နိုင်ငံတော်၏ရငွေပိုင်းအရ ၂၀၂၂ ခုနှစ် ဧပြီလမှစ၍ စက်သုံးဆီအား ခြိုးခြံချွေတာ လျှော့ချ သုံးစွဲကြမည်

0
202

နိုင်ငံတော်၏ရငွေပိုင်းအရ ၂၀၂၂ ခုနှစ် ဧပြီလမှစ၍ စက်သုံးဆီအား ခြိုးခြံချွေတာ လျှော့ချ သုံးစွဲကြမည်

စက်သုံးဆီသုံးစွဲမှုနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် စက်သုံးဆီများကို ပြည်ပမှ ဝယ်ယူတင်သွင်းနေရသည့်အတွက် နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းစေရန်နှင့် အသုံးစရိတ် လျှော့ချနိုင်ရန်ဆောင်ရွက်လျက်ရှိသည်ဟုနစကဒုတိယဥက္ကဋ္ဌကပြောသည်။

မတ်လ၄ရက်နေ့ကနေပြည်တော်တွင် ပြုလုပ်သည့် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ အစည်းအဝေးတွင်ပြောဆိုခဲ့ခြင်းဖြစ်သည်။

နစကက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်း၏ သာမန်အသုံးစရိတ်တွင် စက်သုံးဆီနှင့်ပတ်သက်၍ ဌာန၊ အဖွဲ့အစည်းများက ဝန်ထမ်းရာထူးအဆင့်အလိုက် သတ်မှတ်လျာထားသည့် စက်သုံးဆီ၊ အုပ်ချုပ်မှုသုံးနှင့် လုပ်ငန်းသုံးယာဉ်များအတွက် လျာထားသော စက်သုံး ဆီ အရေအတွက် ဂါလန်များသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် လျာထားခဲ့သည့် စက်သုံးဆီအရေအတွက် ဂါလန်များနှင့် နှိုင်းယှဉ်လျှင် များစွာလျော့နည်း သွားအောင်ဆောင်ရွက်ခဲ့သည်။

ယင်းအပြင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ်များသည် အဆောင်အယောင်များဆိုင်ရာ ဥပဒေအရ ခံစားခွင့်ပြုထားသည့် မော်တော်ယာဉ်များ၏ စက်သုံးဆီသုံးစွဲခွင့်ပြု နှုန်းထားများကိုလည်း လက်ရှိ နိုင်ငံတော်၏ရငွေပိုင်းအခြေအနေအရ၊ ခြိုးခြံချွေတာ ရေးအရ ၂၀၂၂ ခုနှစ် ဧပြီလမှစ၍ လျှော့ချ သုံးစွဲကြမည်ဟုနစကဒုတိယဥက္ကဋ္ဌကပြောသည်။

လက်ရှိတွင်နိုင်ငံတစ်ဝှမ်း စက်သုံးဆီစျေးနှုန်းများမကြုံစဖူး မြင့်တက်နေ၍ အခက်တွေ့နေကြသည်။

Zaw Gyi

ႏိုင္ငံေတာ္၏ရေငြပိုင္းအရ ၂၀၂၂ ခုႏွစ္ ဧၿပီလမွစ၍ စက္သုံးဆီအား ၿခိဳးၿခံေခြၽတာ ေလွ်ာ့ခ် သုံးစြဲၾကမည္

စက္သုံးဆီသုံးစြဲမႈႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္အေနျဖင့္ စက္သုံးဆီမ်ားကို ျပည္ပမွ ဝယ္ယူတင္သြင္းေနရသည့္အတြက္ ႏိုင္ငံျခားေငြသုံးစြဲမႈ ေလ်ာ့နည္းေစရန္ႏွင့္ အသုံးစရိတ္ ေလွ်ာ့ခ်ႏိုင္ရန္ေဆာင္႐ြက္လ်က္ရွိသည္ဟုနစကဒုတိယဥကၠ႒ကေျပာသည္။

မတ္လ၄ရက္ေန႔ကေနျပည္ေတာ္တြင္ ျပဳလုပ္သည့္ ဘ႑ာေရးဆိုင္ရာ ေကာ္မရွင္ဒုတိယဥကၠ႒ႏွင့္တာဝန္ရွိသူမ်ား အစည္းအေဝးတြင္ေျပာဆိုခဲ့ျခင္းျဖစ္သည္။

နစကက ၂၀၂၂-၂၀၂၃ ဘ႑ာေရးႏွစ္ အရအသုံးခန္႔မွန္းေျခေငြစာရင္း၏ သာမန္အသုံးစရိတ္တြင္ စက္သုံးဆီႏွင့္ပတ္သက္၍ ဌာန၊ အဖြဲ႕အစည္းမ်ားက ဝန္ထမ္းရာထူးအဆင့္အလိုက္ သတ္မွတ္လ်ာထားသည့္ စက္သုံးဆီ၊ အုပ္ခ်ဳပ္မႈသုံးႏွင့္ လုပ္ငန္းသုံးယာဥ္မ်ားအတြက္ လ်ာထားေသာ စက္သုံး ဆီ အေရအတြက္ ဂါလန္မ်ားသည္ ၂၀၂၀-၂၀၂၁ ဘ႑ာေရးႏွစ္ အတြက္ လ်ာထားခဲ့သည့္ စက္သုံးဆီအေရအတြက္ ဂါလန္မ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ မ်ားစြာေလ်ာ့နည္း သြားေအာင္ေဆာင္႐ြက္ခဲ့သည္။

ယင္းအျပင္ ျပည္ေထာင္စုအဆင့္ ပုဂၢိဳလ္မ်ားႏွင့္ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အဆင့္ပုဂၢိဳလ္မ်ားသည္ အေဆာင္အေယာင္မ်ားဆိုင္ရာ ဥပေဒအရ ခံစားခြင့္ျပဳထားသည့္ ေမာ္ေတာ္ယာဥ္မ်ား၏ စက္သုံးဆီသုံးစြဲခြင့္ျပဳ ႏႈန္းထားမ်ားကိုလည္း လက္ရွိ ႏိုင္ငံေတာ္၏ရေငြပိုင္းအေျခအေနအရ၊ ၿခိဳးၿခံေခြၽတာ ေရးအရ ၂၀၂၂ ခုႏွစ္ ဧၿပီလမွစ၍ ေလွ်ာ့ခ် သုံးစြဲၾကမည္ဟုနစကဒုတိယဥကၠ႒ကေျပာသည္။

လက္ရွိတြင္ႏိုင္ငံတစ္ဝွမ္း စက္သုံးဆီေစ်းႏႈန္းမ်ားမႀကဳံစဖူး ျမင့္တက္ေန၍ အခက္ေတြ႕ေနၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here