ရဲတိုက် မူးယစ်ဆေးဝါးအမှုတွင် စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးအား လိုပြသက်သေအဖြစ်မှ ပယ်ဖျက်

0
238

(Unicode)

ရဲတိုက် မူးယစ်ဆေးဝါးအမှုတွင် စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးအား လိုပြသက်သေအဖြစ်မှ ပယ်ဖျက်

သရုပ်ဆောင်ရဲတိုက်၏ မူးယစ်ဆေးဝါးအမှုတွင် လိုပြသက်သေ စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးအား ဥပဒေအရာရှိက သက်သေစာရင်းမှပျယ်ဖျက်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သူရှေ့နေအချို့က ယနေ့တွင် ပြောကြားသည်။

မတ်လ ၁ရက်(ယမန်နေ့)တွင် သရုပ်ဆောင်ရဲတိုက်ကို အင်းစိန်ထောင်တွင်းမှ အနောက်ပိုင်းခရိုင်တရားရုံးသို့ လေးကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး အဆိုပါရုံးချိန်းတွင်သက်သေလာရောက်ထွက်ဆိုခြင်းမရှိသော စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးကို သက်သေအဖြစ်မှပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သရုပ်ဆောင်ရဲတိုက်ကို မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ၁၆(ဂ)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး လက်ရှိတွင်ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က )ဖြင့် အလုပ်နှင့်ထောင်ဒဏ်သုံးနှစ်ချမှတ်ခံထားရခြင်းဖြစ်သည်။

ယမန်နေ့ ရုံးချိန်းတွင် စစ်ဆေးရန်ကျန်ရှိသော တရားလိုပြသက်သေ ရဲဝန်ထမ်းတစ်ဦးနှင့် အမှုစစ်ရဲအရာရှိတစ်ဦး သက်သေထွက်ဆိုရန်ရှိသော်လည်း ရုံးရှေ့မရောက်ရှိလာခဲ့ခြင်းကြောင့် မတ်လ ၁၅ ရက်သို့ ရုံးချိန်းပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။

အဆိုပါအမှုအတွက် တရားလိုပြသက်သေ ခြောက်ဦးတင်ပြထားပြီး၊ သုံးဦးစစ်ဆေးပြီးစီးပြီဖြစ်သည်။

လိုပြသက်သေ ထွက်ဆိုရန်ကျန်ရှိနေသော သုံးဦးအနက်တစ်ဦးအားပျယ်ဖျက်ခဲ့ခြင်းကြောင့် နှစ်ဦးသာ စစ်ဆေးရန်ကျန်ရှိသည်။

သရုပ်ဆောင်ရဲတိုက်၏ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အမှုဖြစ်စဥ်မှာ ဧပြီလ ၃ရက်၌ သရုပ်ဆောင်ရဲတိုက်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့အပြီး ည ၈နာရီအချိန်တွင် သမိုင်းလမ်းဆုံ၌ ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းသို့ ဖမ်းဆီးရမိချိန်တွင် ရဲတိုက်၏ပျောက်ကျားလွယ်အိတ်အတွင်းမှ မူးယစ်ဆေးပြား ၁၁ ပြားနှင့်ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိခဲ့သည့်ဖြစ်စဥ်တစ်ခုဖြစ်ကြောင်း သိရပြီး၊ ယင်းအပေါ် ရဲတိုက်က ၎င်း၏ပစ္စည်းများမဟုတ်ကြောင်း ငြင်းဆိုထားကြောင်း သိရသည်။

(Zawgyi)

ရဲတိုက္ မူးယစ္ေဆးဝါးအမႈတြင္ စိတ္က်န္းမာေရးဆရာဝန္တစ္ဦးအား လိုျပသက္ေသအျဖစ္မွ ပယ္ဖ်က္

သ႐ုပ္ေဆာင္ရဲတိုက္၏ မူးယစ္ေဆးဝါးအမႈတြင္ လိုျပသက္ေသ စိတ္က်န္းမာေရးဆရာဝန္တစ္ဦးအား ဥပေဒအရာရွိက သက္ေသစာရင္းမွပ်ယ္ဖ်က္ခဲ့ေၾကာင္း တရား႐ုံးႏွင့္နီးစပ္သူေရွ႕ေနအခ်ိဳ႕က ယေန႔တြင္ ေျပာၾကားသည္။

မတ္လ ၁ရက္(ယမန္ေန႔)တြင္ သ႐ုပ္ေဆာင္ရဲတိုက္ကို အင္းစိန္ေထာင္တြင္းမွ အေနာက္ပိုင္းခ႐ိုင္တရား႐ုံးသို႔ ေလးႀကိမ္ေျမာက္ ႐ုံးထုတ္စစ္ေဆးခဲ့ျခင္းျဖစ္ၿပီး အဆိုပါ႐ုံးခ်ိန္းတြင္သက္ေသလာေရာက္ထြက္ဆိုျခင္းမရွိေသာ စိတ္က်န္းမာေရးဆရာဝန္တစ္ဦးကို သက္ေသအျဖစ္မွပယ္ဖ်က္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

သ႐ုပ္ေဆာင္ရဲတိုက္ကို မူးယစ္ေဆးဝါးလက္ဝယ္ေတြ႕ရွိမႈ ၁၆(ဂ)ျဖင့္ တရားစြဲဆိုထားျခင္းျဖစ္ၿပီး လက္ရွိတြင္ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅(က )ျဖင့္ အလုပ္ႏွင့္ေထာင္ဒဏ္သုံးႏွစ္ခ်မွတ္ခံထားရျခင္းျဖစ္သည္။

ယမန္ေန႔ ႐ုံးခ်ိန္းတြင္ စစ္ေဆးရန္က်န္ရွိေသာ တရားလိုျပသက္ေသ ရဲဝန္ထမ္းတစ္ဦးႏွင့္ အမႈစစ္ရဲအရာရွိတစ္ဦး သက္ေသထြက္ဆိုရန္ရွိေသာ္လည္း ႐ုံးေရွ႕မေရာက္ရွိလာခဲ့ျခင္းေၾကာင့္ မတ္လ ၁၅ ရက္သို႔ ႐ုံးခ်ိန္းျပန္လည္ခ်ိန္းဆိုထားေၾကာင္း သိရသည္။

အဆိုပါအမႈအတြက္ တရားလိုျပသက္ေသ ေျခာက္ဦးတင္ျပထားၿပီး၊ သုံးဦးစစ္ေဆးၿပီးစီးၿပီျဖစ္သည္။

လိုျပသက္ေသ ထြက္ဆိုရန္က်န္ရွိေနေသာ သုံးဦးအနက္တစ္ဦးအားပ်ယ္ဖ်က္ခဲ့ျခင္းေၾကာင့္ ႏွစ္ဦးသာ စစ္ေဆးရန္က်န္ရွိသည္။

သ႐ုပ္ေဆာင္ရဲတိုက္၏ မူးယစ္ေဆးဝါးႏွင့္ပတ္သက္သည့္ အမႈျဖစ္စဥ္မွာ ဧၿပီလ ၃ရက္၌ သ႐ုပ္ေဆာင္ရဲတိုက္အား ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅-က ျဖင့္ ဖမ္းဝရမ္းထုတ္ခဲ့အၿပီး ည ၈နာရီအခ်ိန္တြင္ သမိုင္းလမ္းဆုံ၌ ဖမ္းဆီးရမိခဲ့ေၾကာင္း၊ ယင္းသို႔ ဖမ္းဆီးရမိခ်ိန္တြင္ ရဲတိုက္၏ေပ်ာက္က်ားလြယ္အိတ္အတြင္းမွ မူးယစ္ေဆးျပား ၁၁ ျပားႏွင့္ဆက္စပ္ပစၥည္းမ်ားဖမ္းဆီးရမိခဲ့သည့္ျဖစ္စဥ္တစ္ခုျဖစ္ေၾကာင္း သိရၿပီး၊ ယင္းအေပၚ ရဲတိုက္က ၎၏ပစၥည္းမ်ားမဟုတ္ေၾကာင္း ျငင္းဆိုထားေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here