ချမ်းအေးသာစံမြို့နယ် ထွေအုပ်ရုံးအနီး ပေါက်ကွဲမှုတစ်ခုဖြစ်ပွား

0
252

ချမ်းအေးသာစံမြို့နယ် ထွေအုပ်ရုံးအနီး ပေါက်ကွဲမှုတစ်ခုဖြစ်ပွား


မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ဟေမာဇလရပ်ကွက်၊၂၈လမ်း၊၇၆လမ်းနှင့်၇၇လမ်းကြားရှိ ချမ်းအေးသာစံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအ နီးတွင် မတ်လ၆ရက် မွန်းလွဲ၁၂နာရီ၅မိနစ်ခန့်က အ သံမိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ သိရသည်။

“အသံကတော့ တော်တော်ကျယ်ပါတယ်။ဘာတွေဖြစ်လည်းဆိုတာတော့ မသိပါဘူး။မြို့နယ်ထွေအုပ်ရုံးနားမှာဖြစ်တာဆိုတော့ သွားမကြည့်ရဲပါဘူး´´ဟု ဒေသခံတစ်ဦးကပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်တွင် အဆောက်အဦး၊ပစ္စည်းနှင့်လူ ထိခိုက်ဒဏ်ရာမှု တစ်စုံတစ်ရာမရှိခဲ့ဘဲ အဆိုပါအသံမိုင်းသည် ချမ်းအေးသာစံထွေအုပ်ရုံးအရှေ့ဘက်ကပ်လျက်ရှိသည့် နေအိမ်ရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ထွေအုပ်ရုံးနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

ချမ်းအေးသာစံမြို့နယ် ပြီးခဲ့သည့် မတ်လ၃ရက်ကလည်း ကြယ်လေးပွင့်အဆင့် Hilton Hotel အနီးတွက် လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလတို့တွင် ရပ်ကွက်ရုံး၊ဘဏ်နှင့်လက်ကားအရောင်းဆိုင်တို့အနီးတွင် ပေါက်ကွဲမှု သုံးကြိမ်ထက်မနည်းဖြစ်ပွားခဲ့သေးသည်။

Zaw Gyi

ခ်မ္ေအးသာစံၿမိဳ႕နယ္ ေထြအုပ္႐ုံးအနီး ေပါက္ကြဲမႈတစ္ခုျဖစ္ပြား

မႏၲေလးၿမိဳ႕၊ခ်မ္းေအးသာစံၿမိဳ႕နယ္၊ေဟမာဇလရပ္ကြက္၊၂၈လမ္း၊၇၆လမ္းႏွင့္၇၇လမ္းၾကားရွိ ခ်မ္းေအးသာစံၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန႐ုံးအ နီးတြင္ မတ္လ၆ရက္ မြန္းလြဲ၁၂နာရီ၅မိနစ္ခန္႔က အ သံမိုင္းေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕အသိုင္းအဝိုင္းမွ သိရသည္။

“အသံကေတာ့ ေတာ္ေတာ္က်ယ္ပါတယ္။ဘာေတြျဖစ္လည္းဆိုတာေတာ့ မသိပါဘူး။ၿမိဳ႕နယ္ေထြအုပ္႐ုံးနားမွာျဖစ္တာဆိုေတာ့ သြားမၾကည့္ရဲပါဘူး´´ဟု ေဒသခံတစ္ဦးကေျပာသည္။

ေပါက္ကြဲမႈျဖစ္စဥ္တြင္ အေဆာက္အဦး၊ပစၥည္းႏွင့္လူ ထိခိုက္ဒဏ္ရာမႈ တစ္စုံတစ္ရာမရွိခဲ့ဘဲ အဆိုပါအသံမိုင္းသည္ ခ်မ္းေအးသာစံေထြအုပ္႐ုံးအေရွ႕ဘက္ကပ္လ်က္ရွိသည့္ ေနအိမ္ေရွ႕တြင္ က်ေရာက္ေပါက္ကြဲခဲ့ျခင္းျဖစ္ေၾကာင္း ေထြအုပ္႐ုံးႏွင့္နီးစပ္သူတစ္ဦးထံမွ သိရသည္။

ခ်မ္းေအးသာစံၿမိဳ႕နယ္ ၿပီးခဲ့သည့္ မတ္လ၃ရက္ကလည္း ၾကယ္ေလးပြင့္အဆင့္ Hilton Hotel အနီးတြက္ လက္လုပ္ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ဇန္နဝါရီလႏွင့္ေဖေဖာ္ဝါရီလတို႔တြင္ ရပ္ကြက္႐ုံး၊ဘဏ္ႏွင့္လက္ကားအေရာင္းဆိုင္တို႔အနီးတြင္ ေပါက္ကြဲမႈ သုံးႀကိမ္ထက္မနည္းျဖစ္ပြားခဲ့ေသးသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here