တရားမဝင်ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသား ၈ ဦးနှင့်အတူ ပို့ဆောင်ပေးသည့်ထိုင်းလူမျိုး ၂ ဦးအားဖမ်းမိ

0
207

တရားမဝင်ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသား ၈ ဦးနှင့်အတူ ပို့ဆောင်ပေးသည့်ထိုင်းလူမျိုး ၂ ဦးအားဖမ်းမိ

ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ သွား ရောက်အလုပ်လုပ်ကိုင်မည့် တရားမဝင်မြန်မာနိုင် ငံသား ၈ ဦးအား ထိုင်းပူးပေါင်းစစ်ဆေးရေးအဖွဲ့က မတ် ၃ ရက်ညပိုင်းတွင် ပို့ဆောင်ပေးသည့် ထိုင်းနိုင်ငံသား ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

စွန်ခရာခရိုင်၊စဒေါင်မြို့၏ တာဝန်ရှိသူများက တရားမဝင်မြန်မာနိုင်ငံသားများအား တင်ဆောင်လာသည့်ကားအား စဒေါင်မြို့၊စမ်နတ်ခမ်ကျေး ရွာအနီးရှိ ထိုင်း-မလေးသွားကားလမ်း၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများအနက် မြန်မာနိုင်ငံသားများအား တရားမဝင်ပို့ဆောင်ပေးသည့် စွန်ခရာခရိုင်နေ ထိုင်းနိုင်ငံသားနှစ်ဦးအားစစ်ဆေးရာ ထိုင်းအမျိုးသားထံမှစိတ်ကြွဆေးပြားများထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံသားများအားစစ်ဆေးရာ မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံမှတဆင့် ထိုင်းနိုင်ငံ၊ကန်ချနဘူရီခရိုင်သို့ တရားမဝင်နယ်စပ်လမ်းကြောင်းမှတဆင့်ဝင်ရောက်လာခြင်းဖြစ်ပြီး မလေးရှားနိုင်ငံသို့ဆက် လက်ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများအား ကိုဗစ်(၁၉)ရောဂါပိုးရှိ၊မရှိ စစ်ဆေး၍ ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် စဒေါင်မြို့ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

Zaw Gyi

တရားမဝင္ဝင္ေရာက္လာသည့္ ျမန္မာ ႏိုင္ငံသား ၈ ဦးႏွင့္အတူ ပို႔ေဆာင္ေပးသည့္ထိုင္းလူမ်ိဳး ၂ ဦးအားဖမ္းမိ

ထိုင္းႏိုင္ငံမွတဆင့္ မေလးရွားႏိုင္ငံသို႔ သြား ေရာက္အလုပ္လုပ္ကိုင္မည့္ တရားမဝင္ျမန္မာႏိုင္ ငံသား ၈ ဦးအား ထိုင္းပူးေပါင္းစစ္ေဆးေရးအဖြဲ႕က မတ္ ၃ ရက္ညပိုင္းတြင္ ပို႔ေဆာင္ေပးသည့္ ထိုင္းႏိုင္ငံသား ၂ ဦးႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

စြန္ခရာခ႐ိုင္၊စေဒါင္ၿမိဳ႕၏ တာဝန္ရွိသူမ်ားက တရားမဝင္ျမန္မာႏိုင္ငံသားမ်ားအား တင္ေဆာင္လာသည့္ကားအား စေဒါင္ၿမိဳ႕၊စမ္နတ္ခမ္ေက်း ႐ြာအနီးရွိ ထိုင္း-မေလးသြားကားလမ္း၌ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

ဖမ္းဆီးရမိသူမ်ားအနက္ ျမန္မာႏိုင္ငံသားမ်ားအား တရားမဝင္ပို႔ေဆာင္ေပးသည့္ စြန္ခရာခ႐ိုင္ေန ထိုင္းႏိုင္ငံသားႏွစ္ဦးအားစစ္ေဆးရာ ထိုင္းအမ်ိဳးသားထံမွစိတ္ႂကြေဆးျပားမ်ားထပ္မံဖမ္းဆီးရမိခဲ့သည္။

ထို႔ျပင္ ျမန္မာႏိုင္ငံသားမ်ားအားစစ္ေဆးရာ မေလးရွားႏိုင္ငံသို႔ သြားေရာက္အလုပ္လုပ္ကိုင္ရန္ ျမန္မာႏိုင္ငံမွတဆင့္ ထိုင္းႏိုင္ငံ၊ကန္ခ်နဘူရီခ႐ိုင္သို႔ တရားမဝင္နယ္စပ္လမ္းေၾကာင္းမွတဆင့္ဝင္ေရာက္လာျခင္းျဖစ္ၿပီး မေလးရွားႏိုင္ငံသို႔ဆက္ လက္ထြက္ခြာလာျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသူမ်ားအား ကိုဗစ္(၁၉)ေရာဂါပိုးရွိ၊မရွိ စစ္ေဆး၍ ထိုင္းႏိုင္ငံဥပေဒအရအေရးယူရန္ စေဒါင္ၿမိဳ႕ရဲစခန္းသို႔ ပို႔ေဆာင္ခဲ့သည္ဟု သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here