ကျောက်ဆစ်လုပ်ငန်းရှင်များအသင်းအား အ နည်းဆုံးလူဦးရေ ၃၀ ဦးခန့်ဖြင့်ဖွဲ့စည်းရန်ပြင်ဆင်လျက်ရှိ

0
121

(Unicode)

ကျောက်ဆစ်လုပ်ငန်းရှင်များအသင်းအား အ နည်းဆုံးလူဦးရေ ၃၀ ဦးခန့်ဖြင့်ဖွဲ့စည်းရန်ပြင်ဆင်လျက်ရှိ

မန္တလေးတိုင်းအတွင်း၌ ကျောက်ဆစ်လုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် စကျင်ကျောက်စျေးနှုန်းအား တစ်ပြေးညီရောင်းချပေးနိုင်ရေးအတွက် ကျောက်ဆစ်လုပ်ငန်းရှင်များအသင်းအား ဖွဲ့စည်းရန်ပြင်ဆင်လျက်ရှိသည်ဟု မတ္တရာမြို့နယ်၊စကျင်ကျေးရွာမှ ကျောက်ဆစ်လုပ်ငန်းရှင်ဦးစိုးဝင်းထံမှ သိရသည်။

ကျောက်ဆစ်လုပ်ငန်းရှင်များအသင်းဖွဲ့စည်းရာ တွင် ကျောက်ဆစ်လုပ်ငန်းလုပ်ကိုင်နေသည့် အ လွှာပေါင်းစုံမှ အနည်းဆုံးလူဦးရေ ၃၀ ဦးခန့်မှ ၅၀ ဦးခန့်ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

“အသင်းဖွဲ့စည်းဖို့အတွက် လုပ်ငန်းရှင်တွေအကုန် လုံးညှိနှိုင်းဆွေးနွေးတာတွေ လုပ်ပြီးပါပြီ ဖွဲ့စည်းပြီးသွားရင်တော့ စကျင်ကျောက်စျေးနှုန်းတွေကိုတစ်ပြေးညီရောင်းချပေးသွားနိုင်တော့မှာပါ”ဟုကျောက်ဆစ်လုပ်ငန်းရှင်ဦးစိုးဝင်းကပြောသည်။

လက်ရှိအချိန်တွင် ကျောက်ဆစ်လုပ်ငန်းလုပ်ကိုင်နေသူများမှာ လူမှုကွန်ယက်စာမျက်နှာများပေါ်မှတဆင့် အရောင်းအဝယ်ပြုလုပ်မှုများရှိနေသော် လည်း အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။

“အသင်းဖွဲ့စည်းဖို့ကတော့ အကုန်လုံးအဆင်သင့်ဖြစ်နေပြီ ဖွဲ့စည်းပြီးသွားရင်တော့ ကျောက်ဆစ်လုပ်ငန်းရှင်တွေကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အထိုက်အလျောက်ဖြေရှင်းပေးသွားနိုင်တော့မှာဖြစ်သလို အခက်အခဲတွေမဖြစ်လာအောင်လည်း ဆောင်ရွက်ပေးသွားနိုင်တော့မှာပါ”ဟုဦးစိုးဝင်းကပြောသည်။

ကျောက်ဆစ်လုပ်ငန်းရှင်များအသင်းအား ကိုဗစ်(၁၉)ရောဂါဖြစ်ပွားနေသဖြင့် ဖွဲ့စည်းနိုင်ခြင်းမရှိသေးသော်လည်း ကိုဗစ်(၁၉)ရောဂါအလွန်၌ မဖြစ်မနေဖွဲ့စည်းရန်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

(Zawgyi)

ေက်ာက္ဆစ္လုပ္ငန္းရွင္မ်ားအသင္းအား အ နည္းဆုံးလူဦးေရ ၃၀ ဦးခန္႔ျဖင့္ဖြဲ႕စည္းရန္ျပင္ဆင္လ်က္ရွိ

မႏၲေလးတိုင္းအတြင္း၌ ေက်ာက္ဆစ္လုပ္ငန္းလုပ္ကိုင္ေနသူမ်ားအေနျဖင့္ စက်င္ေက်ာက္ေစ်းႏႈန္းအား တစ္ေျပးညီေရာင္းခ်ေပးႏိုင္ေရးအတြက္ ေက်ာက္ဆစ္လုပ္ငန္းရွင္မ်ားအသင္းအား ဖြဲ႕စည္းရန္ျပင္ဆင္လ်က္ရွိသည္ဟု မတၱရာၿမိဳ႕နယ္၊စက်င္ေက်း႐ြာမွ ေက်ာက္ဆစ္လုပ္ငန္းရွင္ဦးစိုးဝင္းထံမွ သိရသည္။

ေက်ာက္ဆစ္လုပ္ငန္းရွင္မ်ားအသင္းဖြဲ႕စည္းရာ တြင္ ေက်ာက္ဆစ္လုပ္ငန္းလုပ္ကိုင္ေနသည့္ အ လႊာေပါင္းစုံမွ အနည္းဆုံးလူဦးေရ ၃၀ ဦးခန္႔မွ ၅၀ ဦးခန္႔ျဖင့္ ဖြဲ႕စည္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

“အသင္းဖြဲ႕စည္းဖို႔အတြက္ လုပ္ငန္းရွင္ေတြအကုန္ လုံးညႇိႏႈိင္းေဆြးေႏြးတာေတြ လုပ္ၿပီးပါၿပီ ဖြဲ႕စည္းၿပီးသြားရင္ေတာ့ စက်င္ေက်ာက္ေစ်းႏႈန္းေတြကိုတစ္ေျပးညီေရာင္းခ်ေပးသြားႏိုင္ေတာ့မွာပါ”ဟုေက်ာက္ဆစ္လုပ္ငန္းရွင္ဦးစိုးဝင္းကေျပာသည္။

လက္ရွိအခ်ိန္တြင္ ေက်ာက္ဆစ္လုပ္ငန္းလုပ္ကိုင္ေနသူမ်ားမွာ လူမႈကြန္ယက္စာမ်က္ႏွာမ်ားေပၚမွတဆင့္ အေရာင္းအဝယ္ျပဳလုပ္မႈမ်ားရွိေနေသာ္ လည္း အခက္အခဲမ်ားျဖစ္ေပၚလ်က္ရွိသည္ဟု သိရသည္။

“အသင္းဖြဲ႕စည္းဖို႔ကေတာ့ အကုန္လုံးအဆင္သင့္ျဖစ္ေနၿပီ ဖြဲ႕စည္းၿပီးသြားရင္ေတာ့ ေက်ာက္ဆစ္လုပ္ငန္းရွင္ေတြႀကဳံေတြ႕ေနရတဲ့ အခက္အခဲေတြကို အထိုက္အေလ်ာက္ေျဖရွင္းေပးသြားႏိုင္ေတာ့မွာျဖစ္သလို အခက္အခဲေတြမျဖစ္လာေအာင္လည္း ေဆာင္႐ြက္ေပးသြားႏိုင္ေတာ့မွာပါ”ဟုဦးစိုးဝင္းကေျပာသည္။

ေက်ာက္ဆစ္လုပ္ငန္းရွင္မ်ားအသင္းအား ကိုဗစ္(၁၉)ေရာဂါျဖစ္ပြားေနသျဖင့္ ဖြဲ႕စည္းႏိုင္ျခင္းမရွိေသးေသာ္လည္း ကိုဗစ္(၁၉)ေရာဂါအလြန္၌ မျဖစ္မေနဖြဲ႕စည္းရန္ျပင္ဆင္ေဆာင္႐ြက္လ်က္ရွိသည္ဟု သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here