မန္တလေးမြို့ရှိ Hilton ဟိုတယ်အနီး၌ ဗုံးပေါက်ကွဲမှုဖြစ် ဟိုတယ်ပြတင်းပေါက်မှန်အချို့ပျက်စီး

0
127

(Unicode)

မန္တလေးမြို့ရှိ Hilton ဟိုတယ်အနီး၌ ဗုံးပေါက်ကွဲမှုဖြစ် ဟိုတယ်ပြတင်းပေါက်မှန်အချို့ပျက်စီး

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးမျက်မှန်ရပ်ကွက်ရှိ Hiton ဟို တယ်အနီးတွင် ယ နေ့နံနက် ၈ နာရီကျော်ခန့်က ဗုံးတွေ့ရှိ၍ရှင်းလင်းရန်ပြုလုပ်စဥ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု လုံ ခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

မတ် ၃ ရက်(ယနေ့)နံနက် ၈ နာရီခန့်က မန္တလေးစည်ပင်မှဝန်ထမ်းတစ်ဦးသည် အမှိုက်သိမ်းဆည်းမှုပြုလုပ်စဥ် Hilton ဟိုတယ်အရှေ့ဘက်ခြံစည်းရိုးနှင့် ၅ ပေခန့်အကွာ ပလက်ဖောင်ဘေး မန်ကျဉ်းပင်အောက် ရေမြောင်းအတွင်း၌ ပန်း ရောင်ပလပ်စတစ်ပုံးတစ်ခုအား တွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲ့ထံဆက်သွယ်အကြောင်းကြားခဲ့သည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်နေရာအားရောက်ရှိ၍ ၆၆ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားတို့အား ယာယီလမ်းပိတ်ပြီး ဗုံးရှင်းလင်းရန်ပြုလုပ်စဥ် နံနက် ၈ နာရီ ၁၀ မိနစ်ခန့်၌ပေါက်ကွဲခဲ့သည်ဟု သိရသည်။

ပေါက်ကွဲမှုကြောင့် Hilton ဟိုတယ်၏ ပြတင်း ပေါက်မှန် ၄ ချပ်ပျက်စီးခဲ့ပြီး ပလက်ဖေါင်းအုတ် ခုံ ၄ ပေခန့် ပျက်စီးခဲ့သည်ဟု သိရသည်။

“ဖြစ်စဥ်မှာထိခိုက်ဒဏ်ရာရတဲ့လူတော့မရှိပါဘူး ပျက်စီးဆုံးရှုံးမှုကတော့အနည်းအကျဥ်းရှိတာပေါ့ စောင့်ကြည့်နေတုန်းမှာပေါက်ကွဲသွားတာ”ဟုလုံ ခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊စက်မှုနယ် မြေရဲစခန်းအနီးတွင်လည်း မတ် ၃ ရက်(ယနေ့) နံနက် ၆ နာရီခွဲကျော်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ တစ်ဦးထိခိုက်ဏ်ရာရရှိခဲ့ကြောင်း သိရသည်။

(Zawgyi)









LEAVE A REPLY

Please enter your comment!
Please enter your name here