မဟာအောင်မြေမြို့နယ်တွင် ချိန်ကိုက်မိုင်းပေါက်ကွဲမှုဖြစ်ပွား

0
141

မဟာအောင်မြေမြို့နယ်တွင် ချိန်ကိုက်မိုင်းပေါက်ကွဲမှုဖြစ်ပွား

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ဟေမမာလာရပ်ကွက်၊၇၈လမ်းနှင့်၃၈လမ်းဒေါင့်၊ယာဉ်ထိန်းအဆောက်အဦဘေးရှိ မီးပွိုင့် Control BOxအား မတ်လ၄ ရက်နေ့ ည၇နာရီခန့်က ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲခဲ့ပြီး ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

“အုံးဆိုပြီး အသံကြားလိုက်တယ်။ကြည့်လိုက် ၇၈နဲ့၃၈လမ်းဒေါင့်က မီးပွိုင့်မှာ မီးတွေလောင်နေတာ တွေ့လိုက်တယ်။ခဏနေတော့ လုံခြုံရေးတပ်ဖွဲ့တွေ ရောက်လာပြီး စစ်ဆေးရေးလုပ်နေတာ တွေ့လိုက်ရတယ်´´ဟု ဒေသခံတစ်ဦးမှ ပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ မီးပွိုင့်အား ထိန်းချုပ်သည့် control box (၁)လုံးသာပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုနှင့်အခြားပျက်စီးမှုတစ်စုံတစ်ရာ မရှိခဲ့
ကြောင်းလည်း လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

အဆိုပါချိန်ကိုက်မိုင်း ဖောက်ခွဲမှုအား Mandalay Ranger Force၊ Guerilla Force Mandalay၊ အမရကြယ်စင် PDF သုံးဖွဲ့ ပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှမှတဆင့် ကြေညာထားသည်ကိုလည်း တွေ့ရသည်။

ဓါတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here