မျိုးဆက်သစ်မိဘမေတ္တာ ပရဟိတမိဘမဲ့ကျောင်းမှာ မွေးနေ့အလှူအဖြစ်အလှူ‌ေငွ များလှူဒါန်းပေးခဲ့တဲ့ နန်းခင်ဇေယျာ

0
187

မျိုးဆက်သစ်မိဘမေတ္တာပရဟိတမိဘမဲ့ကျောင်းမှာမွေးနေ့အလှူအဖြစ်အလှူငွေများလှူဒါန်းပေးခဲ့တဲ့ နန်းခင်ဇေယျာ

နန်းခင်ဇေယျာက ဒီနေ့ မတ်လ ၄ ရက်နေ့မှာ ကျရောက်တဲ့မွေးနေ့လေးမှာ မွေးနေ့အထိမ်းအမှတ်အလှူလေးအဖြစ် မျိုးဆက်သစ်မိဘမေတ္တာပရဟိတမိဘမဲ့ကျောင်းမှာ အစား အသောက်နဲ့ အလှူငွေများလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

အခုလိုနဲ့ပတ်သက်ပြီး နန်းခင်ဇေယျာက
” ဒီနှစ်ကတော့ နန်းခင်ရဲ့ မွေးနေ့နံနဲ့ မွေးရက်၊ မွေးလ တစ်ထပ်တည်းကျတဲ့နေ့လေးမှာ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာရှိတဲ့ မျိုးဆက်သစ် မိဘမေတ္တာ ပရဟိတ မိဘမဲ့ကျောင်းမှာ နဝကမ္မ အလှူငွေ – ၃၀၀၀၀၀ ကျပ်
သင်္ကန်း ပရိက္ခရာ – ၄၀၀၀၀ ကျပ်ကလေးများအတွက် နို့မှုန့်၊ အာဟာရမှုန့်များနှင့် အထွေထွေ အစားသောက်၊ ပစ္စည်းများ – ၃၀၀၀၀၀ ကျပ်တို့ကို ဆပ်ကပ်လှူဒါန်းခဲ့ပြီး သားသားမီးမီးလေးတွေနဲ့ လည်း သွားရောက်တွေ့ဆုံခဲ့တယ် ” လို့သူမလက်ရှိအသုံးပြုနေတဲ့လူမှုကွန်ယက်စာ မျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here