ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပု ရွေး ကောက်ပွဲမဲမသမာမှုဖြင့် တရားရုံး၌စွဲချက်တင်ခံရ

0
128

(Unicode)

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပု ရွေး ကောက်ပွဲမဲမသမာမှုဖြင့် တရားရုံး၌စွဲချက်တင်ခံရ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့်စည် ပင်ဝန်ကြီးဟောင်းဦးမင်းအောင်တို့အား စစ်တွေအကျဥ်းထောင်တွင်းအထူးတရားရုံးမှ ရွေး ကောက်ပွဲမဲမသမာမှုဖြင့် စွဲချက်တင်ခဲ့သည်ဟု ရှေ့နေအသိုင်းအဝိုင်းမှသိရသည်။

စစ်တွေအကျဥ်းထောင်တွင်းတရားရုံးမှ မတ် ၃ ရက်(ယနေ့)တွင် ရွေးကောက်ပွဲမဲမသမာမှုအ တွက် စွဲချက်တင်သင့် မတင်သင့်အား နှစ်ဖက်ရှေ့နေများက လျှောက်လဲချက်ပေးပြီးနောက် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

ဦးညီပုနှင့်ဦးမင်းအောင်တို့အား ၂၀၂၁ ခုနှစ်၊ဒီဇင် ဘာ ၈ ရက်က ရွေးကောက်ပွဲမဲမသမမာမှုဖြင့် ရ ခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ဒု-ညွှန်ကြားရေးမှူးဦးသူရိန်ထွဋ်မှ တရားလိုပြု လုပ်၍ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဦးမင်းအောင်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၀၉ ဖြင့် ဦးညီပု၏ရွေးကောက်ပွဲမဲမသမာပြုလုပ်မှုအား အားပေးကူညီသည်ဟုဆိုကာ ထပ်တိုးတရားစွဲဆိုထားသည်။

“စွဲချက်တင်လိုက်ပြီဖြစ်တဲ့အတွက် အမှုဆက်ပြီးရင်ဆိုင်ရမှာပေါ့ မတ် ၁၀ ရက်နေ့ကို တရားရုံးက ရုံးချိန်းပြန်ချိန်းထားတယ်”ဟုရှေ့နေတစ်ဦးကပြောသည်။

ဦးညီပုသည် တရားရင်ဆိုင်ခဲ့ရသည့် အမှုများအနက် အမှု ၂ မှုအတွက် ဇန်နဝါရီ ၁၉ ရက်တွင် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရပြီး ဦးမင်းအောင်မှာလည်း အမှုတစ်ခုအတွက် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရသည်။

(Zawgyi)

ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္းဦးညီပု ေ႐ြး ေကာက္ပြဲမဲမသမာမႈျဖင့္ တရား႐ုံး၌စြဲခ်က္တင္ခံရ

ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္းဦးညီပုႏွင့္စည္ ပင္ဝန္ႀကီးေဟာင္းဦးမင္းေအာင္တို႔အား စစ္ေတြအက်ဥ္းေထာင္တြင္းအထူးတရား႐ုံးမွ ေ႐ြး ေကာက္ပြဲမဲမသမာမႈျဖင့္ စြဲခ်က္တင္ခဲ့သည္ဟု ေရွ႕ေနအသိုင္းအဝိုင္းမွသိရသည္။

စစ္ေတြအက်ဥ္းေထာင္တြင္းတရား႐ုံးမွ မတ္ ၃ ရက္(ယေန႔)တြင္ ေ႐ြးေကာက္ပြဲမဲမသမာမႈအ တြက္ စြဲခ်က္တင္သင့္ မတင္သင့္အား ႏွစ္ဖက္ေရွ႕ေနမ်ားက ေလွ်ာက္လဲခ်က္ေပးၿပီးေနာက္ စြဲခ်က္တင္ခဲ့ျခင္းျဖစ္သည္။

ဦးညီပုႏွင့္ဦးမင္းေအာင္တို႔အား ၂၀၂၁ ခုႏွစ္၊ဒီဇင္ ဘာ ၈ ရက္က ေ႐ြးေကာက္ပြဲမဲမသမမာမႈျဖင့္ ရ ခိုင္ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ၏ ဒု-ၫႊန္ၾကားေရးမႉးဦးသူရိန္ထြဋ္မွ တရားလိုျပဳ လုပ္၍ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၁၃၀(က)ျဖင့္ တရားစြဲဆိုခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ ဦးမင္းေအာင္အား ရာဇသတ္ႀကီးဥပေဒပုဒ္မ ၁၀၉ ျဖင့္ ဦးညီပု၏ေ႐ြးေကာက္ပြဲမဲမသမာျပဳလုပ္မႈအား အားေပးကူညီသည္ဟုဆိုကာ ထပ္တိုးတရားစြဲဆိုထားသည္။

“စြဲခ်က္တင္လိုက္ၿပီျဖစ္တဲ့အတြက္ အမႈဆက္ၿပီးရင္ဆိုင္ရမွာေပါ့ မတ္ ၁၀ ရက္ေန႔ကို တရား႐ုံးက ႐ုံးခ်ိန္းျပန္ခ်ိန္းထားတယ္”ဟုေရွ႕ေနတစ္ဦးကေျပာသည္။

ဦးညီပုသည္ တရားရင္ဆိုင္ခဲ့ရသည့္ အမႈမ်ားအနက္ အမႈ ၂ မႈအတြက္ ဇန္နဝါရီ ၁၉ ရက္တြင္ ေထာင္ဒဏ္ ၁၁ ႏွစ္ခ်မွတ္ခံထားရၿပီး ဦးမင္းေအာင္မွာလည္း အမႈတစ္ခုအတြက္ ေထာင္ဒဏ္ ၇ ႏွစ္ခ်မွတ္ခံထားရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here