မုံရွာမြို့မှ ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦး သေ နတ်ဖြင့်ပစ်သတ်ခံရ

0
110

မုံရွာမြို့မှ ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦး သေ နတ်ဖြင့်ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊မုံရွာမြို့၊လယ်တီရပ်ကွက်နေ KBZ ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦးသည် မတ် ၄ ရက်ညနေ ၄ နာရီကျော်ခန့်က သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှသိရသည်။

လယ်တီရပ်ကွက်ရှိ ၎င်း၏နေအိမ်အနီး၌ ဘဏ်မှပြန်လာစဥ်ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာများရရှိ၍ သေဆုံးသွားခဲ့သည်ဟု သိရသည်။

“သူ့အိမ်နားအရောက်မှာ ပစ်ခံရတာ သေနတ်သံကြားလို့ထွက်ကြည့်တဲ့အချိန် ဒဏ်ရာတွေနဲ့လဲကျနေပြီ သူ့ကိုပစ်သွားတဲ့လူတွေကိုမတွေ့တော့ဘူး ဘယ်သူတွေကဘယ်လိုပစ်သွားလဲဆိုတာတော့မသိဘူး”ဟုဒေသခံတစ်ဦးကပြောသည်။

အဆိုပါ အမျိုးသမီးသည် မဖြိုးဖြိုးဆွေ ဆိုသူဖြစ်ကာ မုံရွာမြို့ KBZ ဘဏ်၏ ဒု-မန်နေဂျာတစ်ဦးဖြစ်ပြီး အမည်မသိအမျိုးသားနှစ်ဦးမှ သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

အခင်းဖြစ်နေရာအနီးတဝိုက်နှင့်လမ်းများအား အခင်းဖြစ်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here