ဘုတလင်မြို့နယ်တွင် လူနာတင်ကားတစ်စီးမိုင်းထိ၍ ကားမောင်းသူသေဆုံး

0
173

ဘုတလင်မြို့နယ်တွင် လူနာတင်ကားတစ်စီးမိုင်းထိ၍ ကားမောင်းသူသေဆုံး

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်၊ကံသစ်ကျေးရွာအနီးတွင် မတ် ၆ ရက်(ယနေ့)နံနက် ၁၁ နာရီခန့်က လူနာတင်ကားတစ်စီးမိုင်းထိ၍ ကားမောင်းသူ သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)မှသိရသည်။

ဘုတလင်မြို့နယ်ရှိ ဘုတလင်-မုံရွာသွားကားလမ်း၏ ကံသစ်ကျေးရွာအထွက်၌ မိုင်းထိခဲ့ခြင်းဖြစ်ကာ လူနာပို့ပြီးအပြန်၌ဖြစ်ပွားခဲ့ခြင်းဖြစ် သည်ဟု သိရသည်။

“တခြားအသင်းက လူနာတင်ကားမိုင်းထိတာပါ လူနာပို့ပြီးအပြန်မှာဖြစ်တာ ကားပေါ်မှာ မောင်းတဲ့သူနဲ့နောက်တစ်ယောက် ၂ ယောက်ပါတယ် မောင်းတဲ့လူကတော့သေသွားပါပြီ နောက်တစ်ယောက်ကတော့ဘာမှမဖြစ်ပါဘူး”ဟုမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)၏ ဥက္ကဋ္ဌဦးစိန်ကိုကိုကပြောသည်။

လူနာတင်ကားသည် မိုင်းထိသည့်နေရာမှ အနည်း ငယ်ကွာဝေးသည့်နေရာ ကားလမ်းအလယ်၌ရပ်တန့်သွားခဲ့ပြီး ကား၏ရှေ့လေကာမှန်ကွဲ၊ကားညာဘက်အခြမ်းမှာပျက်စီးသွားခဲ့သည်ဟု သိရသည်။

“မိုင်းထိတဲ့နေရာကနေ ရသလောက်တော့မောင်းလာပြီး မတတ်နိုင်တဲ့အဆုံးလမ်းလယ်မှာရပ်သွားတာပေါ့ အခုတော့ မုံရွာဆေးရုံကြီးမှာပဲ ဆုံးသွားပြီဖြစ်လို့ ရင်ခွဲရုံကို ပို့နေပါတယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)၏ ဥက္ကဋ္ဌဦးစိန်ကိုကိုကပြောသည်။

အခင်းဖြစ်စဥ်တွင် လူနာတင်ကားမောင်းသူမှာ ထိ ခိုက်ဒဏ်ရာများရရှိနေသည့်သတင်းအရ မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)မှ ကယ်ဆယ်ရေးကားတစ်စီးဖြင့်ထွက်ခွာ၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။

Zaw Gyi

ဘုတလင္ၿမိဳ႕နယ္တြင္ လူနာတင္ကားတစ္စီးမိုင္းထိ၍ ကားေမာင္းသူေသဆုံး

စစ္ကိုင္းတိုင္း၊ဘုတလင္ၿမိဳ႕နယ္၊ကံသစ္ေက်း႐ြာအနီးတြင္ မတ္ ၆ ရက္(ယေန႔)နံနက္ ၁၁ နာရီခန္႔က လူနာတင္ကားတစ္စီးမိုင္းထိ၍ ကားေမာင္းသူ ေသဆုံးခဲ့သည္ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(မုံ႐ြာ)မွသိရသည္။

ဘုတလင္ၿမိဳ႕နယ္ရွိ ဘုတလင္-မုံ႐ြာသြားကားလမ္း၏ ကံသစ္ေက်း႐ြာအထြက္၌ မိုင္းထိခဲ့ျခင္းျဖစ္ကာ လူနာပို႔ၿပီးအျပန္၌ျဖစ္ပြားခဲ့ျခင္းျဖစ္ သည္ဟု သိရသည္။

“တျခားအသင္းက လူနာတင္ကားမိုင္းထိတာပါ လူနာပို႔ၿပီးအျပန္မွာျဖစ္တာ ကားေပၚမွာ ေမာင္းတဲ့သူနဲ႔ေနာက္တစ္ေယာက္ ၂ ေယာက္ပါတယ္ ေမာင္းတဲ့လူကေတာ့ေသသြားပါၿပီ ေနာက္တစ္ေယာက္ကေတာ့ဘာမွမျဖစ္ပါဘူး”ဟုျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(မုံ႐ြာ)၏ ဥကၠ႒ဦးစိန္ကိုကိုကေျပာသည္။

လူနာတင္ကားသည္ မိုင္းထိသည့္ေနရာမွ အနည္း ငယ္ကြာေဝးသည့္ေနရာ ကားလမ္းအလယ္၌ရပ္တန္႔သြားခဲ့ၿပီး ကား၏ေရွ႕ေလကာမွန္ကြဲ၊ကားညာဘက္အျခမ္းမွာပ်က္စီးသြားခဲ့သည္ဟု သိရသည္။

“မိုင္းထိတဲ့ေနရာကေန ရသေလာက္ေတာ့ေမာင္းလာၿပီး မတတ္ႏိုင္တဲ့အဆုံးလမ္းလယ္မွာရပ္သြားတာေပါ့ အခုေတာ့ မုံ႐ြာေဆး႐ုံႀကီးမွာပဲ ဆုံးသြားၿပီျဖစ္လို႔ ရင္ခြဲ႐ုံကို ပို႔ေနပါတယ္”ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(မုံ႐ြာ)၏ ဥကၠ႒ဦးစိန္ကိုကိုကေျပာသည္။

အခင္းျဖစ္စဥ္တြင္ လူနာတင္ကားေမာင္းသူမွာ ထိ ခိုက္ဒဏ္ရာမ်ားရရွိေနသည့္သတင္းအရ ျမန္မာ ႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(မုံ႐ြာ)မွ ကယ္ဆယ္ေရးကားတစ္စီးျဖင့္ထြက္ခြာ၍ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here