စက်သုံးဆီစျေးမြင့်တက်လာမှုကြောင့်မန္တလေးရှိ မြို့တွင်းခေါက်တိုကုန်တင်ကား လုပ်ကိုင်ရခက်ခဲနေ
0
322
စက်သုံးဆီစျေးမြင့်တက်လာမှုကြောင့်မန္တလေးရှိ မြို့တွင်းခေါက်တိုကုန်တင်ကား လုပ်ကိုင်ရခက်ခဲနေ
မန္တလေးမြို့တွင် ယခုအခါ စက်သုံးဆီစျေးနှုန်းများမြင့်တက်လာမှုကြောင့် မြို့တွင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်သည့် မြို့တွင်းခေါက်တိုကုန်တင်ကားများ လုပ်ကိုင်ရခက်ခဲလျှက်ရှိကြောင်း ကုန်တင်ယာဉ်မောင်းများထံမှ စုံစမ်းသိရှိရသည်။
“ကိုဗစ်မဖြစ်ခင်က အချိန်(၃၀)ဝင်တစ်အိတ် ၁၃၀ကျပ်ယူတယ်။ကားတစ်စီးလုံးအပြည့်တင်မယ်ဆိုရင် ကားခေါက်တစ်ခေါက်ကို ၄၀၀၀၀ ဝန်းကျင်လောက်ရတယ်။ဆီဖိုး+ဒရိုင်ဘာကြေးနှုတ်ပြီး ၂၀၀၀၀လောက်ကျန်တယ်။အခု အချိန်၃၀ဝင်တစ်အိတ်ကို ၁၇၀ယူတယ်။ကားတစ်စီးအပြည့်ဆိုရင် ၅၀၀၀၀ကျပ် ဝန်းကျင်ရပြီးဆီဖိုးနှုတ်ရင် ဆီဖိုး+ဒရိုင်ဘာကြေးနှုတ်လိုက်ရင် ကိုယ့်အတွက် ဘာမှ မကျန်တော့ဘူး။ကားခက ဒီထက်အများကြီးထပ်တက်ယူလို့မရတော့ လုပ်ရကိုင်ရတာ ဘယ်လိုမှ အဆင်မပြေဘူး´´ဟု မန္တလေးမြို့ခံခေါက်တိုကုန်တင်ယာဉ်ပိုင်ရှင်တစ်ဦးကပြောသည်။
ကုန်တင်ယာဉ်မောင်းတစ်ဦးကလည်း“ဟိုအရင်ကဆို ရင် ဆီတစ်သောင်းဖိုးထည့်ထားရင် မြို့တွင်း ၂ခေါက်လောက်ဆွဲလို့ရတယ်။အခု ၃၀၀၀၀ဖိုးထည့်တာတောင် ၂ခေါက်အပြည့်မရတော့ဘူး´´ဟု စက်သုံးဆီစျေးမြင့်တက်လာမှုအပေါ် ညီးတွားပြောဆိုခဲ့သည်။
မန္တလေးမြို့တွင် မြို့တွင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်သည့် မြို့ တွင်းခေါက်တိုကုန်တင်ယာဉ်လုပ်ငန်းများအပြင် ဆိုင်ကယ်တက္ကစီ၊သုံးဘီးအငှားယာဉ်လုပ်ငန်းများလည်း စက်သုံးဆီစျေးမြင့်တက်လာမှု လုပ်ငန်းများလုပ်ကိုင်ရန်အခက်အခဲများစွာရှိနေကြောင်းလည်း စုံစမ်းသိရှိရသည်။
Zaw Gyi
စက်သုံးဆီဈေးမြင့်တက်လာမှုကြောင့် မန္တလေးရှိ မြို့တွင်းခေါက်တိုကုန်တင်ကား လုပ်ကိုင်ရခက်ခဲနေ
မန္တလေးမြို့တွင် ယခုအခါ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကြောင့် မြို့တွင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်သည့် မြို့တွင်းခေါက်တိုကုန်တင်ကားများ လုပ်ကိုင်ရခက်ခဲလျှက်ရှိကြောင်း ကုန်တင်ယာဉ်မောင်းများထံမှ စုံစမ်းသိရှိရသည်။
မန္တလေးမြို့တွင် မြို့တွင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်သည့် မြို့ တွင်းခေါက်တိုကုန်တင်ယာဉ်လုပ်ငန်းများအပြင် ဆိုင်ကယ်တက္ကစီ၊သုံးဘီးအငှားယာဉ်လုပ်ငန်းများလည်း စက်သုံးဆီဈေးမြင့်တက်လာမှု လုပ်ငန်းများလုပ်ကိုင်ရန်အခက်အခဲများစွာရှိနေကြောင်းလည်း စုံစမ်းသိရှိရသည်။
LEAVE A REPLY
Please enter your comment!
Please enter your name here