ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ယာယီပိတ်ထားသော အထူးကုပြင်ပလူနာဌာနများအားလုံး ပြန်လည်ဖွင့်လှစ်

0
181

(Unicode)

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ယာယီပိတ်ထားသော အထူးကုပြင်ပလူနာဌာနများအားလုံး ပြန်လည်ဖွင့်လှစ်

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်အချို့နှင့်ဝန်ထမ်းအချို့တွင် ကိုဗစ်(၁၉)ရောဂါကူးစက်ခံထားရမှုကြောင့် ယာယီပိတ်ထားခဲ့သည့် အထူးကုပြင်ပလူနာဌာနများအားလုံးပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အထူးကုပြင်ပလူနာဌာနအချို့အား ဖေဖော်ဝါရီလအတွင်းက ရက်အ နည်းငယ် ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ နှလုံး‌ဆေးကုဌာန၊အထွေထွေအထူးကုသ မားတော်ဌာန၊ကင်ဆာဆေးကုဌာန၊အကြောအ ဆစ်အထူးကုဌာန၊အစာအိမ်နှင့်အူလမ်းကြောင်းဆေးကုဌာနနှင့်ဟော်မုန်းရောဂါအထူးကုဌာနတို့အား ရက်အနည်းငယ်ယာယီပိတ်ထားခဲ့ခြင်းဖြစ် သည်။

ထိုသို့ ပိတ်ထားခဲ့ရာမှ ပြန်လည်ဖွင့်လှစ်ရာတွင် ယခင်ရှိထားပြီးဖြစ်သည့် ပုံမှန်အချိန်ဇယားများအတိုင်းပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

(Zawgyi)

ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၏ ယာယီပိတ္ထားေသာ အထူးကုျပင္ပလူနာဌာနမ်ားအားလုံး ျပန္လည္ဖြင့္လွစ္

ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၌ တာဝန္ထမ္းေဆာင္ေနသည့္ ဆရာဝန္အခ်ိဳ႕ႏွင့္ဝန္ထမ္းအခ်ိဳ႕တြင္ ကိုဗစ္(၁၉)ေရာဂါကူးစက္ခံထားရမႈေၾကာင့္ ယာယီပိတ္ထားခဲ့သည့္ အထူးကုျပင္ပလူနာဌာနမ်ားအားလုံးျပန္လည္ဖြင့္လွစ္ၿပီျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၏ အထူးကုျပင္ပလူနာဌာနအခ်ိဳ႕အား ေဖေဖာ္ဝါရီလအတြင္းက ရက္အ နည္းငယ္ ယာယီပိတ္ထားခဲ့ျခင္းျဖစ္သည္။

ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၏ ႏွလုံး‌ေဆးကုဌာန၊အေထြေထြအထူးကုသ မားေတာ္ဌာန၊ကင္ဆာေဆးကုဌာန၊အေၾကာအ ဆစ္အထူးကုဌာန၊အစာအိမ္ႏွင့္အူလမ္းေၾကာင္းေဆးကုဌာနႏွင့္ေဟာ္မုန္းေရာဂါအထူးကုဌာနတို႔အား ရက္အနည္းငယ္ယာယီပိတ္ထားခဲ့ျခင္းျဖစ္ သည္။

ထိုသို႔ ပိတ္ထားခဲ့ရာမွ ျပန္လည္ဖြင့္လွစ္ရာတြင္ ယခင္ရွိထားၿပီးျဖစ္သည့္ ပုံမွန္အခ်ိန္ဇယားမ်ားအတိုင္းျပန္လည္ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here