၍ တရုတ်နိုင်ငံက ကြားဝင် ဖျန်ဖြေပေးရမည်ဆိုပါက ပေကျင်းအစိုးရအ​နေဖြင့်ဘက်မလိုက်​သော အခန်းကဏ္ဍမှ ပါဝင်မည့်ပုံ ပေါ်သည်။

Source:Nikkei Asia

(Zawgyi)

ယူကရိန္းက တ႐ုတ္ကို အကူအညီ​ေတာင္း

ေဘဂ်င္း၊ မတ္ ၂

ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီး ဒီမီထ႐ို ကူလီဘာသည္ ႐ုရွားႏိုင္ငံႏွင့္ အပစ္အခတ္ရပ္စဲေရး ညႇိႏႈိင္းေရးအတြက္ တ႐ုတ္ထံမွ အကူအညီ​ေပးရန္ အဂၤါေန႔တြင္ တ႐ုတ္ႏိုင္ငံျခား​ေရးဝမ္ယိ အား ဖုန္းဆက္​အကူညီ​ေတာင္းခဲ့သည္။

“ယူကရိန္းသည္ တ႐ုတ္ႏိုင္ငံႏွင့္ ဆက္ဆံေရးေကာင္းမြန္လိုသည့္ဆႏၵရွိၿပီး အပစ္အခတ္ရပ္စဲေရး အေကာင္အထည္ေဖာ္ရာတြင္လည္း တ႐ုတ္ႏိုင္ငံမွ ပါဝင္ရန္ ေမွ်ာ္လင့္ေနပါတယ္” ဟု Kuleba က​​ေျပာခဲ့​ေၾကာင္း တ႐ုတ္ထုတ္ျပန္ခ်က္ထဲတြင္​ေဖာ္ျပထားသည္။

ယူကရိန္းစစ္ပြဲတြင္ တ႐ုတ္ႏိုင္ငံ၏ ရပ္တည္ခ်က္မွာ အလြန္သတိထားၿပီး​ေနထိုင္ေျပာဆိုလ်က္ရွိသည္။ ေဘဂ်င္းအ​ေနျဖသ့္ ယခု ပဋိပကၡကို “႐ုရွားက်ဴးေက်ာ္မႈ” ဟုေခၚဆိုရန္ တြန႔္ဆုတ္ေနသလို တစ္ခ်ိန္တည္းတြင္အခ်ဳပ္အျခာအာဏာကို ေလးစားရန္လည္း အားလုံးကို ေတာင္းဆိုထားသည္။ ကုလသမဂၢ လုံၿခဳံေရးေကာင္စီက ႐ုရွားကို ရႈတ္ခ်​ေၾကာင္း မဲခြဲဆုံးျဖတ္ရာမွာ တ႐ုတ္ႏိုင္ငံလည္းပါဝင္ခဲ့သည္။

အကယ္၍ တ႐ုတ္ႏိုင္ငံက ၾကားဝင္ ဖ်န္ေျဖေပးရမည္ဆိုပါက ေပက်င္းအစိုးရအ​ေနျဖင့္ဘက္မလိုက္​ေသာ အခန္းက႑မွ ပါဝင္မည့္ပုံ ေပၚသည္။

Source:Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here