မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ခရီးသည်တင်ကားက ပြောင်းတင်တွဲကားအားနောက်မှဝင်တိုက် တစ်ဦးဒဏ်ရာရ

0
192

မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ခရီးသည်တင်ကားက ပြောင်းတင်တွဲကားအားနောက်မှဝင်တိုက် တစ်ဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းပေါ်တွင် ယနေ့နေ့လည် ၁ နာရီ ၄၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သင်္ဃန်းညီနောင်(မြို့သစ်)လူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

အာရှလမ်းမကြီး၏ ကွင်းကလေးတံတားအပေါ်ကွေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခရီးသည်တင်ကားမှ ပြောင်းတင်တွဲကားအားနောက်မှဝင်တိုက်မိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ပြောင်းတင်တွဲကားအနောက်ပိုင်းကို ခရီးသည်တင်ကားရဲ့ စပယ်ယာဘက်အခြမ်းနဲ့ဝင်တိုက်မိတာ စပယ်ယာတစ်ယောက်ပဲဒဏ်ရာရတဲ့လူရှိတယ် ခြေထောက်မှာပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတာ”ဟုသင်္ဃန်းညီနောင်(မြို့သစ်)လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ခရီးသည်တင်ကား၏ စပယ်ယာအား သင်္ဃန်းညီနောင်(မြို့သစ်)လူမှုကယ်ဆယ်ရေးအဖွဲ့မှ အရေးပေါ်ပြုစုမှုများပြုလုပ်ပြီးနောက် မြဝတီမြို့ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသရန်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“တွဲကားကိုကျော်တက်တဲ့အချိန် တစ်ဖက်လမ်းကြောကနေကားဝင်လာတာကိုမြင်တော့ လမ်းကြောထဲကိုပြန်ဝင်တဲ့အခါမှာ စပယ်ယာဘက်ခြမ်းနဲ့တိုက်မိသွားတာပါ တွဲကားကတော့ပြောင်းဆန်တွေနည်းနည်းကျသွားတာပဲရှိတယ် ဘာမှမဖြစ်ဘူး ခရီးသည်ကားကတော့ ရှေ့ခြမ်းအတော်ပျက်စီးသွားတယ်”ဟုသင်္ဃန်းညီနောင်(မြို့သစ်)လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

Zaw Gyi

ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းတြင္ ခရီးသည္တင္ကားက ေျပာင္းတင္တြဲကားအားေနာက္မွဝင္တိုက္ တစ္ဦးဒဏ္ရာရ

ကရင္ျပည္နယ္၊ေကာ့ကရိတ္ၿမိဳ႕နယ္ရွိ ျမဝတီ-ေကာ့ကရိတ္သြား အာရွလမ္းေပၚတြင္ ယေန႔ေန႔လည္ ၁ နာရီ ၄၀ မိနစ္ခန္႔က ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သဃၤန္းညီေနာင္(ၿမိဳ႕သစ္)လူမႈကယ္ဆယ္ေရးအဖြဲ႕မွ သိရသည္။

အာရွလမ္းမႀကီး၏ ကြင္းကေလးတံတားအေပၚေကြ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ခရီးသည္တင္ကားမွ ေျပာင္းတင္တြဲကားအားေနာက္မွဝင္တိုက္မိခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

“ေျပာင္းတင္တြဲကားအေနာက္ပိုင္းကို ခရီးသည္တင္ကားရဲ႕ စပယ္ယာဘက္အျခမ္းနဲ႔ဝင္တိုက္မိတာ စပယ္ယာတစ္ေယာက္ပဲဒဏ္ရာရတဲ့လူရွိတယ္ ေျခေထာက္မွာျပင္းျပင္းထန္ထန္ဒဏ္ရာရသြားတာ”ဟုသဃၤန္းညီေနာင္(ၿမိဳ႕သစ္)လူမႈကယ္ဆယ္ေရးအဖြဲ႕ဝင္တစ္ဦးကေျပာသည္။

ထိခိုက္ဒဏ္ရာရရွိခဲ့သည့္ ခရီးသည္တင္ကား၏ စပယ္ယာအား သဃၤန္းညီေနာင္(ၿမိဳ႕သစ္)လူမႈကယ္ဆယ္ေရးအဖြဲ႕မွ အေရးေပၚျပဳစုမႈမ်ားျပဳလုပ္ၿပီးေနာက္ ျမဝတီၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ေဆးကုသရန္ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

“တြဲကားကိုေက်ာ္တက္တဲ့အခ်ိန္ တစ္ဖက္လမ္းေၾကာကေနကားဝင္လာတာကိုျမင္ေတာ့ လမ္းေၾကာထဲကိုျပန္ဝင္တဲ့အခါမွာ စပယ္ယာဘက္ျခမ္းနဲ႔တိုက္မိသြားတာပါ တြဲကားကေတာ့ေျပာင္းဆန္ေတြနည္းနည္းက်သြားတာပဲရွိတယ္ ဘာမွမျဖစ္ဘူး ခရီးသည္ကားကေတာ့ ေရွ႕ျခမ္းအေတာ္ပ်က္စီးသြားတယ္”ဟုသဃၤန္းညီေနာင္(ၿမိဳ႕သစ္)လူမႈကယ္ဆယ္ေရးအဖြဲ႕ဝင္တစ္ဦးကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here