ရုရှား-ယူကရိန်းအရေး မြန်မာသတင်းမီဒီယာများ တိကျမှုမရှိသော အချက်အလက်များကို ကိုးကားရေးသားနေဟု ရုရှားသံရုံးထုတ်ပြန်

0
184

(Unicode)

ရုရှား-ယူကရိန်းအရေး မြန်မာသတင်းမီဒီယာများ တိကျမှုမရှိသော အချက်အလက်များကို ကိုးကားရေးသားနေဟု ရုရှားသံရုံးထုတ်ပြန်

ရုရှား-ယူကရိန်းအရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံရှိ သတင်းမီဒီယာများ သတင်းနှင့်ဆောင်းပါးများရေးသားရာတွင်ခိုင်မာတိကျမှုမရှိသော အချက်အလက်များကို ကိုးကား၍ ရေးသားနေကြောင်း ရုရှားသံရုံးက ယမန်နေ့(မတ် ၂)ရက် ညနေပိုင်းတွင်ထုတ်ပြန်ခဲ့သည်။

ထိုသို့ရေးသားနေမှုများရှိနေသည်ကို မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးအနေဖြင့် သတိပြုမိကြောင်းနှင့် ရုရှား-ယူကရိန်းအရေးအတွက် အချို့သော သတင်းအချက်အလက်များကို မျှဝေပေးမည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကနဦးအနေဖြင့် ရုရှားသည် ယူကရိန်းနှင့် ၎င်း၏လူမျိုးကို စစ်မတိုက်လိုသော်လည်း၊ ယူကရိန်းနိုင်ငံ Donbass တွင် ရှစ်နှစ်ကြာ စစ်ပွဲကိုအဆုံးသတ်ရန်အတွက် ရည်ရွယ်သည့် အထူးစစ်ဆင်ရေးတစ်ခုဖြစ်သည်ဟုဆိုသည်။

ယင်းအပြင် ရုရှားစစ်တပ်သည် စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကိုသာ ပစ်မှတ်ထားပြီး အရပ်သားများနှင့် မြို့များကို တိုက်ခိုက်ခြင်းမပြုကြောင်း၊ ယူကရိန်းဘက်ခြမ်းနှင့်မတူဘဲ ရုရှားစစ်တပ်သည် တားမြစ်ထားသောလက်နက်များအပြင် အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးမပြုကြောင်း၊ စစ်သုံ့ပန်းများကို အမြင့်ဆုံးလေးစားမှုဖြင့် ဆက်ဆံလျက်ရှိကြောင်း ဆိုသည်။

ရုရှားအနေဖြင့် ဆွေးနွေးပွဲများနှင့် စေ့စပ်ညှိနှိုင်းရေးများအတွက် အဆင်သင့်ဖြစ်ပြီး၊ ယူကရိန်းရှိ နျူကလီးယားနေရာများအနေဖြင့် IAEA မှ အတည်ပြုထားသည့်အတိုင်း လုံခြုံစိတ်ချရကြောင်း၊ ယူကရိန်းနိုင်ငံတော်အစောင့်တပ်ဖွဲ့နှင့်အတူ ရုရှားစစ်ဘက်ဝန်ထမ်းများသည် Chernobyl နျူကလီးယားဓာတ်အားပေးစက်ရုံနှင့် Zaporizhzhia နျူကလီးယားဓာတ်အားပေးစက်ရုံများ၏ ဘေးကင်းမှုအတွက် အသေအချာဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ကတိကဝတ်စကားဆိုထားသည်။

ရုရှားသံရုံးအနေဖြင့် နောက်ပိုင်းတွင်အရေးကြီးသော အချက်အလက်များကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

(Zawgyi)

႐ုရွား-ယူကရိန္းအေရး ျမန္မာသတင္းမီဒီယာမ်ား တိက်မႈမရွိေသာ အခ်က္အလက္မ်ားကို ကိုးကားေရးသားေနဟု ႐ုရွားသံ႐ုံးထုတ္ျပန္

႐ုရွား-ယူကရိန္းအေရးႏွင့္ ပတ္သက္၍ ျမန္မာႏိုင္ငံရွိ သတင္းမီဒီယာမ်ား သတင္းႏွင့္ေဆာင္းပါးမ်ားေရးသားရာတြင္ခိုင္မာတိက်မႈမရွိေသာ အခ်က္အလက္မ်ားကို ကိုးကား၍ ေရးသားေနေၾကာင္း ႐ုရွားသံ႐ုံးက ယမန္ေန႔(မတ္ ၂)ရက္ ညေနပိုင္းတြင္ထုတ္ျပန္ခဲ့သည္။

ထိုသို႔ေရးသားေနမႈမ်ားရွိေနသည္ကို ျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွားသံ႐ုံးအေနျဖင့္ သတိျပဳမိေၾကာင္းႏွင့္ ႐ုရွား-ယူကရိန္းအေရးအတြက္ အခ်ိဳ႕ေသာ သတင္းအခ်က္အလက္မ်ားကို မွ်ေဝေပးမည္ဟု ယင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ကနဦးအေနျဖင့္ ႐ုရွားသည္ ယူကရိန္းႏွင့္ ၎၏လူမ်ိဳးကို စစ္မတိုက္လိုေသာ္လည္း၊ ယူကရိန္းႏိုင္ငံ Donbass တြင္ ရွစ္ႏွစ္ၾကာ စစ္ပြဲကိုအဆုံးသတ္ရန္အတြက္ ရည္႐ြယ္သည့္ အထူးစစ္ဆင္ေရးတစ္ခုျဖစ္သည္ဟုဆိုသည္။

ယင္းအျပင္ ႐ုရွားစစ္တပ္သည္ စစ္ဘက္ဆိုင္ရာ အေျခခံအေဆာက္အအုံမ်ားကိုသာ ပစ္မွတ္ထားၿပီး အရပ္သားမ်ားႏွင့္ ၿမိဳ႕မ်ားကို တိုက္ခိုက္ျခင္းမျပဳေၾကာင္း၊ ယူကရိန္းဘက္ျခမ္းႏွင့္မတူဘဲ ႐ုရွားစစ္တပ္သည္ တားျမစ္ထားေသာလက္နက္မ်ားအျပင္ အရပ္သားမ်ားကို လူသားဒိုင္းအျဖစ္ အသုံးမျပဳေၾကာင္း၊ စစ္သုံ႔ပန္းမ်ားကို အျမင့္ဆုံးေလးစားမႈျဖင့္ ဆက္ဆံလ်က္ရွိေၾကာင္း ဆိုသည္။

႐ုရွားအေနျဖင့္ ေဆြးေႏြးပြဲမ်ားႏွင့္ ေစ့စပ္ညႇိႏႈိင္းေရးမ်ားအတြက္ အဆင္သင့္ျဖစ္ၿပီး၊ ယူကရိန္းရွိ န်ဴကလီးယားေနရာမ်ားအေနျဖင့္ IAEA မွ အတည္ျပဳထားသည့္အတိုင္း လုံၿခဳံစိတ္ခ်ရေၾကာင္း၊ ယူကရိန္းႏိုင္ငံေတာ္အေစာင့္တပ္ဖြဲ႕ႏွင့္အတူ ႐ုရွားစစ္ဘက္ဝန္ထမ္းမ်ားသည္ Chernobyl န်ဴကလီးယားဓာတ္အားေပးစက္႐ုံႏွင့္ Zaporizhzhia န်ဴကလီးယားဓာတ္အားေပးစက္႐ုံမ်ား၏ ေဘးကင္းမႈအတြက္ အေသအခ်ာေဆာင္႐ြက္ထားရွိၿပီးျဖစ္ေၾကာင္း ကတိကဝတ္စကားဆိုထားသည္။

႐ုရွားသံ႐ုံးအေနျဖင့္ ေနာက္ပိုင္းတြင္အေရးႀကီးေသာ အခ်က္အလက္မ်ားကို ဆက္လက္ထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here