ဒေါ်ဖြူဖြူသင်း၏ မိခင်အိမ် ဝရမ်းကပ်ခံရ

0
182

(Unicode)

ဒေါ်ဖြူဖြူသင်း၏ မိခင်အိမ် ဝရမ်းကပ်ခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊CRPH အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် ဒေါ်ဖြူဖြူသင်း၏ မိခင်နေအိမ်ကို မတ် ၁၈ ရက် နောက်ဆုံးထား၍ ဖယ်ရှားပေးရန် ဝရမ်းလာကပ်လိုက်သည်ဟု နီးစပ်သူများထံမှသိရသည်။

အဆိုပါနေအိမ်သည် တောင်ဥက္ကလာပမြို့နယ်ထဲတွင်ရှိပြီး ဒေါ်ဖြူဖြူသင်း၏ မိခင်လက်ရှိတွင် နေထိုင်လျက်ရှိနေသည့် အိမ်ဖြစ်သည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဒေါ်ဖြူဖြူသင်းသည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၂အရ ပြစ်ဒဏ်ထိုက်သည့် အမှုကို ကျူးလွန်သည်ဟု တိုင်ချက်ရှိသဖြင့် ဝရမ်းထုတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေ၍ ဆိုကာ နေအိမ်ကို ဝရမ်းကပ်ခြင်းဖြစ်သည်ဟု ဝရမ်းစာအရသိရသည်။

ယင်းအပြင် မတ်လ ၁၈ရက်အတွင်း ရုံးတော်သို့ ဒေါ်ဖြူဖြူသင်းလာရောက်ရန်လည်း ဆင့်ခေါ်ထားသည်ကိုတွေ့ရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း မရမ်းကုန်းမှ ဒေါက်တာမေဝင်းမြင့်နေထိုင်ရာအိမ်အား ချိတ်ပိတ်ခြင်းများလည်း ရှိခဲ့သည်။

(Zawgyi)

ေဒၚျဖဴျဖဴသင္း၏ မိခင္အိမ္ ဝရမ္းကပ္ခံရ

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အဖြဲ႕ဝင္တစ္ဦးလည္းျဖစ္၊CRPH အဖြဲ႕ဝင္တစ္ဦးလည္းျဖစ္သည့္ ေဒၚျဖဴျဖဴသင္း၏ မိခင္ေနအိမ္ကို မတ္ ၁၈ ရက္ ေနာက္ဆုံးထား၍ ဖယ္ရွားေပးရန္ ဝရမ္းလာကပ္လိုက္သည္ဟု နီးစပ္သူမ်ားထံမွသိရသည္။

အဆိုပါေနအိမ္သည္ ေတာင္ဥကၠလာပၿမိဳ႕နယ္ထဲတြင္ရွိၿပီး ေဒၚျဖဴျဖဴသင္း၏ မိခင္လက္ရွိတြင္ ေနထိုင္လ်က္ရွိေနသည့္ အိမ္ျဖစ္သည္။

ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးက ေဒၚျဖဴျဖဴသင္းသည္ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၁၂၂အရ ျပစ္ဒဏ္ထိုက္သည့္ အမႈကို က်ဴးလြန္သည္ဟု တိုင္ခ်က္ရွိသျဖင့္ ဝရမ္းထုတ္ခဲ့ၿပီး ထြက္ေျပးတိမ္းေရွာင္ေန၍ ဆိုကာ ေနအိမ္ကို ဝရမ္းကပ္ျခင္းျဖစ္သည္ဟု ဝရမ္းစာအရသိရသည္။

ယင္းအျပင္ မတ္လ ၁၈ရက္အတြင္း ႐ုံးေတာ္သို႔ ေဒၚျဖဴျဖဴသင္းလာေရာက္ရန္လည္း ဆင့္ေခၚထားသည္ကိုေတြ႕ရသည္။

ၿပီးခဲ့သည့္ရက္ပိုင္းကလည္း မရမ္းကုန္းမွ ေဒါက္တာေမဝင္းျမင့္ေနထိုင္ရာအိမ္အား ခ်ိတ္ပိတ္ျခင္းမ်ားလည္း ရွိခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here